ချယ်ဆီးနဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးကို ထူးထူးချွန်ချွန် သွင်းယူခဲ့ကာ စကိုင်းစပေါ့ကပေးတဲ့ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ မာနေးက သွင်းဂိုးတွေနဲ့ ပက်သက်ပြီး ထုတ်ပြောခဲ့ပါတယ်။

မာနေးဟာ ချယ်ဆီးနဲ့ပွဲမှာ အဓိက ဖြစ်ရပ်တွေကို ပါဝင်သွားခဲ့သူဖြစ်တယ်။ ချယ်ဆီး ခံစစ်မှူး ခရစ္စတန်ဆန်က မာနေးကို ပြစ်ဒဏ်ကျူးလွန်ခြင်းကြောင့် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရသလို သွင်းဂိုး ၂ ဂိုးလုံးကိုလည်း ဆီနီဂေါသားက သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။

ပွဲအပြီး စကိုင်းစပေါ့ကနေ မာနေး ပြောရာမှာ ” ခက်ခဲတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ သူတို့ဘက်က အနီကဒ် ရသွားချိန်မှာတော့ ပွဲကပိုလွယ်သွားခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ကျနေ်ာတို့ အခွင့်အရေးတွေ ပိုရလာခဲ့ပြီး သွင်းဂိုး နှစ်ဂိုး သွင်းနိုင်ခဲ့သလို ထိုက်တန်တဲ့ နိုင်ပွဲကို ရရှိခဲ့ပါတယ်။

ဂျော်ဒန်က သိပ်ကောင်းတဲ့ ပေးပို့မှုကို လုပ်ပေးခဲ့တာပါ။ ပေးမှုတွေကို အဆုံးချနိုင်ဖို့ ကျနော် ကြိုးစားခဲ့တယ်။ ပေးပို့မှုအတွက် ပြေးထွက်ဖို့ ကြိုးစားခဲ့ပြီး သူက (ခရစ္စတန်ဆန်) ကျနော်ကို ပြစ်ဒဏ်ဘော လုပ်ခဲ့တယ်။ ဒါက အနီကဒ်ဖြစ်မယ်ဆိုတာ ကျနော် သိပါတယ်။

ဒုတိယဂိုးကတော့ သူ (ကီပါ) ဘောလုံးရသွားချိန်မှာ သူ့အနေနဲ့ ရွေးချယ်မှုတွေ လုပ်ဖို့ ခက်ခဲမယ်ဆိုတာကို ကျနော် သိခဲ့ပါတယ်။ သူ့အတွက်ကတော့ အမှားတစ်ခုကို လုပ်ခဲ့မိတာပေါ့။ အသင်းအတွက်တော့ ကျနော် ဒုတိယဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒီလို အနေအထားမျိုးက လေ့ကျင့်ရေးမှာ ကျနေ်ာတို့ အမြဲတမ်း ကြိုးစားလေ့ကျင့်နေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကစားသမားသစ် သီယာဂိုရဲ့ ပွဲဦးထွက် ကစားမှုနဲ့ ပက်သက်လို့လည်း မာနေးက ” ကျနော်တင် မဟုတ်ပါဘူးဗျာ တကမ္ဘာလုံးလည်း သိကြပါတယ်။ သီယာဂိုက သိပ်ကိုကောင်းတဲ့ ကစားသမားပါ။ သူ့လို ကစားသမားကို အသင်းအတွက် ရလိုက်တာ ကျနေ်ာတို့ သိပ်ကံကောင်းပါတယ်။ သူက ကစားသမားကောင်းပါ ” လို့ ထုတ်ဖော် ချီးကျုးခဲ့ပါသေးတယ်။

ZAWGYI

ခ်ယ္ဆီးနဲ႔ပြဲမွာ သြင္းဂိုး ၂ ဂိုးကို ထူးထူးခၽြန္ခၽြန္ သြင္းယူခဲ့ကာ စကိုင္းစေပါ့ကေပးတဲ့ ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ရခဲ့တဲ့ မာေနးက သြင္းဂိုးေတြနဲ႔ ပက္သက္ျပီး ထုတ္ေျပာခဲ့ပါတယ္။

