စတမ်းဖိုဒ့်ဘရစ်မှာ ရင်ဆိုင်ကစားတဲ့ လီဗာပူးနဲ့ ချယ်ဆီးပွဲမှာတော့ လီဗာပူးက ၂-၀ နဲ့ အနိုင်ယူပြီး ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်ကို ရယူသွားခဲ့ပါတယ်။

ပွဲနေ့ လူစာရင်းအဖြစ်တော့ လီဗာပူးအသင်းဟာ ခံစစ်မှာ ဗန်ဒိုက်နဲ့ ဖာဘင်ညိုကို တွဲပေးခဲ့ကာ ကွင်းလယ်ကတော့ အကောင်းဆုံး တွဲဘက်လို့ ဆိုနိုင်တဲ့ ဟန်ဒို ဂီနီနဲ့ ကိတ်တာတို့ဖြစ်ပြီး ထရန့် ရိုဘို အစွန်တွဲဘက်နဲ့ အဓိက တိုက်စစ်သုံးယောက်တန်းကို ထုတ်သုံးပါတယ်။

ဂိုးမက်စ် ဒီတစ်ပွဲစာအတွက်ပဲ မပါနိုင်ခြင်းဖြစ်ကာ မာတစ်ကတော့ ရက်အနည်းငယ် အနားယူရဦးမှာဖြစ်တယ်။ ကစားသမားသစ်တွေဖြစ်တဲ့ ကိုစတက်နဲ့ သီယာဂိုတို့ကို အရန်စာရင်းမှာ ထည့်လာခဲ့ပြီး ဂျိုတာကတော့ လီဗာပူးကစားသမားအဖြစ် မှတ်ပုံတင်ခြင်းတွေ မပြီးသေးတာကြောင့် မပါခဲ့ဘဲ ကြားရက် ကာရာဘောင်းပွဲမှာ ပါဝင်သွားမယ် မျှော်လင့်ရတယ်။

ပထမပိုင်းမှာတော့ နှစ်သင်းလုံး အပြန်အလှန် ကစားမှုတွေရှိပေမယ့် အခွင့်အရေး ခပ်များများ မရကြဘဲ ဂိုးမရှိ ရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု ပိုများခဲ့ကာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တာက မြင်သာခဲ့တယ်။ ချယ်ဆီးဘက်ကတော့ ဘောလုံးပိုင်ဆိုင်မှုထက် ကောင်တာတိုက်စစ်ကိုပဲ အဓိက ဦးတည် ကစားခဲ့ပါတယ်။

လီဗာပူးဘက်က တိုက်စစ်ကို ညာတောင်ပံကို အားပြုတဲ့ ပုံစံ ထွက်လာခဲ့ပြီး ညာခြမ်းမှာတော့ ဖာဘင်ညိုက ဗန်ဒိုက်ထက် တစ်လိုင်းနောက်ဆုတ်ထားတဲ့ အနေအထားဖြစ်ကာ ညာခြမ်းမှာ နေရာလွတ်ကို ခပ်ကျယ်ကျယ်ထားတဲ့ ပုံစံဖြင့် ကစားခဲ့တယ်။ ဘယ်ခြမ်းမှာတော့ နေရာလွတ်တွေကို ကျဉ်းထားပြီး ဂျိမ်းတို့ရဲ့ မြန်နှုန်းမြင့် ထိုးဖောက်မှုကို ကာကွယ်ဖို့ ပြင်ဆင်ထားခဲ့တယ်။

ပထမပိုင်းမှာ ချီးကျူးလောက်တဲ့ ကစားသမားက ဖာဘင်ညိုဖြစ်ပြီး တိုးအားကောင်းတဲ့ ဗာနာကို အတော်လေး ထိန်းထားနိုင်ပါတယ်။ ဒါတောင် ဗာနာဟာ အခွင့်အရေး နှစ်ကြိမ်လောက် ရခဲ့ကာ တစ်ကြိမ်ကတော့ ဘောလုံးပေးတဲ့ ဟာဗက် လူကျွံနေခဲ့တာဖြစ်တယ်။ လီဗာပူးရဲ့ ကစားကွက်ကို အဓိက ဒုက္ခပေးနေသူက ဂျော်ဂျင်ဟိုဖြစ်တယ်။ ဒါကြောင့်လည်း လီဗာပူးက ဂျော်ဂျင်ဟိုကို ဖိအားပေးထားဖို့ ကြိုးစားနေတယ်။

