လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချယ်ဆီးနဲ့ပွဲက ခံစစ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ဖာဘင်ညိုနဲ့ တိုက်စစ်မှာ လခြေစွမ်းပြခဲ့တဲ့ မာနေးတို့အကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့တယ်။

ကလော့ပ်က ” စူပါ ပွဲတစ်ပွဲပါ။ နှစ်သင်းလုံးအတွက် ပွဲကောင်းလည်း ဖြစ်ခဲ့တယ်။ ဒီပွဲကို အတော်လေး သဘောကျပါတယ်။ ချယ်ဆီးက ထိပ်တန်းအသင်းပဲ။ ပထမပိုင်းမှာတော့ ကျနော်တို့ရဲ့ ကစားပုံကို ကျေနပ်မိတယ်။ ကောင်းမွန်တဲ့ အခြေအနေတွေမှာ လိုင်းတွေကို ကျော်ဖြတ်ပြီး ဘောလုံးပေးနိုင်ခဲ့ပေမယ့် ဂိုးတော့ မသွင်းနိုင်ခဲ့ဘူး။

အနီကဒ်ဖြစ်ပြီးတော့ ဒုတိယပိုင်းက ခြားနားသွားတယ်။ ဘောလုံးကို ကိုင်ကစားပြီး သွင်းဂိုးတွေ သွင်းနိုင်ခဲ့တယ်။ ပင်နယ်တီ ပေးရတယ်၊ အလီ ကာကွယ်ခဲ့တယ်။ အဲ့တာ ကောင်းပါတယ်။ လူတိုင်းက ရလဒ်အတွက် ကြိုးစားပေးနိုင်ခဲ့ပါတယ် ” လို့ မှတ်ချက်ပေးပါတယ်။

တီမိုဝါနာက တိုက်စစ်သမားကောင်းဖြစ်ပေမယ့် ဖာဘင်ညိုက အကောင်းဆုံး ထိန်းချုပ်ပြခဲ့တယ်လို့လည်း ကလော့ပ်က ဆိုပါတယ်။ မန်နေဂျာကတော့ တိုက်စစ်မှာ အခွင့်အရေးကောင်းတွေကို လက်လွတ်မခံခဲ့တဲ့ ဆာဒီယို နည်းတူ ပြိုင်ဘက် တိုက်စစ်ကို အကောင်းဆုံး ကာကွယ်ခဲ့တဲ့ ဖာဘင်ညိုကိုလည်း အကောင်းဆုံး ကစားသမားအဖြစ် မြင်ထားတယ်။

” တီမိုက ကစားသမားကောင်းပါ။ သူ့ကို ရင်ဆိုင်ပြီး ဘယ်လို ခုခံရင်ဆိုင်ရမယ်တော့ နည်းစနစ် မရှိပါဘူး။ သူဘောလုံးရလာချိန်မှာ ဖာဘင်ညိုက ကိုင်တွယ်ပုံ ကောင်းခဲ့တယ်။ ဆာဒီယိုရဲ့ သွင်းဂိုးတွေကြောင့် မဟုတ်ခဲ့ရင် ဖာဘင်ညိုက ပွဲရဲ့ အကောင်းဆုံး ကစားသမားပါပဲ။

နှစ်ဂိုးလုံးကို ကြိုက်ပါတယ်။ သိပ်ကောင်းတဲ့ ခေါင်းတိုက်ဂိုးပါ။ ဒါပေမယ့် ဆာဒီယိုရဲ့ လှုပ်ရှားမှုကို ကျနော် သဘောကျတာပါ။ သူက အဲ့လိုဂိုးတွေ ရယူနိုင်သူပါ။ ဒုတိယဂိုးကတော့ ဂိုးသမားကို ဖိအားပေးမှုအတွက် ရတဲ့ သွင်းဂိုးပါပဲ။ ကြိုက်ပါတယ်။ နှစ်ဂိုးလုံးကို ကျနော် ကြိုက်ပါတယ် ” လို့ ယာဂင်က ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ခ်ယ္ဆီးနဲ႔ပြဲက ခံစစ္မွာ အေကာင္းဆံုး ေျခစြမ္းျပခဲ့တဲ့ ဖာဘင္ညိဳနဲ႔ တိုက္စစ္မွာ ေျခစြမ္းျပခဲ့တဲ့ မာေနးတို႔အေၾကာင္း ပြဲအျပီးမွာ ေျပာဆိုခဲ့တယ္။

