လာမယ့်ရာသီမှာတော့ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးကို ပေါင် ၉၁ သန်းဖြင့် ခေါ်ယူနိုင်မယ်လို့ ပြင်သစ်သတင်းဌာန L’Equipe က ဖော်ပြပါတယ်။

ပီအက်စ်ဂျီအသင်းသမိုင်းမှာ ဒုတိယမြောက် ဈေးအကြီးဆုံး ကစားသမားဖြစ်တဲ့ အမ်ဘတ်ပီဟာ မိုနာကိုကနေ အငှားထွက်ခဲ့ပြီးမှ ရာသီအကုန်မှ အပြီးသတ်ဆိုတဲ့ စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူပါ။ သူ့အတွက် ပြောင်းရွှေ့ကြေးက ပေါင် ၁၅၀ သန်းထိ ကုန်ကျခဲ့တယ်လို့ သိထားရပြီး ၂၀၂၂ ခုနှစ်ထိ စာချုပ်ရှိထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ စာချုပ် ၂ နှစ်ပဲကျန်တဲ့ အမ်ဘတ်ပီဟာ ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်း တိုးသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် လာမယ့် နွေမှာ ပီအက်စ်ဂျီက အမ်ဘတ်ပီကို ရောင်းထုတ်ဖို့လိုပြီး မဟုတ်ရင်တော့ စာချုပ်အကုန်မှာ အသက် ၂၃ နှစ်သာ ရှိဦးမယ့် တိုက်စစ်သမားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးရမှာ ဖြစ်ပါတယ်။

သို့ပေမယ့် ပီအက်စ်ဂျီက သက်တမ်းတိုးကိစ္စ မအောင်မြင်ခဲ့ရင်လည်း အမ်ဘတ်ပီနဲ့ ညိနှိုင်းပြီး တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့်တော့ ရှိနေပါတယ်။ စာချုပ်သက်တမ်းက ကုန်ဆုံးဖို့ နီးကပ်လာခြင်းကြောင့် အမ်ဘတ်ပီရဲ့ နောက်ထပ်သော အပြောင်းအရွှေ့ ကိစ္စမျိုးက ကမ္ဘာစံချိန်တင်ကြေးမျိုး ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

မနှစ်တုန်းကတော့ အမ်ဘတ်ပီရဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၂၄၀ လောက်ထိ ဈေးရှိခဲ့တယ်။ ပီအက်စ်ဂျီနဲ့ စာချုပ်အရ ကျဆင်းလာမယ့် အမ်ဘတ်ပီရဲ့ ပြောင်းရွှေ့ကြေးကို ထိပ်တန်းအသင်း အများအပြားက ပေးချေနိုင်ပေမယ့် ကစားသမားရဲ့ လုပ်ခကတော့ တစ်နှစ်ကို ပေါင် သန်း ၂၀ ကျော် ကျသင့်နိုင်ပါတယ်။

လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြင်သစ် တိုက်စစ်သမားကို ပုံမှန် ချိတ်ဆက်မှုတွေ လုပ်ထားတယ်လို့ L’Equipe က ဖော်ပြထားပြီး ဥရောပထိပ်သီးကလပ် ၅ သင်းလောက်က သူ့ကို ခေါ်ယူဖို့ ရေပန်းစားနေဆဲဖြစ်ပါတယ်။

ZAWGYI

လာမယ့္ရာသီမွာေတာ့ ပီအက္စ္ဂ်ီအသင္း တိုက္စစ္မွဴးကို ေပါင္ ၉၁ သန္းျဖင့္ ေခၚယူႏုိင္မယ္လို႔ ျပင္သစ္သတင္းဌာန L’Equipe က ေဖာ္ျပပါတယ္။

ပီအက္စ္ဂ်ီအသင္းသမိုင္းမွာ ဒုတိယေျမာက္ ေစ်းအၾကီးဆံုး ကစားသမားျဖစ္တဲ့ အမ္ဘတ္ပီဟာ မိုနာကိုကေန အငွားထြက္ခဲ့ျပီးမွ ရာသီအကုန္မွ အျပီးသတ္ဆိုတဲ့ စာခ်ဳပ္ျဖင့္ ေျပာင္းေရႊ႔ခဲ့သူပါ။ သူ႔အတြက္ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၁၅၀ သန္းထိ ကုန္က်ခဲ့တယ္လို႔ သိထားရျပီး ၂၀၂၂ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ စာခ်ုပ္ ၂ ႏွစ္ပဲက်န္တဲ့ အမ္ဘတ္ပီဟာ ျပင္သစ္ကလပ္နဲ႔ စာခ်ဳပ္သက္တမ္း တိုးသြားမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ လာမယ့္ ေႏြမွာ ပီအက္စ္ဂ်ီက အမ္ဘတ္ပီကို ေရာင္းထုတ္ဖို႔လိုျပီး မဟုတ္ရင္ေတာ့ စာခ်ဳပ္အကုန္မွာ အသက္ ၂၃ ႏွစ္သာ ရွိဦးမယ့္ တိုက္စစ္သမားကို အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာခြင့္ေပးရမွာ ျဖစ္ပါတယ္။

သို႔ေပမယ့္ ပီအက္စ္ဂ်ီက သက္တမ္းတိုးကိစၥ မေအာင္ျမင္ခဲ့ရင္လည္း အမ္ဘတ္ပီနဲ႔ ညိႏိႈင္းျပီး တစ္ႏွစ္ ထပ္မံ သက္တမ္းတိုးခြင့္ေတာ့ ရွိေနပါတယ္။ စာခ်ဳပ္သက္တမ္းက ကုန္ဆံုးဖို႔ နီးကပ္လာျခင္းေၾကာင့္ အမ္ဘတ္ပီရဲ႕ ေနာက္ထပ္ေသာ အေျပာင္းအေရႊ႔ ကိစၥမ်ိဳးက ကမၻာစံခ်ိန္တင္ေၾကးမ်ိဳး ျဖစ္လာေတာ့မွာ မဟုတ္ပါဘူး။

မႏွစ္တုန္းကေတာ့ အမ္ဘတ္ပီရဲ႕ ေျပာင္းေရႊ႔ေၾကးက ေပါင္ သန္း ၂၄၀ ေလာက္ထိ ေစ်းရွိခဲ့တယ္။ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္အရ က်ဆင္းလာမယ့္ အမ္ဘတ္ပီရဲ႕ ေျပာင္းေရႊ႔ေၾကးကို ထိပ္တန္းအသင္း အမ်ားအျပားက ေပးေခ်ႏုိင္ေပမယ့္ ကစားသမားရဲ႕ လုပ္ခကေတာ့ တစ္ႏွစ္ကို ေပါင္ သန္း ၂၀ ေက်ာ္ က်သင့္ႏုိင္ပါတယ္။

လီဗာပူးနဲ႔ ရီးရဲလ္မက္ဒရစ္ဟာ ျပင္သစ္ တိုက္စစ္သမားကို ပံုမွန္ ခ်ိတ္ဆက္မႈေတြ လုပ္ထားတယ္လို႔ L’Equipe က ေဖာ္ျပထားျပီး ဥေရာပထိပ္သီးကလပ္ ၅ သင္းေလာက္က သူ႔ကို ေခၚယူဖို႔ ေရပန္းစားေနဆဲျဖစ္ပါတယ္။