ယူအီးအက်ဖ်အေက ဥရောပဆိုင်ရာ နိုင်ငံတကာပွဲတွေနဲ့ ကလပ်ပွဲတွေမှာ လူစားလဲမှု ၅ ခုထိ ပြုလုပ်နိုင်ကြောင်းကို အတည်ပြုပေးခဲ့ပြီဖြစ်ပါတယ်။

လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်လီဂါနဲ့ လီဂူးဝမ်းတို့က ဒီရာသီမှာ လူစားလဲမှု ၅ ခုထိ ပြုလုပ်ခွင့် ပေးထားပေမယ့် ပရီးမီးယားလိဂ်ကတော့ တန်းဆင်းဇုန်ကလပ်တွေ ဆန့်ကျင်မှုနဲ့အတူ ယခင်ပုံစံအတိုင်း လူစားလဲမှု ၃ ခုကိုပဲ ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲဝင် အင်္ဂလန်ကလပ်တွေအဖို့ ဥရောပပြိုင်ပွဲတွေမှာ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ၃ ခုပဲ လုပ်ခွင့်ရမှာဖြစ်တယ်။

ပရီးမီးယားလိဂ်ဟာ ကိုဗစ်ကပ်ဘေးအတွင်း ဘောလုံးပွဲ ပြန်စရမှာ အထူး လိုက်လျောမှုအဖြစ် အခြားသော လိဂ်တွေလို လူစားလဲမှု ၅ ခုလုပ်ခွင့်ပေးပြီး ပွဲနေ့ လူစာရင်းကိုလည်း ၁၈ ဦးအစား ၂၀ ဦးထိ တိုးမြင့် ခွင့်ပြုခဲ့တာပါ။ ဒါ့အပြင် ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ရေသောက်ချိန်တွေကိုလည်း ခွင့်ပြုထားခဲ့ပါတယ်။

ရာသီသစ်မှာလည်း အဆိုပါ စည်းကမ်းကို ဆက်ထားမထားကို ကလပ်တွေ ဆုံးဖြတ်မှု ခံယူခဲ့ကြတယ်။ ပရီးမီးယားလိဂ် စည်းမျဉ်းအရ ဆုံးဖြတ်ချက်အတွက် သဘောတူညီမှုရဖို့ မဲ ၁၄ မှတ် လိုခဲ့တာဖြစ်ပေမယ့် ကလပ်အသင်း ၂၀ ထဲက ၁၁ သင်းက ငြင်းဆန်ခဲ့ခြင်းဖြစ်တယ်။ မဲစာရင်း အတည်ပြုမှုမှာတော့ ၁၀ သင်းက သဘောတူပြီး ၁၀ သင်းက သဘောမတူခဲ့ကြဘူး။

အသင်းကြီးတွေ အသာရသွားနိုင်တဲ့ အချက်လို့ တန်းဆင်းဇုန်ကလပ်တွေ ယူဆတာကြောင့် ငြင်းဆန်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေအဖို့ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ရတော့မယ့် အနေအထားအတွက် စိတ်ပျက်နေခဲ့ကြတာဖြစ်တယ်။

ZAWGYI

ယူအီးအက္ဖ္ေအက ဥေရာပဆိုင္ရာ ႏုိင္ငံတကာပြဲေတြနဲ႔ ကလပ္ပြဲေတြမွာ လူစားလဲမႈ ၅ ခုထိ ျပဳလုပ္ႏုိင္ေၾကာင္းကို အတည္ျပဳေပးခဲ့ျပီျဖစ္ပါတယ္။

လာလီဂါ၊ စီးရီးေအ၊ ဘြန္ဒက္လီဂါနဲ႔ လီဂူးဝမ္းတို႔က ဒီရာသီမွာ လူစားလဲမႈ ၅ ခုထိ ျပဳလုပ္ခြင့္ ေပးထားေပမယ့္ ပရီးမီးယားလိဂ္ကေတာ့ တန္းဆင္းဇုန္ကလပ္ေတြ ဆန္႔က်င္မႈနဲ႔အတူ ယခင္ပံုစံအတိုင္း လူစားလဲမႈ ၃ ခုကိုပဲ ျပဳလုပ္ရမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ျပိဳင္ပြဲဝင္ အဂၤလန္ကလပ္ေတြအဖို႔ ဥေရာပျပိဳင္ပြဲေတြမွာ လူစားလဲမႈ ၅ ခုထိ လုပ္ခြင့္ရမွာျဖစ္ျပီး ပရီးမီးယားလိဂ္မွာေတာ့ ၃ ခုပဲ လုပ္ခြင့္ရမွာျဖစ္တယ္။

ပရီးမီးယားလိဂ္ဟာ ကိုဗစ္ကပ္ေဘးအတြင္း ေဘာလံုးပြဲ ျပန္စရမွာ အထူး လိုက္ေလ်ာမႈအျဖစ္ အျခားေသာ လိဂ္ေတြလို လူစားလဲမႈ ၅ ခုလုပ္ခြင့္ေပးျပီး ပြဲေန႔ လူစာရင္းကိုလည္း ၁၈ ဦးအစား ၂၀ ဦးထိ တိုးျမင့္ ခြင့္ျပဳခဲ့တာပါ။ ဒါ့အျပင္ ပထမပိုင္းနဲ႔ ဒုတိယပိုင္းေတြမွာ ေရေသာက္ခ်ိန္ေတြကိုလည္း ခြင့္ျပဳထားခဲ့ပါတယ္။

ရာသီသစ္မွာလည္း အဆိုပါ စည္းကမ္းကို ဆက္ထားမထားကို ကလပ္ေတြ ဆံုးျဖတ္မႈ ခံယူခဲ့ၾကတယ္။ ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ ဆံုးျဖတ္ခ်က္အတြက္ သေဘာတူညီမႈရဖို႔ မဲ ၁၄ မွတ္ လိုခဲ့တာျဖစ္ေပမယ့္ ကလပ္အသင္း ၂၀ ထဲက ၁၁ သင္းက ျငင္းဆန္ခဲ့ျခင္းျဖစ္တယ္။ မဲစာရင္း အတည္ျပဳမႈမွာေတာ့ ၁၀ သင္းက သေဘာတူျပီး ၁၀ သင္းက သေဘာမတူခဲ့ၾကဘူး။

အသင္းၾကီးေတြ အသာရသြားႏုိင္တဲ့ အခ်က္လို႔ တန္းဆင္းဇုန္ကလပ္ေတြ ယူဆတာေၾကာင့္ ျငင္းဆန္ခဲ့ျခင္းေၾကာင့္ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြအဖို႔ ဒဏ္ရာျပႆနာေတြ ရင္ဆိုင္ရေတာ့မယ့္ အေနအထားအတြက္ စိတ္ပ်က္ေနခဲ့ၾကတာျဖစ္တယ္။