ချယ်ဆီးကို အနိုင်ယူတဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးရခဲ့တဲ့နောက် မာနေးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး တောင်ပံသမားတွေထဲက တစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ မှတ်တမ်းကောင်း တစ်ခုကို ကျော်ဖြတ်သွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ကစားသမားဘဝအဖြစ် ယူနိုက်တက်မှာ ကစားခဲ့စဉ် ပွဲပေါင်း ၁၉၆ ပွဲအတွင်း သွင်းဂိုး ၈၄ ဂိုး သွင်းယူခဲ့သူဖြစ်တယ်။ မာနေးကတော့ ဆောက်သမ်တန်နဲ့ လီဗာပူးအသင်းတွေမှာ ပွဲပေါင်း ၁၉၆ ပွဲ ကစားခဲ့ပြီဖြစ်ကာ သွင်းဂိုး ၈၆ ဂိုးထိ သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

မာနေးက စိန့်ကစားသမားဘဝ သွင်းဂိုး ၂၁ ဂိုး သွင်းယူနိုင်ခဲ့ကာ လီဗာပူးမှာတော့ ၁၂၉ ပွဲအတွင်း ၆၅ ဂိုး သွင်းယူထားပါတယ်။ ရော်နယ်ဒို အသက် ၂၄ နှစ်အရွယ်မှာ လုပ်ခဲ့တဲ့ မှတ်တမ်းကို မာနေးက အသက် ၂၈ နှစ်မှာမှ ရခဲ့တယ်ဆိုပေမယ့် ဒါကပဲ လက်ရှိ မာနေးရဲ့ ခြေစွမ်းက ပရီးမီးယားလိဂ် အကောင်းဆုံး တောင်ပံသမားရဲ့ စွမ်းဆောင်ရည်လို့ ဖော်ပြနေတာဖြစ်တယ်။

အာဆင်နယ်၊ ချယ်ဆီးတို့လို လန်ဒန်အသင်းကောင်းတွေမှာ ကစားခဲ့တဲ့ ဖာဘရီဂတ်စ်ကတော့ မာနေးနဲ့ ပက်သက်လို့ ” ဒီစကားကို ထပ်ပြီး ပြောရပါလိမ့်မယ်။ မာနေးက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ပါတယ် ” လို့ ချီးကျူးခဲ့ပါသေးတယ်။

မနှစ်ကရာသီမှာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို လက်လွတ်ခဲ့ရတဲ့ မာနေးဟာ ဒီရာသီမှာ ဆာလက်နည်းတူ အဆိုပါ ဆုအတွက် ဂိုးတွေ ရယူနိုင်ဖို့ ကြိုးစားသွားမယ့်သူပါ။ သူ့အသက်အရွယ် အကောင်းဆုံး နှစ်တွေ ကျန်ရှိနေသေးပြီး ဒီရာသီမှာ ပိုမို တိုးတက်တဲ့ ခြေစွမ်းတွေနဲ့ လီဗာပူးတိုက်စစ်မှာ ဆာလက်နဲ့ တွဲဘက်ပြီး ဂိုးတွေသွင်းမယ်လို့ မျှော်လင့်ထားရပါတယ်။

ZAWGYI

ခ်ယ္ဆီးကို အႏုိင္ယူတဲ့ပြဲမွာ သြင္းဂိုး ၂ ဂိုးရခဲ့တဲ့ေနာက္ မာေနးဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆံုး ေတာင္ပံသမားေတြထဲက တစ္ဦးျဖစ္တဲ့ စီေရာ္နယ္ဒိုရဲ႕ မွတ္တမ္းေကာင္း တစ္ခုကို ေက်ာ္ျဖတ္သြားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္ ကစားသမားဘဝအျဖစ္ ယူႏုိက္တက္မွာ ကစားခဲ့စဥ္ ပြဲေပါင္း ၁၉၆ ပြဲအတြင္း သြင္းဂိုး ၈၄ ဂိုး သြင္းယူခဲ့သူျဖစ္တယ္။ မာေနးကေတာ့ ေဆာက္သမ္တန္နဲ႔ လီဗာပူးအသင္းေတြမွာ ပြဲေပါင္း ၁၉၆ ပြဲ ကစားခဲ့ျပီျဖစ္ကာ သြင္းဂိုး ၈၆ ဂိုးထိ သြင္းယူထားႏုိင္ျပီျဖစ္ပါတယ္။

မာေနးက စိန္႔ကစားသမားဘဝ သြင္းဂိုး ၂၁ ဂိုး သြင္းယူႏုိင္ခဲ့ကာ လီဗာပူးမွာေတာ့ ၁၂၉ ပြဲအတြင္း ၆၅ ဂိုး သြင္းယူထားပါတယ္။ ေရာ္နယ္ဒို အသက္ ၂၄ ႏွစ္အရြယ္မွာ လုပ္ခဲ့တဲ့ မွတ္တမ္းကို မာေနးက အသက္ ၂၈ ႏွစ္မွာမွ ရခဲ့တယ္ဆိုေပမယ့္ ဒါကပဲ လက္ရွိ မာေနးရဲ႕ ေျခစြမ္းက ပရီးမီးယားလိဂ္ အေကာင္းဆံုး ေတာင္ပံသမားရဲ႕ စြမ္းေဆာင္ရည္လို႔ ေဖာ္ျပေနတာျဖစ္တယ္။

အာဆင္နယ္၊ ခ်ယ္ဆီးတို႔လို လန္ဒန္အသင္းေကာင္းေတြမွာ ကစားခဲ့တဲ့ ဖာဘရီဂတ္စ္ကေတာ့ မာေနးနဲ႔ ပက္သက္လို႔ ” ဒီစကားကို ထပ္ျပီး ေျပာရပါလိမ့္မယ္။ မာေနးက လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္ပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့ပါေသးတယ္။

မႏွစ္ကရာသီမွာ ဂိုးသြင္းအမ်ားဆံုး ေရႊဖိနပ္ဆုကို လက္လြတ္ခဲ့ရတဲ့ မာေနးဟာ ဒီရာသီမွာ ဆာလက္နည္းတူ အဆိုပါ ဆုအတြက္ ဂိုးေတြ ရယူႏုိင္ဖို႔ ၾကိဳးစားသြားမယ့္သူပါ။ သူ႔အသက္အရြယ္ အေကာင္းဆံုး ႏွစ္ေတြ က်န္ရွိေနေသးျပီး ဒီရာသီမွာ ပိုမို တိုးတက္တဲ့ ေျခစြမ္းေတြနဲ႔ လီဗာပူးတိုက္စစ္မွာ ဆာလက္နဲ႔ တြဲဘက္ျပီး ဂိုးေတြသြင္းမယ္လို႔ ေမွ်ာ္လင့္ထားရပါတယ္။