ချယ်ဆီးနဲ့ပွဲမှာ ပြိုင်ဘက်အသင်းသား အနီကဒ် ပြသခံရခြင်းကို အောင်ပွဲခံတဲ့ အပြုအမှုကို မကြိုက်ဘူးလို့ အသင်းနည်းပြအဖွဲ့ကို ကလော့ပ်က သတိပေးလိုက်ပါတယ်။

VAR ပြန်စစ်ပြီးချိန်မှာ နည်းပြအဖွဲ့ဝင် တစ်ဦးက လက်ခုပ်တီးပြီး အောင်ပွဲခံခဲ့တာပါ။ ကလေ့ာပ်က လက်ခုပ်တီးပြီး အောင်ဟစ် ပျော်ရွှင်နေသံကို ကြားတဲ့နောက် ချက်ခြင်း နောက်လှည့်ခဲ့ပြီး ” မင်းရူးနေလား? အဲ့လို အပြုအမှုမျိုး ငါတို့အသင်း ဘယ်တုန်းကမှ မလုပ်ဘူး ” လို့ ငေါက်ငမ်း တားမြစ်ခဲ့တာဖြစ်တယ်။

ပေးသင့်တဲ့ ပြစ်ဒဏ်ကို ပေးခြင်းကို ကလော့ပ်ကလည်း လိုချင်ပေမယ့် လက်ခုပ်တီးပြီး အောင်ပွဲခံတာမျိုးကိုတော့ မလုပ်သင့်တဲ့ အပြုအမှုအဖြစ် မြင်ထားတာပါ။ မန်နေဂျာကလော့ပ်က အားကစားစိတ်ဓါတ်နဲ့ ယှဉ်ပြိုင်တာကိုပဲ မြင်လိုပြီး ပြိုင်ဘက် အထိနာခြင်းကို လှောင်ပြောင်တာမျိုး မလုပ်ဖို့ သတိပေးခဲ့တယ်။

မန်နေဂျာကြီးက ” အဲ့တာက ငါ့ အရန်ကစားသမားတွေထဲက မဟုတ်ပေမယ့် နည်းပြအဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်တယ်။ ဒီလို ထပ်မလုပ်ဖို့ကို ငါသတိပေးထားပြီးပြီ သူလည်း သဘောပေါက်ပါတယ်။ အဲ့ကိစ္စနဲ့ ပက်သက်ပြီး အဆင်ပြေပါတယ်။ ဒါပေမယ့် အဲ့အချိန်တုန်းကတော့ ငါမြင်ချင်တဲ့ အပြုအမှုတော့ မဟုတ်ခဲ့တာပါပဲ။

ထုတ်ခံလိုက်တဲ့ အနေအထားကို ငါမြင်တယ်။ ခရစ္စတန်ဆန်ရဲ့ လက်မောင်းက ဆာဒီယိုကို သိုင်းချုပ်လိုက်တာကိုမြင်တယ်။ အဲ့ကတည်းက အနီကဒ်နဲ့ ထုတ်ပယ်ခံရမယ်လို့ ငါထင်ခဲ့တယ် ဒါပေမယ့် အဲ့နောက်ပိုင်း ပြန်မကြည့်မိခဲ့ဘူး ဒီတော့ မင်းမြင်တဲ့ ဖြစ်ရပ်ကို အနီကဒ် မဟုတ်ဘူးလို့ မြင်ရင်လည်း ဒီခြားနားတဲ့ အမြင်ကို ငါလေးစားမှာပါ။

ချယ်ဆီးက ၁၁ ဦး စာရင်းနဲ့ဆိုရင် ငါတို့ နိုင်မလား။ ဘယ်သူ သိနိုင်မလဲ။ ပထမပိုင်းမှာ ငါတို့က ကောင်းခဲ့တယ်။ ဒါကြောင့် ငါတို့ အနိုင်ရနိုင်တယ်လို့ ထင်တယ်။ ဘယ်လိုဖြစ်မလဲ ငါလည်း မသိဘူးလေ။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးနဲ႔ပြဲမွာ ျပိဳင္ဘက္အသင္းသား အနီကဒ္ ျပသခံရျခင္းကို ေအာင္ပြဲခံတဲ့ အျပဳအမႈကို မၾကိဳက္ဘူးလို႔ အသင္းနည္းျပအဖြဲ႔ကို ကေလာ့ပ္က သတိေပးလိုက္ပါတယ္။

