အီတလီတိုက်စစ်သမား အီမိုဘီလီက ယာဂင်ကလော့ပ် လက်အောက်မှာ ကစားခဲ့ရာမှာ အလုပ်မဖြစ်ခဲ့ပေမယ့် ဂျာမနီမန်နေဂျာကြီးကို မေ့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သူဟာ ကလော့ပ်လက်အောက် တစ်ရာသီ ကစားခဲ့ပြီး ရာသီအကုန်မှာတော့ ကလော့ပ်က ထွက်ခွာသွားသလို သူကိုယ်တိုင်ကလည်း အငှားချခြင်းတွေ ခံခဲ့ရသူဖြစ်တယ်။ ဒါပေမယ့်လို့ ဒေါ့မွန်အသင်းကို ပြောင်းခဲ့တာက အီမိုဘီလီကို ပိုမို တိုးတက်စေခဲ့တယ်။

အီမိုဘီလီက ” ကလော့ပ်လို ပုဂ္ဂိုလ်ကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ သူ့လက်အောက်မှာ ကစားခွင့်ရခဲ့တာက ကျနော် ကံကောင်းပါတယ်။ သူက တကယ်ကို ခံစားချက်ကြီးတဲ့ ထရိန်နာပါ။ ဘောလုံးတိုင်းအတွက် တိုက်ခိုက်ဖို့ကို လမ်းညွှန်ပေးသူဖြစ်တယ်။ သူက တောင်းဆိုမှု သိပ်ကြီးမားပြီး ဒါကိုလည်း နည်းပြလိုင်းက သူ့ရဲ့ အပြုအမှုကနေ ခင်ဗျားတို့ မြင်နိုင်ပါတယ် ” လို့ ဆိုခဲ့တယ်။

ကလော့ပ်နဲ့ အီမိုဘီလီတို့ဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ လက်တွဲခဲ့ကြတာပါ။ လီဝမ်ဒေါစကီးနေရာ အစားထိုးဖို့ ကလော့ပ်က အီမိုဘီလီကို ခေါ်ယူခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း ဆိုနိုင်ပါတယ်။ အဲ့သည် ဘောလုံးရာသီမှာ သူက ဘွန်ဒက်လီဂါ သွင်းဂိုး ၃ ဂိုးပဲ ရခဲ့ပါတယ်။

အီတလီသား တိုက်စစ်သမားက ” ဒေါ့မွန်အသင်း အဆင်မပြေချိန်မှာ ကျနော် ပြောင်းခဲ့သလို ဖြစ်ခဲ့တယ်။ ကလော့ပ်က ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ဒေါ့မွန်နဲ့ ချန်ပီယံဖြစ်ခဲ့တယ်။ နောက်တော့ ဒုတိယ နှစ်ကြိမ်ဖြစ်တယ်။

အဲ့တုန်းက ကလော့ပ်က ကျနော်ထံက အရည်အချင်းတွေ အရမ်းကြီး မမြင်သေးတာ ဖြစ်နိုင်သလို သူ့မှာ ရှိနှင့်ပြီးသား ကစားသမားတွေထက် ကျနော်ကို ပိုယုံကြည်ပေးဖို့ ခက်ခဲခဲ့တာလည်း ဖြစ်နိုင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်သမားဟာ မနှစ်တုန်းက စီးရီးအေသွင်းဂိုး ၃၆ ဂိုးထိ ရယူခဲ့ကာ ဥရောပရဲ့ ဂိုးသွင်းအကောင်းဆုံး တိုက်စစ်သမားတွေထဲက တစ်ဦး ဖြစ်လာနေခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI – အီတလီတိုက္စစ္သမား အီမိုဘီလီက ယာဂင္ကေလာ့ပ္ လက္ေအာက္မွာ ကစားခဲ့ရာမွာ အလုပ္မျဖစ္ခဲ့ေပမယ့္ ဂ်ာမနီမန္ေနဂ်ာၾကီးကို ေမ့မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

