လီဗာပူးက ချယ်ဆီးကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ယာဂင်ကလည်း ပုဂ္ဂိုလ်ရေး စံချိန်ကောင်းတစ်ခုကို ရရှိခဲ့ကာ သူဟာ လီဗာပူးမန်နေဂျာဘဝ ရမှတ် ၄၀၀ ကို အမြန်ဆုံးရတဲ့ မန်နေဂျာတစ်ဦး ဖြစ်လာခဲ့တယ်။

ပရီးမီယားလိဂ်ကလပ် ပဲလေစ့်အသင်းဟာ လီဗာပူးတိုက်စစ်သမား ဘရူးစတားကို ကနဦး ပေါင် ၁၉ သန်း ထပ်တိုး ပေါင် ၆ သန်းဖြင့် ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပြီး ပဲလေစ့် ပိုင်ရှင်ကတော့ အဆိုပါ သတင်းကို ငြင်းဆန်ပါတယ်။

သီယာဂိုဟာ ဘိုင်ယန်ကနေ ထွက်ခွာဖို့ ပြင်ဆင်ရာမှာ အသင်းဟောင်း ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် စပိန်သားကတော့ လီဗာပူးကိုပဲ ပြောင်းဖို့ကို စိတ်ပိုင်းဖြတ်ထားကာ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ သိရတယ်။

ဒီအပတ်မှာ ကစားသမားသစ် ၂ ဦးကို ဆက်တိုက် ခေါ်ယူခဲ့တာက လီဗာပူးအသင်းနဲ့ အဝတ်လဲခန်းရဲ့ စိတ်ဓါတ်ပိုင်းကို အမြင့်ဆုံးကို ထိုးတက်သွားစေခဲ့တယ်လို့ နဗီးက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသိုင်းအဝိုင်းက ထွက်မသွားဖို့ တားမြစ်ခြင်းကို ငြင်းဆန်ပြီး ဖီအိုရင်တီးနားကို ပြောင်းသွားခဲ့တဲ့ လူငယ်တိုက်စစ်သမား ဘော်ဘီဒွန်းကန့်ဟာ စီးရီးအေကလပ် ချန်ပီယံရှစ်ကလပ် ဒါဘီ ယူ-၂၃ အသင်းနဲ့ ပူးပေါင်းသွားတော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးသစ်ကို ထပ်မံ ခေါ်ယူမှာ မဟုတ်သလို နောက်ထပ် ကစားသမားသစ်တွေကို ခေါ်ယူသွားမှာ မဟုတ်ဘဲ ကစားသမား ရောင်းထုတ်မှုတွေကိုပဲ ဆက်လက် လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

အန်ဖီးကွင်းထဲ ပရိသတ် ၁၂၀၀၀ ကနေ ၁၃၀၀၀ ကြား ဝင်ခွင့်ရအောင် လီဗာပူးအသင်း တာဝန်ရှိသူတွေက ကြိုးစားနေပါတယ်။ မာဆေးဆိုဒ်ဟာ ဒီရက်ပိုင်းတွေမှာ မြင့်တက်လာတဲ့ ကပ်ဘေး ကူးစက်မှုတွေကြောင့် ကန့်သတ်မှုကြီးတွေ လုပ်ဆောင်ထားတဲ့ နေရာဖြစ်ပါတယ်။

ချယ်ဆီးနဲ့ပွဲမှာ ပြိုင်ဘက်အသင်းသား အနီကဒ် ပြသခံရခြင်းကို အောင်ပွဲခံတဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးရဲ့ အပြုအမှုကို ထပ်မလုပ်ဖို့နဲ့ အားကစားစိတ်ဓါတ် မရှိခြင်းကို မကြိုက်ဘူးလို့ အသင်းနည်းပြအဖွဲ့ကို ကလော့ပ်က သတိပေးလိုက်ပါတယ်။

ချယ်ဆီးနဲ့ပွဲမှာ ပင်နယ်တီ ကာကွယ်နိုင်ခဲ့တဲ့ အယ်လီဆန်က “ ကျနော် အရမ်းပျော်တယ်ဗျာ။ ကွန်မြူနတီဒိုင်းပွဲမှာ ကျနေ်ာတို့ ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တာလေ။ ဂိုးသမားတစ်ယောက်က ပင်နယ်တီကို တစ်ကြိမ်တောင် မကာကွယ်ပေးနိုင်တဲ့အခါ ခံစားရပါတယ်။ ပိုကောင်းကောင်း လုပ်နိုင်ခဲ့သင့်တယ်လို့ ထင်မိတာပေါ့။ ချယ်ဆီးနဲ့ပွဲမှာ ပင်နယ်တီ ကာကွယ်နိုင်တာက ကျနော်ကို ယုံကြည်မှုတွေ ရှိလာစေပါတယ် ” လို့ ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးကို အနိုင်ယူတဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးရခဲ့တဲ့နောက် မာနေးဟာ စီရော်နယ်ဒိုရဲ့ ပရီးမီးယားလိဂ်မှာ ၁၉၆ ပွဲအတွင်း သွင်းဂိုး ၈၄ ဂိုး သွင်းယူထားတဲ့ မှတ်တမ်းကို ၈၆ ဂိုး ဖြင့် ကျော်ဖြတ်သွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးက ခ်ယ္ဆီးကို ၂-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ယာဂင္ကလည္း ပုဂၢိဳလ္ေရး စံခ်ိန္ေကာင္းတစ္ခုကို ရရွိခဲ့ကာ သူဟာ လီဗာပူးမန္ေနဂ်ာဘဝ ရမွတ္ ၄၀၀ ကို အျမန္ဆံုးရတဲ့ မန္ေနဂ်ာတစ္ဦး ျဖစ္လာခဲ့တယ္။