ပထမပိုင်း ပြီးခါနီးမှာတော့ မာနေး ကောင်တာကို လွတ်လွတ်ကျွတ်ကျွတ် ဖောက်တဲ့ အနေအထားမှာ ခရစ္စတန်ဆန် အနောက်က ဆွဲဘက်ပြီး လဲခဲ့တာကြောင့် တိုက်ရိုက် အနီ ပေးခံရပါတယ်။ အစောကတည်းက ငြင်းဖို့မလိုတဲ့ တိုက်ရိုက် အနီဖြစ်သင့်ပေမယ့် ကွင်းလယ်ဒိုင်က အဝါကဒ်ပဲ ပေးခဲ့ပြီး VAR ပြန်အကြည့်မှာတော့ တိုက်ရိုက် အနီအဖြစ် ဆုံးဖြတ်ခဲ့တာပါ။

ချယ်ဆီးဘက်က တစ်ယောက်လျှော့သွားတာကြောင့် ဒုတိယပိုင်းမှာ လီဗာပူးဘက်က တင်ကစားလာမယ် ယူဆခဲ့ရတယ်။ မထင်မှတ်ထားတာက ဟန်ဒို ဒဏ်ရာရသွားလို့ သီယာဂိုကို ဒုတိယပိုင်း အစမှာတင် လူစားလဲခဲ့ပါတယ်။ ပွဲစပြီး မကြာခင်မှာပဲ ဆာလက်၊ ဖာမင်နို၊ မာနေးတို့ရဲ့ တွဲလုံးကနေ မာနေးက ခေါင်းတိုက်ပြီး အဆုံးသတ်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ ကီပါရဲ့ အမှားကနေ မာနေးက ဒုတိယ ဦးဆောင်ဂိုး ရယူသွားပြန်ပါတယ်။

သီယာဂိုက ဘောလုံးပေးတာကောင်းခဲ့သလို ဒီပွဲမှာတော့ မာနေးကလည်း တိုက်စစ်မှာ အမြဲတမ်း အသင့်အနေအထား ဖြစ်နေခဲ့တာပါ။ ဦးဆောင်ဂိုးတွေ ရတဲ့နောက် လီဗာပူးက ပွဲကို လုံးဝ စီးသွားခဲ့ပြီး အပြည့်အဝ ထိန်းချုပ်ခဲ့တယ်။ ဒီနေရာမှာ စကားပြောခဲ့တာက ကိတ်တာနေရာ မီလ်နာ လူစားဝင်လာတဲ့နောက် မြင်ရတဲ့ သမ္ဘာပိုင်းဖြစ်ပြီး လီဗာပူးဘက်က ပွဲကို တင်ကစားရမယ့် အချိန်မှာ အပြည့်အဝ တင်ထားသလောက် ချယ်ဆီးဘက်က လူငယ် ခံစစ်သမားတွေ စိတ်ဓါတ် ထိုးကျနေခဲ့တာက သိသာလွန်းခဲ့တယ်။

ဒါပေမယ့် လီဗာပူးဘက်က ကစားအား ချလာချိန်မှာ ချယ်ဆီးက ပြန်လည် ထိုးဖောက်လာခဲ့တယ်။ ဗာနာ ဧရိယာထဲမှာ ဘောလုံး ရထားစဉ် သီယာဂို ဖြတ်ပြေးရာက ပင်နယ်တီ ပေးခဲ့ရပါတယ်။ ချယ်ဆီးရဲ့ ပင်နယ်တီကို ဂျော်ဂျင်ဟို ကန်သွင်းရာမှာ ဂိုးသမား အယ်လီဆန် အကောင်းဆုံး ပုပ်ထုတ်နိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာလည်း ဖာဘင်ညိုရဲ့ ဘောလုံး ရှင်းထုတ်မှုတွေက အတော်လေး ကောင်းခဲ့တာကို မြင်ခဲ့ရပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ဟာ ဖာဘင်ညို၊ ကိတ်တာတို့ကို သူ့ရဲ့ ကစားကွက်မှာ အံဝင်ဖို့ လအတန်ကြာ အချိန်ပေးခဲ့ရတယ်။ သူတို့ လေ့ကျင့်ရေး သင်ယူခဲ့ရတယ်။ သီယာဂိုကတော့ လေ့ကျင့်ချိန် တစ်ချိန်ပဲ ကစားခဲ့ရပေမယ့် ပြည့်စုံလုနီးနီး တွဲဘက်ကစားနိုင်ခဲ့တာကိုလည်း မြင်ကြရပါလိမ့်မယ်။ စပိန်သားဟာ နည်းစနစ်ပိုင်း ထူးချွန်လွန်းတာကတော့ မြင်သာလှပါတယ်။