ကေလာ့ပ္က ” စူပါ ပြဲတစ္ပြဲပါ။ ႏွစ္သင္းလံုးအတြက္ ပြဲေကာင္းလည္း ျဖစ္ခဲ့တယ္။ ဒီပြဲကို အေတာ္ေလး သေဘာက်ပါတယ္။ ခ်ယ္ဆီးက ထိပ္တန္းအသင္းပဲ။ ပထမပိုင္းမွာေတာ့ က်ေနာ္တို႔ရဲ႕ ကစားပံုကို ေက်နပ္မိတယ္။ ေကာင္းမြန္တဲ့ အေျခအေနေတြမွာ လိုင္းေတြကို ေက်ာ္ျဖတ္ျပီး ေဘာလံုးေပးႏုိင္ခဲ့ေပမယ့္ ဂိုးေတာ့ မသြင္းႏုိင္ခဲ့ဘူး။

အနီကဒ္ျဖစ္ျပီးေတာ့ ဒုတိယပိုင္းက ျခားနားသြားတယ္။ ေဘာလံုးကို ကိုင္ကစားျပီး သြင္းဂိုးေတြ သြင္းႏုိင္ခဲ့တယ္။ ပင္နယ္တီ ေပးရတယ္၊ အလီ ကာကြယ္ခဲ့တယ္။ အဲ့တာ ေကာင္းပါတယ္။ လူတိုင္းက ရလဒ္အတြက္ ၾကိဳးစားေပးႏုိင္ခဲ့ပါတယ္ ” လို႔ မွတ္ခ်က္ေပးပါတယ္။

တီမိုဝါနာက တိုက္စစ္သမားေကာင္းျဖစ္ေပမယ့္ ဖာဘင္ညိဳက အေကာင္းဆံုး ထိန္းခ်ဳပ္ျပခဲ့တယ္လို႔လည္း ကေလာ့ပ္က ဆိုပါတယ္။ မန္ေနဂ်ာကေတာ့ တိုက္စစ္မွာ အခြင့္အေရးေကာင္းေတြကို လက္လြတ္မခံခဲ့တဲ့ ဆာဒီယို နည္းတူ ျပိဳင္ဘက္ တိုက္စစ္ကို အေကာင္းဆံုး ကာကြယ္ခဲ့တဲ့ ဖာဘင္ညိဳကိုလည္း အေကာင္းဆံုး ကစားသမားအျဖစ္ ျမင္ထားတယ္။

” တီမိုက ကစားသမားေကာင္းပါ။ သူ႔ကို ရင္ဆိုင္ျပီး ဘယ္လို ခုခံရင္ဆိုင္ရမယ္ေတာ့ နည္းစနစ္ မရွိပါဘူး။ သူေဘာလံုးရလာခ်ိန္မွာ ဖာဘင္ညိဳက ကိုင္တြယ္ပံု ေကာင္းခဲ့တယ္။ ဆာဒီယိုရဲ႕ သြင္းဂိုးေတြေၾကာင့္ မဟုတ္ခဲ့ရင္ ဖာဘင္ညိဳက ပြဲရဲ႕ အေကာင္းဆံုး ကစားသမားပါပဲ။

ႏွစ္ဂိုးလံုးကို ၾကိဳက္ပါတယ္။ သိပ္ေကာင္းတဲ့ ေခါင္းတိုက္ဂိုးပါ။ ဒါေပမယ့္ ဆာဒီယိုရဲ႕ လႈပ္ရွားမႈကို က်ေနာ္ သေဘာက်တာပါ။ သူက အဲ့လိုဂိုးေတြ ရယူႏုိင္သူပါ။ ဒုတိယဂိုးကေတာ့ ဂိုးသမားကို ဖိအားေပးမႈအတြက္ ရတဲ့ သြင္းဂိုးပါပဲ။ ၾကိဳက္ပါတယ္။ ႏွစ္ဂိုးလုံးကို က်ေနာ္ ၾကိဳက္ပါတယ္ ” လို႔ ယာဂင္က ဆိုခဲ့တာ ျဖစ္ပါတယ္။