လီဗာပူးရဲ့ ကာရာဘောင်းပြိုင်ဘက် Lincoln အသင်းရဲ့ မန်နေဂျာ အပလီတန်က ဒီကနေ့ညပွဲမှာ တုန့်ပြန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ကြဖို့ သူ့အသင်းသားတွေကို တိုက်တွန်းပါတယ်။

အပလီတန်က လီဗာပူးလုပ်သမျှကို ခံရမယ့် အနေအထားနဲ့ ကွင်းထဲမှာ မယှဉ်ပြိုင်ကြဖို့နဲ့ သူတင်ကိုယ်တိုင် တိုက်ခိုက်လိုစိတ်နဲ့ ကစားပြီး အင်္ဂလန်ချန်ပီယံအသင်းကို အာရုံစားစေဖို့ ပြန်လည် ဖိအားပေးကြဖို့ တောင်းဆိုခဲ့တယ်။

Lincoln မန်နေဂျာ အပလီတန်က “ အကယ်လို ဒါက မြင်းပွဲဆိုရင် ပေါက်ကြေးက ၁၀၀ ပုံ ၁ ပုံ၊ ၁၀၀၀ ပုံ ၁ ပုံပဲ နိုင်ချေရှိတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီပွဲကို ယုံကြည်မှုနဲ့ ပါဝင် ကစားမှာ ဖြစ်ပါတယ်။ ပြုသမျှနုရမယ့် ဘဝနဲ့ ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။

ဒီလိုပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ အသင်းကြီးတွေက ကောင်းမွန်တဲ့ ပုံစံတွေနဲ့ ယှဉ်ပြိုင်ပေမယ့် ဘောလုံးကိုင်ကစားမှုမှာ သိပ်မကောင်းကြပါဘူး။ အသင်းသားတွေကို ဒါကို သတိပေးထားပြီး တိုက်ခိုက်လိုစိတ် အပြည့်နဲ့ ကစားဖို့ လမ်းညွှန်ထားပါတယ်။

လီဗာပူးကစားတာကိုပဲ ကြည့်မနေကြပါနဲ့။ သူတို့တွေ ခေါင်းစားသွားအောင်ကို ကစားကြပါ ” လို့ တိုက်တွန်းခဲ့တာ ဖြစ်တယ်။

လီဗာပူးအသင်းဟာ ဒီပွဲကို ဘယ်လို လူစာရင်းထုတ်လာမလဲ မကွဲပေမယ့် ယခင်နှစ်ကလို ယူ-၂၃ အသင်း ထုတ်သုံးတာမျိုးတော့ လုပ်မှာ မဟုတ်ပါဘူး။ အသင်းမှာ ပွဲမကစားရသေးတဲ့ အရန်နဲ့ လူငယ်တွေ ရှိနေပြီး သူတို့တွေကို တွဲဘက် ထုတ်သုံးလာမယ် မျှော်လင့်ထားရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ကာရာေဘာင္းျပိဳင္ဘက္ Lincoln အသင္းရဲ႕ မန္ေနဂ်ာ အပလီတန္က ဒီကေန႔ညပြဲမွာ တုန္႔ျပန္တိုက္ခိုက္မႈေတြနဲ႔ ရင္ဆိုင္ၾကဖို႔ သူ႔အသင္းသားေတြကို တိုက္တြန္းပါတယ္။

အပလီတန္က လီဗာပူးလုပ္သမွ်ကို ခံရမယ့္ အေနအထားနဲ႔ ကြင္းထဲမွာ မယွဥ္ျပိဳင္ၾကဖို႔နဲ႔ သူတင္ကိုယ္တိုင္ တိုက္ခိုက္လိုစိတ္နဲ႔ ကစားျပီး အဂၤလန္ခ်န္ပီယံအသင္းကို အာရံုစားေစဖို႔ ျပန္လည္ ဖိအားေပးၾကဖို႔ ေတာင္းဆိုခဲ့တယ္။

Lincoln မန္ေနဂ်ာ အပလီတန္က “ အကယ္လို ဒါက ျမင္းပြဲဆိုရင္ ေပါက္ေၾကးက ၁၀၀ ပံု ၁ ပံု၊ ၁၀၀၀ ပံု ၁ ပံုပဲ ႏုိင္ေခ်ရွိတာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ဒီပြဲကို ယံုၾကည္မႈနဲ႔ ပါဝင္ ကစားမွာ ျဖစ္ပါတယ္။ ျပဳသမွ်ႏုရမယ့္ ဘဝနဲ႔ ယွဥ္ျပိဳင္မွာ မဟုတ္ပါဘူး။

ဒီလိုပြဲေတြကို ဝင္ေရာက္ယွဥ္ျပိဳင္တဲ့ အသင္းၾကီးေတြက ေကာင္းမြန္တဲ့ ပံုစံေတြနဲ႔ ယွဥ္ျပိဳင္ေပမယ့္ ေဘာလံုးကိုင္ကစားမႈမွာ သိပ္မေကာင္းၾကပါဘူး။ အသင္းသားေတြကို ဒါကို သတိေပးထားျပီး တိုက္ခိုက္လုိစိတ္ အျပည့္နဲ႔ ကစားဖို႔ လမ္းညႊန္ထားပါတယ္။

လီဗာပူးကစားတာကိုပဲ ၾကည့္မေနၾကပါနဲ႔။ သူတို႔ေတြ ေခါင္းစားသြားေအာင္ကို ကစားၾကပါ ” လို႔ တိုက္တြန္းခဲ့တာ ျဖစ္တယ္။

လီဗာပူးအသင္းဟာ ဒီပြဲကို ဘယ္လို လူစာရင္းထုတ္လာမလဲ မကြဲေပမယ့္ ယခင္ႏွစ္ကလို ယူ-၂၃ အသင္း ထုတ္သံုးတာမ်ိဳးေတာ့ လုပ္မွာ မဟုတ္ပါဘူး။ အသင္းမွာ ပြဲမကစားရေသးတဲ့ အရန္နဲ႔ လူငယ္ေတြ ရွိေနျပီး သူတို႔ေတြကို တြဲဘက္ ထုတ္သံုးလာမယ္ ေမွ်ာ္လင့္ထားရတာ ျဖစ္ပါတယ္။