ပွဲပြီးခါနီး ၅ မိနစ်အလိုမှာ ဘော်ဘီအစား မီနာမီနို ဝင်ကစားခဲ့တယ်။ လီဗာပူးကပဲ ပွဲကို ဆက်လက် လွှမ်းမိုးကစားခဲ့ပြီး ရံဖန်ရံခါ ထိုးဖောက်တာကလွဲလို့ ဘောလုံးပေးခြင်းဖြင့် လမ်းကြောင်းရှာခြင်း ဖြတ်တင်ခြင်းတွေကို ပြုလုပ်ခြင်းနဲ့ပဲ ဆက်လက် ယှဉ်ပြိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ဆာလက်ရဲ့ ဖန်တီးပေးမှုတွေကိုလည်း မြင်ခဲ့ရပြီး သူလုပ်ပေးတဲ့ အခွင့်အရေးကို အသင်းဖော်တွေ အဆုံးမသတ်နိုင်ခြင်းကြောင့် သွင်းဂိုး ဆက်မရဘဲ ၂-၀ နဲ့ ပွဲပြီးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

စတမ္းဖိုဒ့္ဘရစ္မွာ ရင္ဆိုင္ကစားတဲ့ လီဗာပူးနဲ႔ ခ်ယ္ဆီးပြဲမွာေတာ့ လီဗာပူးက ၂-၀ နဲ႔ အႏုိင္ယူျပီး ၂ ပြဲကစား ၂ ပြဲႏုိင္ ရမွတ္ ၆ မွတ္ကို ရယူသြားခဲ့ပါတယ္။

ပြဲေန႔ လူစာရင္းအျဖစ္ေတာ့ လီဗာပူးအသင္းဟာ ခံစစ္မွာ ဗန္ဒိုက္နဲ႔ ဖာဘင္ညိဳကို တြဲေပးခဲ့ကာ ကြင္းလယ္ကေတာ့ အေကာင္းဆုံး တြဲဘက္လို႔ ဆိုႏိုင္တဲ့ ဟန္ဒို ဂီနီနဲ႔ ကိတ္တာတို႔ျဖစ္ၿပီး ထရန္႔ ႐ိုဘို အစြန္တြဲဘက္နဲ႔ အဓိက တိုက္စစ္သုံးေယာက္တန္းကို ထုတ္သုံးပါတယ္။

ဂိုးမက္စ္ ဒီတစ္ပြဲစာအတြက္ပဲ မပါႏုိင္ျခင္းျဖစ္ကာ မာတစ္ကေတာ့ ရက္အနည္းငယ္ အနားယူရဦးမွာျဖစ္တယ္။ ကစားသမားသစ္ေတြျဖစ္တဲ့ ကိုစတက္နဲ႔ သီယာဂိုတို႔ကို အရန္စာရင္းမွာ ထည့္လာခဲ့ျပီး ဂ်ိဳတာကေတာ့ လီဗာပူးကစားသမားအျဖစ္ မွတ္ပံုတင္ျခင္းေတြ မျပီးေသးတာေၾကာင့္ မပါခဲ့ဘဲ ၾကားရက္ ကာရာေဘာင္းပြဲမွာ ပါဝင္သြားမယ္ ေမွ်ာ္လင့္ရတယ္။

ပထမပိုင္းမွာေတာ့ ႏွစ္သင္းလုံး အျပန္အလွန္ ကစားမႈေတြရွိေပမယ့္ အခြင့္အေရး ခပ္မ်ားမ်ား မရၾကဘဲ ဂိုးမရွိ ရလဒ္ပဲ ထြက္ေပၚခဲ့ပါတယ္။ လီဗာပူးက ေဘာလံုးပိုင္ဆိုင္မႈ ပိုမ်ားခဲ့ကာ ပိုေကာင္းတဲ့အသင္း ျဖစ္ခဲ့တာက ျမင္သာခဲ့တယ္။ ခ်ယ္ဆီးဘက္ကေတာ့ ေဘာလံုးပိုင္ဆိုင္မႈထက္ ေကာင္တာတိုက္စစ္ကိုပဲ အဓိက ဦးတည္ ကစားခဲ့ပါတယ္။