သူဟာ ကေလာ့ပ္လက္ေအာက္ တစ္ရာသီ ကစားခဲ့ျပီး ရာသီအကုန္မွာေတာ့ ကေလာ့ပ္က ထြက္ခြာသြားသလို သူကိုယ္တိုင္ကလည္း အငွားခ်ျခင္းေတြ ခံခဲ့ရသူျဖစ္တယ္။ ဒါေပမယ့္လို႔ ေဒါ့မြန္အသင္းကို ေျပာင္းခဲ့တာက အီမိုဘီလီကို ပိုမို တိုးတက္ေစခဲ့တယ္။

အီမိုဘီလီက ” ကေလာ့ပ္လို ပုဂၢိဳလ္ကိုေတာ့ ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ပါဘူး။ သူ႔လက္ေအာက္မွာ ကစားခြင့္ရခဲ့တာက က်ေနာ္ ကံေကာင္းပါတယ္။ သူက တကယ္ကို ခံစားခ်က္ၾကီးတဲ့ ထရိန္နာပါ။ ေဘာလံုးတိုင္းအတြက္ တိုက္ခုိက္ဖို႔ကို လမ္းညႊန္ေပးသူျဖစ္တယ္။ သူက ေတာင္းဆိုမႈ သိပ္ၾကီးမားျပီး ဒါကိုလည္း နည္းျပလိုင္းက သူ႔ရဲ႕ အျပဳအမႈကေန ခင္ဗ်ားတို႔ ျမင္ႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တယ္။

ကေလာ့ပ္နဲ႔ အီမိုဘီလီတို႔ဟာ ၂၀၁၄-၂၀၁၅ ေဘာလံုးရာသီမွာ လက္တြဲခဲ့ၾကတာပါ။ လီဝမ္ေဒါစကီးေနရာ အစားထိုးဖို႔ ကေလာ့ပ္က အီမိုဘီလီကို ေခၚယူခဲ့ေပမယ့္ မေအာင္ျမင္ခ့ဲဘူးလို႔လည္း ဆိုႏုိင္ပါတယ္။ အဲ့သည္ ေဘာလံုးရာသီမွာ သူက ဘြန္ဒက္လီဂါ သြင္းဂိုး ၃ ဂိုးပဲ ရခဲ့ပါတယ္။

အီတလီသား တိုက္စစ္သမားက ” ေဒါ့မြန္အသင္း အဆင္မေျပခ်ိန္မွာ က်ေနာ္ ေျပာင္းခဲ့သလို ျဖစ္ခဲ့တယ္။ ကေလာ့ပ္က ၂၀၁၁ နဲ႔ ၂၀၁၂ ခုႏွစ္ေတြမွာ ေဒါ့မြန္နဲ႔ ခ်န္ပီယံျဖစ္ခဲ့တယ္။ ေနာက္ေတာ့ ဒုတိယ ႏွစ္ၾကိမ္ျဖစ္တယ္။

အဲ့တုန္းက ကေလာ့ပ္က က်ေနာ္ထံက အရည္အခ်င္းေတြ အရမ္းၾကီး မျမင္ေသးတာ ျဖစ္ႏုိင္သလို သူ႔မွာ ရွိႏွင့္ျပီးသား ကစားသမားေတြထက္ က်ေနာ္ကို ပိုယံုၾကည္ေပးဖို႔ ခက္ခဲခဲ့တာလည္း ျဖစ္ႏုိင္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

အသက္ ၃၀ အရြယ္ တိုက္စစ္သမားဟာ မႏွစ္တုန္းက စီးရီးေအသြင္းဂိုး ၃၆ ဂိုးထိ ရယူခဲ့ကာ ဥေရာပရဲ႕ ဂိုးသြင္းအေကာင္းဆံုး တိုက္စစ္သမားေတြထဲက တစ္ဦး ျဖစ္လာေနခဲ့ျပီ ျဖစ္ပါတယ္။