လီဗာပူးကွင်းလယ်လူသစ် သီယာဂိုဟာ ချယ်ဆီးနဲ့ပွဲအတွက် လိုက်ပါလာခဲ့ပြီး အရန်လူစာရင်းမှာ ပါဝင်လာခဲ့ကာ ဒုတိယပိုင်း ၄၅ မိနစ်မှာတော့ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ ပူးပေါင်းထားတာ ၄၈ နာရီပဲ ရှိသေးတဲ့ ကွင်းလယ်လူဟာ လေ့ကျင့်ရေး အပြည့်တောင် မလုပ်ရသေးတဲ့ ကစားသမားပါ။ ဒါပေမယ့် ကလော့ပ်က ” သူ့ကို စသုံးဖို့ တစက္ကန့်လေးတောင် ငါစဉ်းစားရမယ် မထင်ပါဘူး ” လို့ ပွဲကြိုမှာ ထုတ်ပြောခဲ့တယ်။ လီဗာပူးရဲ့ စနစ်ကို ကောင်းကောင်းကြီး နားလည်တဲ့ ဟန်ဒို အသေးစား ဒဏ်ရာရချိန်မှာတော့ ကလော့ပ်က သီယာဂိုကို ချက်ခြင်း လူစားလဲခဲ့ပါတယ်။

သီယာဂိုကို ပွဲထုတ်တာနဲ့ ပက်သက်လို့ ကလော့ပ်က ” ချိန်သားကိုက် ကိစ္စပေါ့ဗျာ။ သူက စပိန်အသင်းအတွက်ကော ဘိုင်ယန်အတွက်ပါ လေ့ကျင့်ထားလို့ ကြံ့ခိုင်မှုပိုင်းမှာ ပြဿနာ မရှိပါဘူး။ သူ့အနေနဲ့ အသင်းဖော်တွေနဲ့ အသားကျဖို့ လိုအပ်နေတာပေါ့။ ဒါပေမယ့် ကစားလဲဖို့ လိုလာချိန်မှာ သူ့အတွက် ပွဲကလည်း ပြည့်စုံလွန်းခဲ့တယ်။

သူကစားတာကို သိပ်ကြိုက်ပါတယ်။ ခံစစ်ပိုင်းမှာတော့ သူ့အတွက် အလှည့်အပြောင်း များပေမယ့် တိုက်စစ်ပိုင်းမှာတော့ သီယာဂိုက သူပေးလိုတဲ့အတိုင်း ဘောလုံးတွေ ပေးနိုင်ခဲ့တယ် ” လို့ ချီးကျူးခဲ့တယ်။

သီယာဂိုက ၄၅ မိနစ် ကစားခဲ့ချိန်မှာ ဘာတွေ လုပ်ပြခဲ့လို့ အားလုံးက အထင်ကြီးနေရသလဲ

သူဟာ ဘောလုံးထိချက် ၈၉ ကြိမ် ရှိခဲ့ပြီး ပေးမှုက ၈၃ ကြိမ် ရှိခဲ့တယ်။ အသင်းဖော်တွေကို အောင်မြင်စွာ ပေးပို့နိုင်ခြင်းက ၇၅ ကြိမ် ရှိခဲ့ပါတယ်။ လီဗာပူးအသင်းသား သုံးဦးကပဲ သီယာဂိုထက် ပေးမှု ပိုများခဲ့တာဖြစ်တယ်။ ဒါ့အပြင် ဒုတိယပိုင်းပဲ ပါဝင်ကစားခဲ့ပေမယ့် ပြိုင်ဘက်ကွင်းဘက်မှာ ဘောလုံးပေးမှု အများဆုံး လီဗာပူး ကစားသမားဖြစ်ခဲ့တယ်။

သီယာဂိုက ဘောလုံးပိုင်ဆိုင်မှုတွေကို ထပ်ပြီး ထပ်ပြီး ရယူခြင်းနဲ့ အတိုပေးခြင်းတွေလောက်ပဲ လုပ်ပြခဲ့တာ မဟုတ်ပါဘူး။ သူက လိုင်တွေကို ကျော်ဖြတ်ပြီး ပြိုင်ဘက် ခံစစ်ကြောင်းကို ခြိမ်းခြောက်တဲ့ အဝေးပေးမှု ၁၂ ကြိမ်ထိကို ပွဲကစားချိန် ၄၅ မိနစ်နဲ့ လုပ်ခဲ့သေးတာဖြစ်တယ်။ ဗန်ဒိုက်၊ ဆာလက်၊ မာနေး၊ မီနာမီနို အားလုံးကို ကွင်းထဲက နေရာကောင်းတွေမှာ ဘောလုံးပေးနိုင်ခဲ့တယ်။