လီဗာပူးဘက္က တိုက္စစ္ကို ညာေတာင္ပံကို အားျပဳတဲ့ ပံုစံ ထြက္လာခဲ့ျပီး ညာျခမ္းမွာေတာ့ ဖာဘင္ညိဳက ဗန္ဒိုက္ထက္ တစ္လိုင္းေနာက္ဆုတ္ထားတဲ့ အေနအထားျဖစ္ကာ ညာျခမ္းမွာ ေနရာလြတ္ကို ခပ္က်ယ္က်ယ္ထားတဲ့ ပံုစံျဖင့္ ကစားခဲ့တယ္။ ဘယ္ျခမ္းမွာေတာ့ ေနရာလြတ္ေတြကို က်ဥ္းထားျပီး ဂ်ိမ္းတို႔ရဲ႕ ျမန္ႏႈန္းျမင့္ ထိုးေဖာက္မႈကို ကာကြယ္ဖို႔ ျပင္ဆင္ထားခဲ့တယ္။

ပထမပိုင္းမွာ ခ်ီးက်ဴးေလာက္တဲ့ ကစားသမားက ဖာဘင္ညိဳျဖစ္ျပီး တိုးအားေကာင္းတဲ့ ဗာနာကို အေတာ္ေလး ထိန္းထားႏုိင္ပါတယ္။ ဒါေတာင္ ဗာနာဟာ အခြင့္အေရး ႏွစ္ၾကိမ္ေလာက္ ရခဲ့ကာ တစ္ၾကိမ္ကေတာ့ ေဘာလံုးေပးတဲ့ ဟာဗက္ လူကၽြံေနခဲ့တာျဖစ္တယ္။ လီဗာပူးရဲ႕ ကစားကြက္ကို အဓိက ဒုကၡေပးေနသူက ေဂ်ာ္ဂ်င္ဟိုျဖစ္တယ္။ ဒါေၾကာင့္လည္း လီဗာပူးက ေဂ်ာ္ဂ်င္ဟိုကို ဖိအားေပးထားဖို႔ ႀကိဳးစားေနတယ္။

ပထမပိုင္း ၿပီးခါနီးမွာေတာ့ မာေနး ေကာင္တာကို လြတ္လြတ္ကြၽတ္ကြၽတ္ ေဖာက္တဲ့ အေနအထားမွာ ခရစၥတန္ဆန္ အေနာက္က ဆြဲဘက္ၿပီး လဲခဲ့တာေၾကာင့္ တိုက္႐ိုက္ အနီ ေပးခံရပါတယ္။ အေစာကတည္းက ျငင္းဖို႔မလိုတဲ့ တိုက္႐ိုက္ အနီျဖစ္သင့္ေပမယ့္ ကြင္းလယ္ဒိုင္က အဝါကဒ္ပဲ ေပးခဲ့ၿပီး VAR ျပန္အၾကည့္မွာေတာ့ တိုက္႐ိုက္ အနီအျဖစ္ ဆုံးျဖတ္ခဲ့တာပါ။

ခ်ယ္ဆီးဘက္က တစ္ေယာက္ေလွ်ာ့သြားတာေၾကာင့္ ဒုတိယပိုင္းမွာ လီဗာပူးဘက္က တင္ကစားလာမယ္ ယူဆခဲ့ရတယ္။ မထင္မွတ္ထားတာက ဟန္ဒို ဒဏ္ရာရသြားလို႔ သီယာဂိုကို ဒုတိယပိုင္း အစမွာတင္ လူစားလဲခဲ့ပါတယ္။ ပြဲစျပီး မၾကာခင္မွာပဲ ဆာလက္၊ ဖာမင္ႏို၊ မာေနးတို႔ရဲ႕ တြဲလံုးကေန မာေနးက ေခါင္းတိုက္ျပီး အဆံုးသတ္ခဲ့တယ္။ သိပ္မၾကာခင္မွာပဲ ကီပါရဲ႕ အမွားကေန မာေနးက ဒုတိယ ဦးေဆာင္ဂိုး ရယူသြားျပန္ပါတယ္။

