ယူအီးအက်ဖ်အေက ဥရောပဆိုင်ရာ နိုင်ငံတကာပွဲတွေနဲ့ ကလပ်ပွဲတွေမှာ လူစားလဲမှု ၅ ခုထိ ပြုလုပ်နိုင်ကြောင်းကို အတည်ပြုပေးခဲ့ပြီဖြစ်ပါတယ်။

မားသားဝဲလ်အသင်းမှ အလားအလာကောင်းရှိသူအဖြစ် နာမည်ထွက်နေတဲ့ ၁၆ နှစ်သား ခံစစ်မှူး ဆမ် ကမ်းဘဲလ်ကိုတော့ လီဗာပူး၊ လိဒ်ယူနိုက်တက်နဲ့ ဘရိုက်တန်အသင်းတို့က ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်ထားကြပါတယ်။

လီဗာပူးရဲ့ ကာရာဘောင်းပြိုင်ဘက် Lincoln အသင်းရဲ့ မန်နေဂျာ အပလီတန်က ဒီကနေ့ညပွဲမှာ တုန့်ပြန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ကြဖို့ သူ့အသင်းသားတွေကို တိုက်တွန်းပါတယ်။

Lincoln City တိုက်စစ်သမား တွမ်ကော့ပါက ” လီဗာပူးက မယုံနိုင်အောင် ကောင်းတဲ့ အရည်အချင်းရှိပြီး ကျနေ်ာတို့က စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနေ်ာတို့ ကြိုးစားသွားမှာပါ။ လူတိုင်းမှာ တစ်နေရာရာတော့ အားနည်းချက်တွေ ရှိကြပါတယ်။ အဲ့တာကို ရှာဖွေသွားမှာပါ ” ဆိုပြီး ၎င်းတို့အသင်း ဝဘ်ဆိုဒ်ကနေ ပြောပါတယ်။

အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ပွဲမှာ အာဆင်နယ် ဘယ်အစွန်လူ တီရာနေးက ကြံ့ခိုင်မှု ကောင်းမွန်နေမှာဖြစ်ကြောင်း မန်နေဂျာ အာတီတာက သတင်းပေးထားပါတယ်။

ကက်တလန်အခြေစိုက် ရေဒီယိုတွေကတော့ ဘာစီလိုနာဟာ လီဗာပူး ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ခေါ်ယူနိုင်ဖို့ ဈေးကွက် နောက်ဆုံးအချိန်မှာ ကမ်းလှမ်းမှုတွေ လုပ်မယ်လို့ ထုတ်လွှင်သွားပါတယ်။

လာမယ့်ရာသီမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ့် တိုက်စစ်မှူး အမ်ဘတ်ပီကို ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရမှာ မဟုတ်ဘဲ ပေါင် ၉၁ သန်းဖြင့် ခေါ်ယူနိုင်မယ်လို့ ပြင်သစ်သတင်းဌာန L’Equipe က ဖော်ပြပါတယ်။

အီတလီတိုက်စစ်သမား အီမိုဘီလီက ယာဂင်ကလော့ပ် လက်အောက်မှာ ကစားခဲ့ရာမှာ အလုပ်မဖြစ်ခဲ့ပေမယ့် အကောင်းဆုံးတွေအတွက် လမ်းညွှန်ပေးတတ်တဲ့ ဂျာမနီမန်နေဂျာကြီးကို မေ့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန်က ဘောလုံးအသင်းတွေရဲ့ ပွဲစဉ်တွေအတွင်း ပရိသတ် တက်ရောက်ကြည့်ရှုခွင့်ကို မတ်လအထိ ပိတ်သွားမယ်လို့ ကြေညာခဲ့ခြင်းကြောင့် လီဗာပူးအသင်းကလည်း ပရီးမီးယားလိဂ်မှာတော့ ဆုံးရံှူးမှု အကြီးမားဆုံး ကလပ်တွေထဲမှာ ၄ သင်းမြောက်အဖြစ် ပေါင် ၁၀၄ သန်းခန့် ဆုံးရံှူးမယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

ZAWGYI

ယူအီးအက္ဖ္ေအက ဥေရာပဆိုင္ရာ ႏုိင္ငံတကာပြဲေတြနဲ႔ ကလပ္ပြဲေတြမွာ လူစားလဲမႈ ၅ ခုထိ ျပဳလုပ္ႏုိင္ေၾကာင္းကို အတည္ျပဳေပးခဲ့ျပီျဖစ္ပါတယ္။