VAR ျပန္စစ္ျပီးခ်ိန္မွာ နည္းျပအဖြဲ႔ဝင္ တစ္ဦးက လက္ခုပ္တီးျပီး ေအာင္ပြဲခံခဲ့တာပါ။ ကေလ့ာပ္က လက္ခုပ္တီးျပီး ေအာင္ဟစ္ ေပ်ာ္ရႊင္ေနသံကို ၾကားတဲ့ေနာက္ ခ်က္ျခင္း ေနာက္လွည့္ခဲ့ျပီး ” မင္းရူးေနလား? အဲ့လို အျပဳအမႈမ်ိဳး ငါတို႔အသင္း ဘယ္တုန္းကမွ မလုပ္ဘူး ” လို႔ ေငါက္ငမ္း တားျမစ္ခဲ့တာျဖစ္တယ္။

ေပးသင့္တဲ့ ျပစ္ဒဏ္ကို ေပးျခင္းကို ကေလာ့ပ္ကလည္း လိုခ်င္ေပမယ့္ လက္ခုပ္တီးျပီး ေအာင္ပြဲခံတာမ်ိဳးကိုေတာ့ မလုပ္သင့္တဲ့ အျပဳအမႈအျဖစ္ ျမင္ထားတာပါ။ မန္ေနဂ်ာကေလာ့ပ္က အားကစားစိတ္ဓါတ္နဲ႔ ယွဥ္ျပိဳင္တာကိုပဲ ျမင္လိုျပီး ျပိဳင္ဘက္ အထိနာျခင္းကို ေလွာင္ေျပာင္တာမ်ိဳး မလုပ္ဖို႔ သတိေပးခဲ့တယ္။

မန္ေနဂ်ာၾကီးက ” အဲ့တာက ငါ့ အရန္ကစားသမားေတြထဲက မဟုတ္ေပမယ့္ နည္းျပအဖြဲ႔ဝင္ေတြထဲက တစ္ဦးျဖစ္တယ္။ ဒီလို ထပ္မလုပ္ဖို႔ကို ငါသတိေပးထားျပီးျပီ သူလည္း သေဘာေပါက္ပါတယ္။ အဲ့ကိစၥနဲ႔ ပက္သက္ျပီး အဆင္ေျပပါတယ္။ ဒါေပမယ့္ အဲ့အခ်ိန္တုန္းကေတာ့ ငါျမင္ခ်င္တဲ့ အျပဳအမႈေတာ့ မဟုတ္ခဲ့တာပါပဲ။

ထုတ္ခံလိုက္တဲ့ အေနအထားကို ငါျမင္တယ္။ ခရစၥတန္ဆန္ရဲ႕ လက္ေမာင္းက ဆာဒီယိုကို သိုင္းခ်ဳပ္လိုက္တာကိုျမင္တယ္။ အဲ့ကတည္းက အနီကဒ္နဲ႔ ထုတ္ပယ္ခံရမယ္လို႔ ငါထင္ခဲ့တယ္ ဒါေပမယ့္ အဲ့ေနာက္ပိုင္း ျပန္မၾကည့္မိခဲ့ဘူး ဒီေတာ့ မင္းျမင္တဲ့ ျဖစ္ရပ္ကို အနီကဒ္ မဟုတ္ဘူးလို႔ ျမင္ရင္လည္း ဒီျခားနားတဲ့ အျမင္ကို ငါေလးစားမွာပါ။

ခ်ယ္ဆီးက ၁၁ ဦး စာရင္းနဲ႔ဆိုရင္ ငါတို႔ ႏုိင္မလား။ ဘယ္သူ သိႏုိင္မလဲ။ ပထမပိုင္းမွာ ငါတို႔က ေကာင္းခဲ့တယ္။ ဒါေၾကာင့္ ငါတို႔ အႏုိင္ရႏုိင္တယ္လို႔ ထင္တယ္။ ဘယ္လိုျဖစ္မလဲ ငါလည္း မသိဘူးေလ။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။