လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့အတွက် နောက်ဆုံး ကိစ္စတွေကို အသင်းသတင်းထောက် ဂျိမ်းပီရက်စ်က The Athletic ကနေ ဖော်ပြသွားပါတယ်။

အသင်းဟာ အဓိက ပစ်မှတ်တွေဖြစ်တဲ့ ဘယ်အစွန်လူ၊ ကွင်းလယ်နဲ့ တိုက်စစ်သမား သစ်တွေကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ ပရိသတ်တွေ မေးခွန်းထုတ်နေတာက ဗဟိုခံစစ်မှူးနေရာ အားဖြည့်မလားဖြစ်တယ်။ ဒါပေမယ့်လို့ မန်နေဂျာကလော့ပ်က ဖာဘင်ညိုကို စတုတ္ထခံစစ်သမားအဖြစ် မြင်ထားပြီး လက်ကျန်ရာသီအတွက် သူ့ကိုပဲ ဆက်သုံးဖို့ ရည်ွယ်ပါတယ်။

ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ တိုက်စစ်တစ်နေရာကို အဓိက ဖိအားပေးဖို့ ဂျိုတာကို ခေါ်ယူထားခဲ့ပြီဖြစ်တယ်။ လီဗာပူးအသင်းက ကနဦးမှာ ဂျန့်အသင်းမှ ကနေဒါ တိုက်စစ်သမား ဂျိုနသန် ဒေးဗစ်ကို စောင့်ကြည့်ခဲ့တယ်။ နောက် ဝတ်ဖိုဒ့်မှ ဆာကို စောင့်ကြည့်ခဲ့တယ်။ ဒါပေမယ့်လို့ အသင်းနဲ့ ပိုမို ကိုက်ညီမယ်လို့ ယုံကြည်တဲ့ ဂျိုတာကိုပဲ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒေးဗစ်က ဂျန့်ကနေ လိုင်လီကို ယူရို သန်း ၃၀ နဲ့ ပြောင်းခဲ့ပြီဖြစ်ကာ ဆာကိုတော့ လီဗာပူးက ခေါ်ယူသွားတော့မှာ မဟုတ်ပါဘူး။ သူတို့ နှစ်ဦးနည်းတူ ဂျိုတာကိုလည်း နှစ်နှစ် ကင်းထောက်ခဲ့တာဖြစ်ကာ ပေါ်တူဂီသားကို လီဗာပူးမှာ အောင်မြင်ဖို့ပဲ ကလော့ပ်က ဦးတည် ပျိုးထောင်မှာဖြစ်တယ်။

ရှော်ကေး ခံစစ်သမား အိုဇန် ကာဘတ်နဲ့ သတင်းကြီးတွေ သိပ်ထွက်ပေမယ့် လီဗာပူးအတွင်းလူတွေက သတင်းပေးတာကတော့ တူရကီ ခံစစ်သမားကို ခေါ်ယူဖို့အတွက် အသင်းက စကားပြောထားခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဒီရာသီအတွက် ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်နဲ့ ဖာဘင်ညိုကိုပဲ ခံစစ်သမားအဖြစ် သုံးကာ ဗဟိုခံစစ်မှူး ထပ်ခေါ်မှာ မဟုတ်ဘူး။ ပဉ္စမမြောက် ခံစစ်မှူးအဖြစ် လူငယ်ခံစစ်သမား ဘီလီ ကိုမတ်တီယိုကိုပဲ သုံးမှာဖြစ်ပါတယ်။

လီဗာပူးရဲ့ နောက်ထပ် ဦးတည်ချက်ကတော့ ကစားသမား ရောင်းထုတ်မှုတွေကို ဆက်လက် လုပ်ဆောင်ဖို့ဖြစ်တယ်။ ပြီးရင်တော့ အန်ဖီးကွင်းထဲ ပရိသတ် ၁၂၀၀၀ ကနေ ၁၃၀၀၀ ကြား ဝင်ခွင့်ရအောင် အသင်းတာဝန်ရှိသူတွေက ကြိုးစားနေတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အေျပာင္းအေရႊ႔အတြက္ ေနာက္ဆံုး ကိစၥေတြကို အသင္းသတင္းေထာက္ ဂ်ိမ္းပီရက္စ္က The Athletic ကေန ေဖာ္ျပသြားပါတယ္။