မားသားဝဲလ္အသင္းမွ အလားအလာေကာင္းရွိသူအျဖစ္ နာမည္ထြက္ေနတဲ့ ၁၆ ႏွစ္သား ခံစစ္မွဴး ဆမ္ ကမ္းဘဲလ္ကိုေတာ့ လီဗာပူး၊ လိဒ္ယူႏုိက္တက္နဲ႔ ဘရိုက္တန္အသင္းတို႔က ေခၚယူဖို႔ ကမ္းလွမ္းမႈ လုပ္ထားၾကပါတယ္။

လီဗာပူးရဲ႕ ကာရာေဘာင္းျပိဳင္ဘက္ Lincoln အသင္းရဲ႕ မန္ေနဂ်ာ အပလီတန္က ဒီကေန႔ညပြဲမွာ တုန္႔ျပန္တိုက္ခိုက္မႈေတြနဲ႔ ရင္ဆိုင္ၾကဖို႔ သူ႔အသင္းသားေတြကို တိုက္တြန္းပါတယ္။

Lincoln City တိုက္စစ္သမား တြမ္ေကာ့ပါက ” လီဗာပူးက မယံုႏုိင္ေအာင္ ေကာင္းတဲ့ အရည္အခ်င္းရွိျပီး က်ေန္ာတို႔က စိန္ေခၚမႈၾကီးကို ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔ ၾကိဳးစားသြားမွာပါ။ လူတိုင္းမွာ တစ္ေနရာရာေတာ့ အားနည္းခ်က္ေတြ ရွိၾကပါတယ္။ အဲ့တာကို ရွာေဖြသြားမွာပါ ” ဆိုျပီး ၄င္းတို႔အသင္း ဝဘ္ဆိုဒ္ကေန ေျပာပါတယ္။

အန္ဖီးမွာ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးနဲ႔ပြဲမွာ အာဆင္နယ္ ဘယ္အစြန္လူ တီရာေနးက ၾကံ႕ခိုင္မႈ ေကာင္းမြန္ေနမွာျဖစ္ေၾကာင္း မန္ေနဂ်ာ အာတီတာက သတင္းေပးထားပါတယ္။

ကက္တလန္အေျခစိုက္ ေရဒီယိုေတြကေတာ့ ဘာစီလိုနာဟာ လီဗာပူး ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို ေခၚယူႏုိင္ဖို႔ ေစ်းကြက္ ေနာက္ဆံုးအခ်ိန္မွာ ကမ္းလွမ္းမႈေတြ လုပ္မယ္လုိ႔ ထုတ္လႊင္သြားပါတယ္။

လာမယ့္ရာသီမွာ ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာမယ့္ တိုက္စစ္မွဴး အမ္ဘတ္ပီကို ကမၻာစံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူရမွာ မဟုတ္ဘဲ ေပါင္ ၉၁ သန္းျဖင့္ ေခၚယူႏုိင္မယ္လို႔ ျပင္သစ္သတင္းဌာန L’Equipe က ေဖာ္ျပပါတယ္။

အီတလီတိုက္စစ္သမား အီမိုဘီလီက ယာဂင္ကေလာ့ပ္ လက္ေအာက္မွာ ကစားခဲ့ရာမွာ အလုပ္မျဖစ္ခဲ့ေပမယ့္ အေကာင္းဆံုးေတြအတြက္ လမ္းညႊန္ေပးတတ္တဲ့ ဂ်ာမနီမန္ေနဂ်ာၾကီးကို ေမ့မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ျဗိတိန္ ဝန္ၾကီးခ်ဳပ္ ေဘာရစ္ ဂၽြန္ဆန္က ေဘာလံုးအသင္းေတြရဲ႕ ပြဲစဥ္ေတြအတြင္း ပရိသတ္ တက္ေရာက္ၾကည့္ရႈခြင့္ကို မတ္လအထိ ပိတ္သြားမယ္လို႔ ေၾကညာခဲ့ျခင္းေၾကာင့္ လီဗာပူးအသင္းကလည္း ပရီးမီးယားလိဂ္မွာေတာ့ ဆံုးရံွဴးမႈ အၾကီးမားဆံုး ကလပ္ေတြထဲမွာ ၄ သင္းေျမာက္အျဖစ္ ေပါင္ ၁၀၄ သန္းခန္႔ ဆံုးရံွဴးမယ္လို႔ တယ္လီဂရပ္က ေဖာ္ျပပါတယ္။