မာေနးဟာ ခ်ယ္ဆီးနဲ႔ပြဲမွာ အဓိက ျဖစ္ရပ္ေတြကို ပါဝင္သြားခဲ့သူျဖစ္တယ္။ ခ်ယ္ဆီး ခံစစ္မွဴး ခရစၥတန္ဆန္က မာေနးကို ျပစ္ဒဏ္က်ဴးလြန္ျခင္းေၾကာင့္ အနီကဒ္နဲ႔ ထုတ္ပယ္ခံခဲ့ရသလို သြင္းဂိုး ၂ ဂိုးလံုးကိုလည္း ဆီနီေဂါသားက သြင္းယူခဲ့ျခင္း ျဖစ္ပါတယ္။

ပြဲအျပီး စကိုင္းစေပါ့ကေန မာေနး ေျပာရာမွာ ” ခက္ခဲတဲ့ပြဲ ျဖစ္ခဲ့ပါတယ္။ အထူးသျဖင့္ ပထမပိုင္းမွာေပါ့။ သူတို႔ဘက္က အနီကဒ္ ရသြားခ်ိန္မွာေတာ့ ပြဲကပိုလြယ္သြားခဲ့တယ္။ ဒုတိယပိုင္းမွာေတာ့ က်ေန္ာတို႔ အခြင့္အေရးေတြ ပိုရလာခဲ့ျပီး သြင္းဂိုး ႏွစ္ဂိုး သြင္းႏုိင္ခဲ့သလို ထိုက္တန္တဲ့ ႏုိင္ပြဲကို ရရွိခဲ့ပါတယ္။

ေဂ်ာ္ဒန္က သိပ္ေကာင္းတဲ့ ေပးပို႔မႈကို လုပ္ေပးခဲ့တာပါ။ ေပးမႈေတြကို အဆံုးခ်ႏုိင္ဖို႔ က်ေနာ္ ၾကိဳးစားခဲ့တယ္။ ေပးပို႔မႈအတြက္ ေျပးထြက္ဖို႔ ၾကိဳးစားခဲ့ျပီး သူက (ခရစၥတန္ဆန္) က်ေနာ္ကို ျပစ္ဒဏ္ေဘာ လုပ္ခဲ့တယ္။ ဒါက အနီကဒ္ျဖစ္မယ္ဆိုတာ က်ေနာ္ သိပါတယ္။

ဒုတိယဂိုးကေတာ့ သူ (ကီပါ) ေဘာလံုးရသြားခ်ိန္မွာ သူ႔အေနနဲ႔ ေရြးခ်ယ္မႈေတြ လုပ္ဖို႔ ခက္ခဲမယ္ဆိုတာကို က်ေနာ္ သိခဲ့ပါတယ္။ သူ႔အတြက္ကေတာ့ အမွားတစ္ခုကို လုပ္ခဲ့မိတာေပါ့။ အသင္းအတြက္ေတာ့ က်ေနာ္ ဒုတိယဂိုးကို ရယူေပးႏုိင္ခဲ့ပါတယ္။ ဒီလို အေနအထားမ်ိဳးက ေလ့က်င့္ေရးမွာ က်ေန္ာတို႔ အျမဲတမ္း ၾကိဳးစားေလ့က်င့္ေနတဲ့ ကိစၥပဲ ျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကစားသမားသစ္ သီယာဂိုရဲ႕ ပြဲဦးထြက္ ကစားမႈနဲ႔ ပက္သက္လို႔လည္း မာေနးက ” က်ေနာ္တင္ မဟုတ္ပါဘူးဗ်ာ တကမၻာလံုးလည္း သိၾကပါတယ္။ သီယာဂိုက သိပ္ကိုေကာင္းတဲ့ ကစားသမားပါ။ သူ႔လို ကစားသမားကို အသင္းအတြက္ ရလိုက္တာ က်ေန္ာတို႔ သိပ္ကံေကာင္းပါတယ္။ သူက ကစားသမားေကာင္းပါ ” လို႔ ထုတ္ေဖာ္ ခ်ီးက်ဳးခဲ့ပါေသးတယ္။