လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းကို အနိုင်ရခဲ့ခြင်းကြောင့် အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် သုံးရာသီဆက်တိုက် အဖွင့်ပွဲစဉ် ၂ ပွဲကို အနိုင်ရမှု ဖြစ်လာခဲ့ပါတယ်။

လီဗာပူးဟာ အမှတ်ပေးလိဂ်မှာ ၂ ရာသီဆက်တိုက် အဖွင့်ပွဲ ၂ ပွဲ နိုင်တာမျိုးကို အကြိမ်ကြိမ် ပိုင်ဆိုင်ခဲ့ပေမယ့် သုံးရာသီဆက်တိုက်ကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်။ ဒါဟာ လီဗာပူးက ရာသီစကို အထမနှေးတော့ခြင်းလို့ အဓိပ္ပာယ် သက်ရောက်သလို အာရုံစိုက်မှုကို ရာသီစမှာတင် အပြည့်အဝ ထားရှိနိုင်တယ်လို့လည်း ဆိုလိုပါတယ်။

ယာဂင်ကလည်း ပုဂ္ဂိုလ်ရေး စံချိန်ကောင်းတစ်ခုကို ရရှိခဲ့ကာ သူဟာ လီဗာပူးမန်နေဂျာဘဝ ရမှတ် ၄၀၀ ကို အမြန်ဆုံးရတဲ့ မန်နေဂျာတစ်ဦး ဖြစ်လာခဲ့တယ်။ ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက် အနိုင်ရအောင် ကြိုးစားပေးခဲ့သလို နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန်ယူပေးနိုင်ခြင်းကြောင့် ဂန္တဝင်တစ်ဦးအဖြစ် သက်မှတ်ခံထားရတဲ့ ကလော့ပ်အတွက်က အတိတ်က လီဗာပူးမန်နေဂျာကြီးတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့ မှတ်တမ်းကောင်းကိုပါ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ကလောပ့်ဟာ ရမှတ် ၄၀၀ အတွက် ပွဲပေါင်း ၁၈၄ ပွဲ ကိုင်တွယ်ခဲ့ကာ တစ်ပွဲပျှမ်းမျှရမှတ် ၂.၁၇ ထိ ရှိထားသူဖြစ်တယ်။ ကလော့ပ် မတိုင်ခင်မှာတော့ ဆာကင်နီက ရမှတ် ၄၀၀ အတွက် ပွဲပေါင်း ၁၉၇ ပွဲ ကိုင်တွယ်ခဲ့သလို ဘော့ပီယာစလေက ပွဲပေါင်း ၂၀၆ ပွဲထိ ကိုင်တွယ်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ လီဗာပူးအသင်းဟာ အတိတ်က အကောင်းဆုံး လီဗာပူးအသင်းတွေထက်တောင် ရမှတ်ရမှု ပိုများနေတာဖြစ်လို့ အသင်းပရိသတ်တွေက သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ အကောင်းဆုံး ဂန္တဝင်မန်နေဂျာတွေထဲက တစ်ဦးကို အားပေးခွင့်ရနေကြခြင်းလည်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်ယ္ဆီးအသင္းကို အႏုိင္ရခဲ့ျခင္းေၾကာင့္ အသင္းသမိုင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ သံုးရာသီဆက္တိုက္ အဖြင့္ပြဲစဥ္ ၂ ပြဲကို အႏုိင္ရမႈ ျဖစ္လာခဲ့ပါတယ္။

လီဗာပူးဟာ အမွတ္ေပးလိဂ္မွာ ၂ ရာသီဆက္တိုက္ အဖြင့္ပြဲ ၂ ပြဲ ႏုိင္တာမ်ိဳးကို အၾကိမ္ၾကိမ္ ပိုင္ဆိုင္ခဲ့ေပမယ့္ သံုးရာသီဆက္တိုက္ကေတာ့ ပထမဆံုးအၾကိမ္ျဖစ္တယ္။ ဒါဟာ လီဗာပူးက ရာသီစကို အထမေႏွးေတာ့ျခင္းလို႔ အဓိပၸာယ္ သက္ေရာက္သလို အာရံုစိုက္မႈကို ရာသီစမွာတင္ အျပည့္အဝ ထားရွိႏုိင္တယ္လို႔လည္း ဆိုလိုပါတယ္။

ယာဂင္ကလည္း ပုဂၢိဳလ္ေရး စံခ်ိန္ေကာင္းတစ္ခုကို ရရွိခဲ့ကာ သူဟာ လီဗာပူးမန္ေနဂ်ာဘဝ ရမွတ္ ၄၀၀ ကို အျမန္ဆံုးရတဲ့ မန္ေနဂ်ာတစ္ဦး ျဖစ္လာခဲ့တယ္။ ခ်န္ပီယံလိဂ္ဖလားကို ၆ ၾကိမ္ေျမာက္ အႏုိင္ရေအာင္ ၾကိဳးစားေပးခဲ့သလို ႏွစ္ ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ယူေပးႏုိင္ျခင္းေၾကာင့္ ဂႏၱဝင္တစ္ဦးအျဖစ္ သက္မွတ္ခံထားရတဲ့ ကေလာ့ပ္အတြက္က အတိတ္က လီဗာပူးမန္ေနဂ်ာၾကီးေတြနဲ႔ ႏိႈင္းယွဥ္လို႔ရတဲ့ မွတ္တမ္းေကာင္းကိုပါ ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ကေလာပ့္ဟာ ရမွတ္ ၄၀၀ အတြက္ ပြဲေပါင္း ၁၈၄ ပြဲ ကိုင္တြယ္ခဲ့ကာ တစ္ပြဲပွ်မ္းမွ်ရမွတ္ ၂.၁၇ ထိ ရွိထားသူျဖစ္တယ္။ ကေလာ့ပ္ မတိုင္ခင္မွာေတာ့ ဆာကင္နီက ရမွတ္ ၄၀၀ အတြက္ ပြဲေပါင္း ၁၉၇ ပြဲ ကိုင္တြယ္ခဲ့သလို ေဘာ့ပီယာစေလက ပြဲေပါင္း ၂၀၆ ပြဲထိ ကိုင္တြယ္ခဲ့ရတာ ျဖစ္ပါတယ္။

လက္ရွိ လီဗာပူးအသင္းဟာ အတိတ္က အေကာင္းဆံုး လီဗာပူးအသင္းေတြထက္ေတာင္ ရမွတ္ရမႈ ပိုမ်ားေနတာျဖစ္လို႔ အသင္းပရိသတ္ေတြက သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး အသင္းေတြထဲက တစ္သင္းနဲ႔ အေကာင္းဆံုး ဂႏၱဝင္မန္ေနဂ်ာေတြထဲက တစ္ဦးကို အားေပးခြင့္ရေနၾကျခင္းလည္း ျဖစ္ပါတယ္။