ပရီးမီယားလိဂ္ကလပ္ ပဲေလစ့္အသင္းဟာ လီဗာပူးတိုက္စစ္သမား ဘရူးစတားကို ကနဦး ေပါင္ ၁၉ သန္း ထပ္တိုး ေပါင္ ၆ သန္းျဖင့္ ေခၚယူႏုိင္ဖို႔အတြက္ ကမ္းလွမ္းမႈကို ျပဳလုပ္ခဲ့တယ္လို႔ သိရျပီး ပဲေလစ့္ ပိုင္ရွင္ကေတာ့ အဆိုပါ သတင္းကို ျငင္းဆန္ပါတယ္။

သီယာဂိုဟာ ဘိုင္ယန္ကေန ထြက္ခြာဖို႔ ျပင္ဆင္ရာမွာ အသင္းေဟာင္း ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈကိုလည္း ရရွိခဲ့ပါတယ္။ ဒါေပမယ့္ စပိန္သားကေတာ့ လီဗာပူးကိုပဲ ေျပာင္းဖို႔ကို စိတ္ပိုင္းျဖတ္ထားကာ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တယ္လို႔ သိရတယ္။

ဒီအပတ္မွာ ကစားသမားသစ္ ၂ ဦးကို ဆက္တိုက္ ေခၚယူခဲ့တာက လီဗာပူးအသင္းနဲ႔ အဝတ္လဲခန္းရဲ႕ စိတ္ဓါတ္ပိုင္းကို အျမင့္ဆံုးကို ထိုးတက္သြားေစခဲ့တယ္လို႔ နဗီးက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသိုင္းအဝိုင္းက ထြက္မသြားဖို႔ တားျမစ္ျခင္းကို ျငင္းဆန္ျပီး ဖီအိုရင္တီးနားကို ေျပာင္းသြားခဲ့တဲ့ လူငယ္တိုက္စစ္သမား ေဘာ္ဘီဒြန္းကန္႔ဟာ စီးရီးေအကလပ္ ခ်န္ပီယံရွစ္ကလပ္ ဒါဘီ ယူ-၂၃ အသင္းနဲ႔ ပူးေပါင္းသြားေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဗဟိုခံစစ္မွဴးသစ္ကို ထပ္မံ ေခၚယူမွာ မဟုတ္သလို ေနာက္ထပ္ ကစားသမားသစ္ေတြကို ေခၚယူသြားမွာ မဟုတ္ဘဲ ကစားသမား ေရာင္းထုတ္မႈေတြကိုပဲ ဆက္လက္ လုပ္ေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္။

အန္ဖီးကြင္းထဲ ပရိသတ္ ၁၂၀၀၀ ကေန ၁၃၀၀၀ ၾကား ဝင္ခြင့္ရေအာင္ လီဗာပူးအသင္း တာဝန္ရွိသူေတြက ၾကိဳးစားေနပါတယ္။ မာေဆးဆိုဒ္ဟာ ဒီရက္ပိုင္းေတြမွာ ျမင့္တက္လာတဲ့ ကပ္ေဘး ကူးစက္မႈေတြေၾကာင့္ ကန္႔သတ္မႈၾကီးေတြ လုပ္ေဆာင္ထားတဲ့ ေနရာျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႔ပြဲမွာ ျပိဳင္ဘက္အသင္းသား အနီကဒ္ ျပသခံရျခင္းကို ေအာင္ပြဲခံတဲ့ နည္းျပအဖြဲ႔ဝင္တစ္ဦးရဲ႕ အျပဳအမႈကို ထပ္မလုပ္ဖို႔နဲ႔ အားကစားစိတ္ဓါတ္ မရွိျခင္းကို မၾကိဳက္ဘူးလို႔ အသင္းနည္းျပအဖြဲ႔ကို ကေလာ့ပ္က သတိေပးလိုက္ပါတယ္။

ခ်ယ္ဆီးနဲ႔ပြဲမွာ ပင္နယ္တီ ကာကြယ္ႏုိင္ခဲ့တဲ့ အယ္လီဆန္က “ က်ေနာ္ အရမ္းေပ်ာ္တယ္ဗ်ာ။ ကြန္ျမဴနတီဒိုင္းပြဲမွာ က်ေန္ာတို႔ ပင္နယ္တီနဲ႔ အေရးနိမ့္ခဲ့တာေလ။ ဂိုးသမားတစ္ေယာက္က ပင္နယ္တီကို တစ္ၾကိမ္ေတာင္ မကာကြယ္ေပးႏုိင္တဲ့အခါ ခံစားရပါတယ္။ ပိုေကာင္းေကာင္း လုပ္ႏုိင္ခဲ့သင့္တယ္လို႔ ထင္မိတာေပါ့။ ခ်ယ္ဆီးနဲ႔ပြဲမွာ ပင္နယ္တီ ကာကြယ္ႏုိင္တာက က်ေနာ္ကို ယံုၾကည္မႈေတြ ရွိလာေစပါတယ္ ” လို႔ ဖြင့္ဟခဲ့ပါတယ္။

ခ်ယ္ဆီးကို အႏုိင္ယူတဲ့ပြဲမွာ သြင္းဂိုး ၂ ဂိုးရခဲ့တဲ့ေနာက္ မာေနးဟာ စီေရာ္နယ္ဒိုရဲ႕ ပရီးမီးယားလိဂ္မွာ ၁၉၆ ပြဲအတြင္း သြင္းဂိုး ၈၄ ဂိုး သြင္းယူထားတဲ့ မွတ္တမ္းကို ၈၆ ဂိုး ျဖင့္ ေက်ာ္ျဖတ္သြားခဲ့ပါတယ္။