ချယ်ဆီးနဲ့ပွဲအတွင်း အရေးပါတဲ့ အခိုက်အတန်တွေထဲမှာတော့ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီကို အယ်လီဆန် ကာကွယ်နိုင်ခဲ့ခြင်းကလည်း ပါဝင်ပါတယ်။

ဝါနာရဲ့ ဧရိယာထဲ လဲကျမှုကို သီယာဂို ဖြတ်ဝင်ပြေးမှုကြောင့်ဆိုကာ ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့တယ်။ ပွဲက အနိုင်ရခဲ့ပြီးဖြစ်သလို ချယ်ဆီးဘက်က တစ်ယောက်လျော့နေတာကြောင့် ဝါနာဖြစ်ရပ်မှာ လီဗာပူးအသင်းသားတွေက သိပ်ပြီး စောဒက မတက်ခဲ့ကြပါဘူး။

ချယ်ဆီးကစားသမားဘဝ ပင်နယ်တီ တစ်ကြိမ်မှ မလွဲဖူးတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက သူ့ပုံစံအတိုင်း အဆုံးသတ်ရာမှာတော့ အယ်လီဆန်က ပုပ်ထုတ်နိုင်ခဲ့တယ်။ ပြန်စင်ထွက်လာတဲ့ ဘောလုံးကိုတော့ မီလ်နာက ရှင်းထုတ်နိုင်ခဲ့ပါတယ်။

အယ်လီဆန်က “ ကျနော် အရမ်းပျော်တယ်ဗျာ ဘာလို့လည်းဆို ကွန်မြူနတီဒိုင်းပွဲမှာ ကျနေ်ာတို့ ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တာလေ။ ဂိုးသမားတစ်ယောက်က ပင်နယ်တီကို တစ်ကြိမ်တောင် မကာကွယ်ပေးနိုင်တဲ့အခါ ခံစားရပါတယ်။ ပိုကောင်းကောင်း လုပ်နိုင်ခဲ့သင့်တယ်လို့ ထင်မိတာပေါ့။ ချယ်ဆီးနဲ့ပွဲမှာ ပင်နယ်တီ ကာကွယ်နိုင်တာက ကျနော်ကို ယုံကြည်မှုတွေ ရှိလာစေပါတယ် ” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

ရာသီအစက ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးအသင်းဟာ လူငယ်လေး ဘရူးစတားလွဲချော်ခဲ့တဲ့ ပင်နယ်တီကြောင့် အရေးနိမ့်ခဲ့တာပါ။ ကလော့ပ်က သူ့ကို အတွေ့အကြုံ ရစေချင်တာကြောင့် စီနီယာတွေကို ကျော်ပြီး ပင်နယ်တီ ကန်ခွင့် ပေးခဲ့တာဖြစ်တယ်။

အာဆင်နယ်ကို ရင်ဆိုင်ခဲ့ရတဲ့ ဒိုင်းပွဲမှာ ပင်နယ်တီ တစ်လုံးမှ မကာကွယ်နိုင်ခဲ့တာအတွက် အချို့သော ပရိသတ်တွေက အယ်လီဆန်ကို ဝေဖန်ခဲ့ကြပြီး ဘရာဇီးဂိုးသမားက ခံစားခဲ့ရတယ်ဆိုတာကို ချယ်ဆီးနဲ့ ပွဲအပြီးမှာ ဝန်ခံစကား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးနဲ႔ပြဲအတြင္း အေရးပါတဲ့ အခိုက္အတန္ေတြထဲမွာေတာ့ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီကို အယ္လီဆန္ ကာကြယ္ႏုိင္ခဲ့ျခင္းကလည္း ပါဝင္ပါတယ္။

ဝါနာရဲ႕ ဧရိယာထဲ လဲက်မႈကို သီယာဂို ျဖတ္ဝင္ေျပးမႈေၾကာင့္ဆိုကာ ကြင္းလယ္ဒိုင္က ပင္နယ္တီ ေပးခဲ့တယ္။ ပြဲက အႏုိင္ရခဲ့ျပီးျဖစ္သလို ခ်ယ္ဆီးဘက္က တစ္ေယာက္ေလ်ာ့ေနတာေၾကာင့္ ဝါနာျဖစ္ရပ္မွာ လီဗာပူးအသင္းသားေတြက သိပ္ျပီး ေစာဒက မတက္ခဲ့ၾကပါဘူး။

ခ်ယ္ဆီးကစားသမားဘဝ ပင္နယ္တီ တစ္ၾကိမ္မွ မလြဲဖူးတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုက သူ႔ပံုစံအတိုင္း အဆံုးသတ္ရာမွာေတာ့ အယ္လီဆန္က ပုပ္ထုတ္ႏုိင္ခဲ့တယ္။ ျပန္စင္ထြက္လာတဲ့ ေဘာလံုးကိုေတာ့ မီလ္နာက ရွင္းထုတ္ႏုိင္ခဲ့ပါတယ္။

အယ္လီဆန္က “ က်ေနာ္ အရမ္းေပ်ာ္တယ္ဗ်ာ ဘာလို႔လည္းဆို ကြန္ျမဴနတီဒိုင္းပြဲမွာ က်ေန္ာတို႔ ပင္နယ္တီနဲ႔ အေရးနိမ့္ခဲ့တာေလ။ ဂိုးသမားတစ္ေယာက္က ပင္နယ္တီကို တစ္ၾကိမ္ေတာင္ မကာကြယ္ေပးႏုိင္တဲ့အခါ ခံစားရပါတယ္။ ပိုေကာင္းေကာင္း လုပ္ႏုိင္ခဲ့သင့္တယ္လို႔ ထင္မိတာေပါ့။ ခ်ယ္ဆီးနဲ႔ပြဲမွာ ပင္နယ္တီ ကာကြယ္ႏုိင္တာက က်ေနာ္ကို ယံုၾကည္မႈေတြ ရွိလာေစပါတယ္ ” လို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

ရာသီအစက ကြန္ျမဴနတီဒိုင္းပြဲမွာ လီဗာပူးအသင္းဟာ လူငယ္ေလး ဘရူးစတားလြဲေခ်ာ္ခဲ့တဲ့ ပင္နယ္တီေၾကာင့္ အေရးနိမ့္ခဲ့တာပါ။ ကေလာ့ပ္က သူ႔ကို အေတြ႔အၾကံဳ ရေစခ်င္တာေၾကာင့္ စီနီယာေတြကို ေက်ာ္ျပီး ပင္နယ္တီ ကန္ခြင့္ ေပးခဲ့တာျဖစ္တယ္။

အာဆင္နယ္ကို ရင္ဆိုင္ခဲ့ရတဲ့ ဒိုင္းပြဲမွာ ပင္နယ္တီ တစ္လံုးမွ မကာကြယ္ႏုိင္ခဲ့တာအတြက္ အခ်ိဳ႔ေသာ ပရိသတ္ေတြက အယ္လီဆန္ကို ေဝဖန္ခဲ့ၾကျပီး ဘရာဇီးဂိုးသမားက ခံစားခဲ့ရတယ္ဆိုတာကို ခ်ယ္ဆီးနဲ႔ ပြဲအျပီးမွာ ဝန္ခံစကား ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။