ယာဂင်ကလော့ပ်က ခံစစ်မှာ ချွင်းချက်ရှိခဲ့တာကို ထည့်ပြောခဲ့တယ်။ သီယာဂိုက ချယ်ဆီးနဲ့ပွဲမှာ ခံစစ်အမှား လုပ်ခဲ့ပြီး ကျန်တဲ့ ဘောလုံးဖြန့်ဝေမှုတွေမှာ သိပ်ကောင်းခဲ့တယ်။ ဒါက ဘိုင်ယန်မှာ ကွင်းလယ် နှစ်ဦးတွဲပုံစံ ကစားခြင်းနဲ့လည်း အနည်းငယ် သက်ဆိုင်ပါမယ်။ ဒုတိယပိုင်းမှာ လီဗာပူး လိုအပ်နေတဲ့ အမြန်ပေးမှုတွေကို ခပ်သွက်သွက် သူလုပ်ပြခဲ့တာက သူဟာ ဖန်တီးရှင်တစ်ဦးအဖြစ်လည်း ကစားနိုင်တယ် ဆိုတာပါပဲ။

ချယ်ဆီးနဲ့ပွဲမှာ ပထမဆုံး ၁၀ မိနစ် ကစားပြီးတဲ့နောက် သီယာဂိုက ပွဲနဲ့ အသင်းဖော်တွေကို အသားကျလာပြီး အကောင်းဆုံး ပေးမှုတွေကို ဆက်တိုက် လုပ်ခဲ့တယ်။ မကြာခင်မှာတော့ သူက အသင်းဖော်တွေနဲ့ လေ့ကျင့်ရေးတွေ စတင်ပါတော့မယ်။ ပိုကောင်းတဲ့ ပိုအတွဲမိတဲ့ သီယာဂိုကို မြင်တွေ့ရဖို့ မျှော်လင့်လို့ ရနိုင်ပါပြီ။

ZAWGYI

လီဗာပူးကြင္းလယ္လူသစ္ သီယာဂိုဟာ ခ်ယ္ဆီးနဲ႔ပြဲအတြက္ လိုက္ပါလာခဲ့ျပီး အရန္လူစာရင္းမွာ ပါဝင္လာခဲ့ကာ ဒုတိယပိုင္း ၄၅ မိနစ္မွာေတာ့ လူစားဝင္ ကစားသမားအျဖစ္ ပါဝင္ကစားခဲ့ပါတယ္။

လီဗာပူးအသင္းနဲ႔ ပူးေပါင္းထားတာ ၄၈ နာရီပဲ ရွိေသးတဲ့ ကြင္းလယ္လူဟာ ေလ့က်င့္ေရး အျပည့္ေတာင္ မလုပ္ရေသးတဲ့ ကစားသမားပါ။ ဒါေပမယ့္ ကေလာ့ပ္က ” သူ႔ကို စသံုးဖို႔ တစကၠန္႔ေလးေတာင္ ငါစဥ္းစားရမယ္ မထင္ပါဘူး ” လို႔ ပြဲၾကိဳမွာ ထုတ္ေျပာခဲ့တယ္။ လီဗာပူးရဲ႕ စနစ္ကို ေကာင္းေကာင္းၾကီး နားလည္တဲ့ ဟန္ဒို အေသးစား ဒဏ္ရာရခ်ိန္မွာေတာ့ ကေလာ့ပ္က သီယာဂိုကို ခ်က္ျခင္း လူစားလဲခဲ့ပါတယ္။

သီယာဂိုကို ပြဲထုတ္တာနဲ႔ ပက္သက္လို႔ ကေလာ့ပ္က ” ခ်ိန္သားကိုက္ ကိစၥေပါ့ဗ်ာ။ သူက စပိန္အသင္းအတြက္ေကာ ဘိုင္ယန္အတြက္ပါ ေလ့က်င့္ထားလို႔ ၾကံ႕ခိုင္မႈပိုင္းမွာ ျပႆနာ မရွိပါဘူး။ သူ႔အေနနဲ႔ အသင္းေဖာ္ေတြနဲ႔ အသားက်ဖို႔ လိုအပ္ေနတာေပါ့။ ဒါေပမယ့္ ကစားလဲဖို႔ လိုလာခ်ိန္မွာ သူ႔အတြက္ ပြဲကလည္း ျပည့္စံုလြန္းခဲ့တယ္။