အသင္းဟာ အဓိက ပစ္မွတ္ေတြျဖစ္တဲ့ ဘယ္အစြန္လူ၊ ကြင္းလယ္နဲ႔ တိုက္စစ္သမား သစ္ေတြကို ေခၚယူႏုိင္ခဲ့ျပီျဖစ္ကာ ပရိသတ္ေတြ ေမးခြန္းထုတ္ေနတာက ဗဟိုခံစစ္မွဴးေနရာ အားျဖည့္မလားျဖစ္တယ္။ ဒါေပမယ့္လို႔ မန္ေနဂ်ာကေလာ့ပ္က ဖာဘင္ညိဳကို စတုတၳခံစစ္သမားအျဖစ္ ျမင္ထားျပီး လက္က်န္ရာသီအတြက္ သူ႔ကိုပဲ ဆက္သံုးဖို႔ ရည္ြယ္ပါတယ္။

ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ရဲ႕ တိုက္စစ္တစ္ေနရာကို အဓိက ဖိအားေပးဖို႔ ဂ်ိဳတာကို ေခၚယူထားခဲ့ျပီျဖစ္တယ္။ လီဗာပူးအသင္းက ကနဦးမွာ ဂ်န္႔အသင္းမွ ကေနဒါ တိုက္စစ္သမား ဂ်ိဳနသန္ ေဒးဗစ္ကို ေစာင့္ၾကည့္ခဲ့တယ္။ ေနာက္ ဝတ္ဖိုဒ့္မွ ဆာကို ေစာင့္ၾကည့္ခဲ့တယ္။ ဒါေပမယ့္လို႔ အသင္းနဲ႔ ပိုမို ကိုက္ညီမယ္လို႔ ယံုၾကည္တဲ့ ဂ်ိဳတာကိုပဲ ေရြးခ်ယ္ခဲ့ျခင္း ျဖစ္ပါတယ္။

ေဒးဗစ္က ဂ်န္႔ကေန လိုင္လီကို ယူရို သန္း ၃၀ နဲ႔ ေျပာင္းခဲ့ျပီျဖစ္ကာ ဆာကိုေတာ့ လီဗာပူးက ေခၚယူသြားေတာ့မွာ မဟုတ္ပါဘူး။ သူတို႔ ႏွစ္ဦးနည္းတူ ဂ်ိဳတာကိုလည္း ႏွစ္ႏွစ္ ကင္းေထာက္ခဲ့တာျဖစ္ကာ ေပၚတူဂီသားကို လီဗာပူးမွာ ေအာင္ျမင္ဖို႔ပဲ ကေလာ့ပ္က ဦးတည္ ပ်ိဳးေထာင္မွာျဖစ္တယ္။

ေရွာ္ေကး ခံစစ္သမား အိုဇန္ ကာဘတ္နဲ႔ သတင္းၾကီးေတြ သိပ္ထြက္ေပမယ့္ လီဗာပူးအတြင္းလူေတြက သတင္းေပးတာကေတာ့ တူရကီ ခံစစ္သမားကို ေခၚယူဖို႔အတြက္ အသင္းက စကားေျပာထားျခင္း မရွိေသးပါဘူး။ ဒါ့အျပင္ ဒီရာသီအတြက္ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္နဲ႔ ဖာဘင္ညိဳကိုပဲ ခံစစ္သမားအျဖစ္ သံုးကာ ဗဟိုခံစစ္မွဴး ထပ္ေခၚမွာ မဟုတ္ဘူး။ ပဥၥမေျမာက္ ခံစစ္မွဴးအျဖစ္ လူငယ္ခံစစ္သမား ဘီလီ ကိုမတ္တီယိုကိုပဲ သံုးမွာျဖစ္ပါတယ္။

လီဗာပူးရဲ႕ ေနာက္ထပ္ ဦးတည္ခ်က္ကေတာ့ ကစားသမား ေရာင္းထုတ္မႈေတြကို ဆက္လက္ လုပ္ေဆာင္ဖို႔ျဖစ္တယ္။ ျပီးရင္ေတာ့ အန္ဖီးကြင္းထဲ ပရိသတ္ ၁၂၀၀၀ ကေန ၁၃၀၀၀ ၾကား ဝင္ခြင့္ရေအာင္ အသင္းတာဝန္ရွိသူေတြက ၾကိဳးစားေနတယ္လို႔ သိရပါတယ္။