ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန်က ဘောလုံးအသင်းတွေရဲ့ ပွဲစဉ်တွေအတွင်း ပရိသတ် တက်ရောက်ကြည့်ရှုခွင့်ကို မတ်လအထိ ပိတ်သွားမယ်လို့ ကြေညာခဲ့ပါပြီ။
ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ကလပ်တွေဟာ ကွင်းထဲကို ပရိသတ်ဝင်ခွင့် မရှိခြင်းကြောင့် ပေါင် ၁ ဘီလီယံ ဆုံးရံှူးကြမှာဖြစ်တယ်။ လီဗာပူးအသင်းကလည်း ပရီးမီးယားလိဂ်မှာတော့ ဆုံးရံှူးမှု အကြီးမားဆုံး ကလပ်တွေထဲမှာ ၄ သင်းမြောက်အဖြစ် ပေါင် ၁၀၄ သန်းခန့် ဆုံးရံှူးမယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။
လီဗာပူးဘက်က အောက်တိုဘာလကစပြီး အန်ဖီးကွင်းထဲကို ပရိသတ် ၁၃၀၀၀ ခန့် ဝင်ရောက် ကြည့်ရှုဖို့ ကြိုးစားပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ဒါဟာ တိုးတက်နေတဲ့ ကလပ်ရဲ့ ဘဏ္ဍာရေးပိုင်းကို ကြီးကြီးမားမား အထိနာခြင်းဖြစ်ကာ ဒီရာသီမှာတော့ လီဗာပူးအသင်းရဲ့ ဘဏ္ဍာရေးက သေချာပေါက်ကို အရံှူးပေးမှာဖြစ်တယ်။
ယူနိုက်တက်က အမြင့်ဆုံးအဖြစ် ပေါင် သန်း ၁၄၀၊ အာဆင်နယ်က ပေါင် ပေါင် ၁၂၂ သန်း၊ စပါးက ပေါင် ၁၀၆ သန်း၊ လီဗာပူးက ပေါင် ၁၀၄ သန်း၊ ချယ်ဆီးက ပေါင် ၈၂ သန်း၊ မန်စီးတီးက ပေါင် ၇၂ သန်းတို့ ဆုံးရံှူးမှာဖြစ်တယ်။
လီဗာပူးအသင်းဟာ အဓိက ပွဲကြည့်စင်ကို တိုးမြင့်တည်ဆောက်ထားတာသလို စပါးကလည်း ကွင်းသစ်ကို ပြောင်းကစားနေပြီဖြစ်လို့ ပွဲနေ့ဝင်ငွေ တက်လာခဲ့ကာ ယခုလို ကွင်းထဲ ဝင်ခွင့်မရချိန်မှာတော့ ဆုံးရံှူးမှုတန်ဖိုး တက်လာခဲ့ခြင်းဖြစ်တယ်။
အစိုးရရဲ့ ကွင်းအတွင်း ပရိသတ်တွေ ဝင်ခွင့်တားမြစ်မှုဟာ လီဗာပူးအသင်းနဲ့ စီးပွားရေး ပါတနာတွေကြား လက်တွဲမှုကိုလည်း ထိခိုက်စေခဲ့တယ်။ ကလပ်ရဲ့ ဝင်ငွေ ဆုံးရံှူးမှုဟာ ပေါင် သန်း ၂၀၀ ထိ မြင့်တက်လာနိုင်ကာ အသင်းတာဝန်ရှိသူတွေကတော့ ဒီဆုံးရံှူးမှုကို တက်နိုင်သမျှ နည်းပါးအောင် ကြိုးစားအဖြေရှာနေပါတယ်။
လီဗာပူးဟာ ဒီနွေမှာတော့ ကိုစတက်အတွက် ပြောင်းရွှေ့ကြေးကို အပြီးပေးခဲ့ပေမယ့် နှစ်ဦးပေါင်း ပေါင် သန်း ၇၀ ကုန်ကျမယ့် သီယာဂို၊ ဂျိုတာအတွက်ကို ပေါင် ၉ သန်းပဲ လက်ငင်းပေးထားကာ ကစားသမား ရောင်းချမှုကနေ အသင်း ဘဏ္ဍာရေးကို အထောက်အပံ့ဖြစ်စေဖို့ လုပ်ဆောင်နေပါတယ်။
ZAWGYI
ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ကလပ်တွေဟာ ကွင်းထဲကို ပရိသတ်ဝင်ခွင့် မရှိခြင်းကြောင့် ပေါင် ၁ ဘီလီယံ ဆုံးရှူံးကြမှာဖြစ်တယ်။ လီဗာပူးအသင်းကလည်း ပရီးမီးယားလိဂ်မှာတော့ ဆုံးရှူံးမှု အကြီးမားဆုံး ကလပ်တွေထဲမှာ ၄ သင်းမြောက်အဖြစ် ပေါင် ၁၀၄ သန်းခန့် ဆုံးရှူံးမယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။
ယူနိုက်တက်က အမြင့်ဆုံးအဖြစ် ပေါင် သန်း ၁၄၀၊ အာဆင်နယ်က ပေါင် ပေါင် ၁၂၂ သန်း၊ စပါးက ပေါင် ၁၀၆ သန်း၊ လီဗာပူးက ပေါင် ၁၀၄ သန်း၊ ချယ်ဆီးက ပေါင် ၈၂ သန်း၊ မန်စီးတီးက ပေါင် ၇၂ သန်းတို့ ဆုံးရှူံးမှာဖြစ်တယ်။
လီဗာပူးအသင်းဟာ အဓိက ပွဲကြည့်စင်ကို တိုးမြင့်တည်ဆောက်ထားတာသလို စပါးကလည်း ကွင်းသစ်ကို ပြောင်းကစားနေပြီဖြစ်လို့ ပွဲနေ့ဝင်ငွေ တက်လာခဲ့ကာ ယခုလို ကွင်းထဲ ဝင်ခွင့်မရချိန်မှာတော့ ဆုံးရှူံးမှုတန်ဖိုး တက်လာခဲ့ခြင်းဖြစ်တယ်။