သူကစားတာကို သိပ္ၾကိဳက္ပါတယ္။ ခံစစ္ပိုင္းမွာေတာ့ သူ႔အတြက္ အလွည့္အေျပာင္း မ်ားေပမယ့္ တိုက္စစ္ပိုင္းမွာေတာ့ သီယာဂိုက သူေပးလိုတဲ့အတိုင္း ေဘာလံုးေတြ ေပးႏုိင္ခဲ့တယ္ ” လို႔ ခ်ီးက်ဴးခဲ့တယ္။

သီယာဂိုက ၄၅ မိနစ္ ကစားခဲ့ခ်ိန္မွာ ဘာေတြ လုပ္ျပခဲ့လို႔ အားလံုးက အထင္ၾကီးေနရသလဲ

သူဟာ ေဘာလံုးထိခ်က္ ၈၉ ၾကိမ္ ရွိခဲ့ျပီး ေပးမႈက ၈၃ ၾကိမ္ ရွိခဲ့တယ္။ အသင္းေဖာ္ေတြကို ေအာင္ျမင္စြာ ေပးပို႔ႏုိင္ျခင္းက ၇၅ ၾကိမ္ ရွိခဲ့ပါတယ္။ လီဗာပူးအသင္းသား သံုုးဦးကပဲ သီယာဂိုထက္ ေပးမႈ ပိုမ်ားခဲ့တာျဖစ္တယ္။ ဒါ့အျပင္ ဒုတိယပိုင္းပဲ ပါဝင္ကစားခဲ့ေပမယ့္ ျပိဳင္ဘက္ကြင္းဘက္မွာ ေဘာလံုးေပးမႈ အမ်ားဆံုး လီဗာပူး ကစားသမားျဖစ္ခဲ့တယ္။

သီယာဂိုက ေဘာလံုးပိုင္ဆုိင္မႈေတြကို ထပ္ျပီး ထပ္ျပီး ရယူျခင္းနဲ႔ အတိုေပးျခင္းေတြေလာက္ပဲ လုပ္ျပခဲ့တာ မဟုတ္ပါဘူး။ သူက လိုင္ေတြကို ေက်ာ္ျဖတ္ျပီး ျပိဳင္ဘက္ ခံစစ္ေၾကာင္းကို ျခိမ္းေျခာက္တဲ့ အေဝးေပးမႈ ၁၂ ၾကိမ္ထိကို ပြဲကစားခ်ိန္ ၄၅ မိနစ္နဲ႔ လုပ္ခဲ့ေသးတာျဖစ္တယ္။ ဗန္ဒိုက္၊ ဆာလက္၊ မာေနး၊ မီနာမီႏို အားလံုးကို ကြင္းထဲက ေနရာေကာင္းေတြမွာ ေဘာလံုးေပးႏုိင္ခဲ့တယ္။

ယာဂင္ကေလာ့ပ္က ခံစစ္မွာ ခၽြင္းခ်က္ရွိခဲ့တာကို ထည့္ေျပာခဲ့တယ္။ သီယာဂိုက ခ်ယ္ဆီးနဲ႔ပြဲမွာ ခံစစ္အမွား လုပ္ခဲ့ျပီး က်န္တဲ့ ေဘာလံုးျဖန္႔ေဝမႈေတြမွာ သိပ္ေကာင္းခဲ့တယ္။ ဒါက ဘိုင္ယန္မွာ ကြင္းလယ္ ႏွစ္ဦးတြဲပံုစံ ကစားျခင္းနဲ႔လည္း အနည္းငယ္ သက္ဆိုင္ပါမယ္။ ဒုတိယပိုင္းမွာ လီဗာပူး လိုအပ္ေနတဲ့ အျမန္ေပးမႈေတြကို ခပ္သြက္သြက္ သူလုပ္ျပခဲ့တာက သူဟာ ဖန္တီးရွင္တစ္ဦးအျဖစ္လည္း ကစားႏုိင္တယ္ ဆိုတာပါပဲ။

ခ်ယ္ဆီးနဲ႔ပြဲမွာ ပထမဆံုး ၁၀ မိနစ္ ကစားျပီးတဲ့ေနာက္ သီယာဂိုက ပြဲနဲ႔ အသင္းေဖာ္ေတြကို အသားက်လာျပီး အေကာင္းဆံုး ေပးမႈေတြကို ဆက္တိုက္ လုပ္ခဲ့တယ္။ မၾကာခင္မွာေတာ့ သူက အသင္းေဖာ္ေတြနဲ႔ ေလ့က်င့္ေရးေတြ စတင္ပါေတာ့မယ္။ ပိုေကာင္းတဲ့ ပိုအတြဲမိတဲ့ သီယာဂိုကို ျမင္ေတြ႔ရဖို႔ ေမွ်ာ္လင့္လို႔ ရႏုိင္ပါျပီ။