သီယာဂိုက ေဘာလံုးေပးတာေကာင္းခဲ့သလို ဒီပြဲမွာေတာ့ မာေနးကလည္း တိုက္စစ္မွာ အျမဲတမ္း အသင့္အေနအထား ျဖစ္ေနခဲ့တာပါ။ ဦးေဆာင္ဂိုးေတြ ရတဲ့ေနာက္ လီဗာပူးက ပြဲကို လံုးဝ စီးသြားခဲ့ျပီး အျပည့္အဝ ထိန္းခ်ဳပ္ခဲ့တယ္။ ဒီေနရာမွာ စကားေျပာခဲ့တာက ကိတ္တာေနရာ မီလ္နာ လူစားဝင္လာတဲ့ေနာက္ ျမင္ရတဲ့ သမၻာပိုင္းျဖစ္ျပီး လီဗာပူးဘက္က ပြဲကို တင္ကစားရမယ့္ အခ်ိန္မွာ အျပည့္အဝ တင္ထားသေလာက္ ခ်ယ္ဆီးဘက္က လူငယ္ ခံစစ္သမားေတြ စိတ္ဓါတ္ ထိုးက်ေနခဲ့တာက သိသာလြန္းခဲ့တယ္။

ဒါေပမယ့္ လီဗာပူးဘက္က ကစားအား ခ်လာခ်ိန္မွာ ခ်ယ္ဆီးက ျပန္လည္ ထိုးေဖာက္လာခဲ့တယ္။ ဗာနာ ဧရိယာထဲမွာ ေဘာလံုး ရထားစဥ္ သီယာဂို ျဖတ္ေျပးရာက ပင္နယ္တီ ေပးခဲ့ရပါတယ္။ ခ်ယ္ဆီးရဲ႕ ပင္နယ္တီကို ေဂ်ာ္ဂ်င္ဟို ကန္သြင္းရာမွာ ဂိုးသမား အယ္လီဆန္ အေကာင္းဆံုး ပုပ္ထုတ္ႏုိင္ခဲ့တယ္။ ဒုတိယပိုင္းမွာလည္း ဖာဘင္ညိဳရဲ႕ ေဘာလံုး ရွင္းထုတ္မႈေတြက အေတာ္ေလး ေကာင္းခဲ့တာကို ျမင္ခဲ့ရပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ဖာဘင္ညိဳ၊ ကိတ္တာတို႔ကို သူ႔ရဲ႕ ကစားကြက္မွာ အံဝင္ဖို႔ လအတန္ၾကာ အခ်ိန္ေပးခဲ့ရတယ္။ သူတို႔ ေလ့က်င့္ေရး သင္ယူခဲ့ရတယ္။ သီယာဂိုကေတာ့ ေလ့က်င့္ခ်ိန္ တစ္ခ်ိန္ပဲ ကစားခဲ့ရေပမယ့္ ျပည့္စံုလုနီးနီး တြဲဘက္ကစားႏုိင္ခဲ့တာကိုလည္း ျမင္ၾကရပါလိမ့္မယ္။ စပိန္သားဟာ နည္းစနစ္ပိုင္း ထူးခၽြန္လြန္းတာကေတာ့ ျမင္သာလွပါတယ္။

ပြဲျပီးခါနီး ၅ မိနစ္အလိုမွာ ေဘာ္ဘီအစား မီနာမီႏို ဝင္ကစားခဲ့တယ္။ လီဗာပူးကပဲ ပြဲကို ဆက္လက္ လႊမ္းမိုးကစားခဲ့ျပီး ရံဖန္ရံခါ ထိုးေဖာက္တာကလြဲလို႔ ေဘာလံုးေပးျခင္းျဖင့္ လမ္းေၾကာင္းရွာျခင္း ျဖတ္တင္ျခင္းေတြကို ျပဳလုပ္ျခင္းနဲ႔ပဲ ဆက္လက္ ယွဥ္ျပိဳင္ခဲ့တယ္။ ဒုတိယပိုင္းမွာေတာ့ ဆာလက္ရဲ႕ ဖန္တီးေပးမႈေတြကိုလည္း ျမင္ခဲ့ရျပီး သူလုပ္ေပးတဲ့ အခြင့္အေရးကို အသင္းေဖာ္ေတြ အဆံုးမသတ္ႏုိင္ျခင္းေၾကာင့္ သြင္းဂိုး ဆက္မရဘဲ ၂-၀ နဲ႔ ပြဲျပီးခဲ့တာ ျဖစ္ပါတယ္။