ပရီးမီယားလိဂ်ကလပ် ပဲလေစ့်အသင်းဟာ လီဗာပူးတိုက်စစ်သမား ဘရူးစတားကို ခေါ်ယူနိုင်ဖို့အတွက် တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း စကိုင်းစပေါ့က အတည်ပြုပါတယ်။

ပဲလေစ့်ဘက်က ကနဦး ပေါင် ၁၉ သန်း ထပ်တိုး ပေါင် ၆ သန်း ပါဝင်တဲ့ ပေါင် ၂၅ သန်းတန် စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူခွင့်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်တယ်။ ဒီကမ်းလှမ်းမှုမှာတော့ ၎င်းတို့ရဲ့ အစောပိုင်း ချိတ်ဆက်မှု လုပ်ခဲ့စဉ်မှာ လီဗာပူး ငြင်းဆန်ခဲ့တဲ့ အချက်ကို ပြင်ဆင်ပြီး ထည့်သွင်းပေးခဲ့ပါတယ်။

ကမ်းလှမ်းမှုအရ အနာဂတ်မှာ လီဗာပူးက ဘရူးစတားကို ပြန်ခေါ်ယူလိုရင် ပေါင် ၃၇ သန်းဖြင့် ခေါ်ယူခွင့်ရမယ့် အချက် ပါဝင်ပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်က ဘရူးစတားကို မရောင်းထုတ်လိုပေမယ့် သီယာဂိုနဲ့ ဂျိုတာတို့ ရောက်လာခဲ့ပြီဖြစ်လို့ အသင်းပြောင်းခွင့်ပြုမယ့် သဘောမှာ ရှိနေပါတယ်။

ပဲလေစ့်မန်နေဂျာ ရွိုင်ဟောင်ဆန်က ဘရူးစတားရဲ့ အလားအလာကို လူငယ်ဘဝကတည်းက နှစ်သက်ခဲ့တာပါ။ ဒါကြောင့် အင်္ဂလန်သားကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရလာချိန်မှာ အလေးအနက် ကမ်းလှမ်းမှုတွေ ပြုလုပ်နေခဲ့တာဖြစ်တယ်။ ဘရူးစတားကို ချိတ်ဆက်နေတဲ့ ကလပ်က အနည်းဆုံး ၆ သင်းလောက်ထိ ရှိတယ်လို့ သိရတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ကစားသမားသစ် ၃ ဦးထိ ခေါ်ယူထားပြီးပါပြီ။ ပရီးမီးယားလိဂ် စည်းမျဉ်းအရ လူစာရင်း ၂၅ ဦးမှာ Home Grown မဟုတ်တဲ့ ကစားသမား ၁၇ ဦးပဲ ထည့်ခွင့်ရှိတာကြောင့် ဂရုဂျစ်၊ ကားရီယက်စ်နဲ့ ဝဲလ်ဆန်တို့ကို ရောင်းထုတ်ဖို့ကိုလည်း ကြိုးစားနေတာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီယားလိဂ္ကလပ္ ပဲေလစ့္အသင္းဟာ လီဗာပူးတိုက္စစ္သမား ဘရူးစတားကို ေခၚယူႏုိင္ဖို႔အတြက္ တရားဝင္ ကမ္းလွမ္းမႈကို ျပဳလုပ္ခဲ့ျပီျဖစ္ေၾကာင္း စကိုင္းစေပါ့က အတည္ျပဳပါတယ္။

ပဲေလစ့္ဘက္က ကနဦး ေပါင္ ၁၉ သန္း ထပ္တိုး ေပါင္ ၆ သန္း ပါဝင္တဲ့ ေပါင္ ၂၅ သန္းတန္ စာခ်ဳပ္ျဖင့္ အျပီးသတ္ ေခၚယူခြင့္ကို ကမ္းလွမ္းခဲ့ျခင္းျဖစ္တယ္။ ဒီကမ္းလွမ္းမႈမွာေတာ့ ၄င္းတို႔ရဲ႕ အေစာပိုင္း ခ်ိတ္ဆက္မႈ လုပ္ခဲ့စဥ္မွာ လီဗာပူး ျငင္းဆန္ခဲ့တဲ့ အခ်က္ကို ျပင္ဆင္ျပီး ထည့္သြင္းေပးခဲ့ပါတယ္။

ကမ္းလွမ္းမႈအရ အနာဂတ္မွာ လီဗာပူးက ဘရူးစတားကို ျပန္ေခၚယူလိုရင္ ေပါင္ ၃၇ သန္းျဖင့္ ေခၚယူခြင့္ရမယ့္ အခ်က္ ပါဝင္ပါတယ္။ မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဘရူးစတားကို မေရာင္းထုတ္လိုေပမယ့္ သီယာဂိုနဲ႔ ဂ်ိဳတာတို႔ ေရာက္လာခဲ့ျပီျဖစ္လို႔ အသင္းေျပာင္းခြင့္ျပဳမယ့္ သေဘာမွာ ရွိေနပါတယ္။

ပဲေလစ့္မန္ေနဂ်ာ ရိြဳင္ေဟာင္ဆန္က ဘရူးစတားရဲ႕ အလားအလာကို လူငယ္ဘဝကတည္းက ႏွစ္သက္ခဲ့တာပါ။ ဒါေၾကာင့္ အဂၤလန္သားကို ေခၚယူႏုိင္မယ့္ အခြင့္အေရး ရလာခ်ိန္မွာ အေလးအနက္ ကမ္းလွမ္းမႈေတြ ျပဳလုပ္ေနခဲ့တာျဖစ္တယ္။ ဘရူးစတားကို ခ်ိတ္ဆက္ေနတဲ့ ကလပ္က အနည္းဆံုး ၆ သင္းေလာက္ထိ ရွိတယ္လို႔ သိရတယ္။

လီဗာပူးအသင္းဟာ ဒီရာသီ ကစားသမားသစ္ ၃ ဦးထိ ေခၚယူထားျပီးပါျပီ။ ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ လူစာရင္း ၂၅ ဦးမွာ Home Grown မဟုတ္တဲ့ ကစားသမား ၁၇ ဦးပဲ ထည့္ခြင့္ရွိတာေၾကာင့္ ဂရုဂ်စ္၊ ကားရီယက္စ္နဲ႔ ဝဲလ္ဆန္တို႔ကို ေရာင္းထုတ္ဖို႔ကိုလည္း ၾကိဳးစားေနတာ ျဖစ္ပါတယ္။