လီဗာပူးတိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်က မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနကနေ ဂျိုတာကို လီဗာပူးခေါ်ယူခဲ့တာက ဖာမင်နိုကို ဖိအားပေးဖို့လို့ ခေါင်းကြီးသတင်း ရေးသားခဲ့ပါတယ်။

လီဗာပူးကစားကွက်ရဲ့ အဓိကလို့ ဆိုရမယ့် ဖာမင်နိုဟာ ဖန်တီးမှုနဲ့ ကစားနိုင်စွမ်းမှာ သိပ်ကောင်းပေမယ့် မနှစ်ကရာသီက စတင်ကာ ဂိုးရယူနိုင်မှု ကျဆင်းလာခဲ့တယ်။ သူ့ရဲ့ အန်ဖီးကွင်းက သွင်းဂိုးက လိဂ်ရဲ့ နောက်ဆုံး အိမ်ကွင်းပွဲ ဖြစ်တဲ့ထိ အိမ်ကွင်းမှာ ဂိုးပေါက် ကျဆင်းခဲ့ပါတယ်။

ဂျိုတာကို ခေါ်ယူလိုက်ခြင်းက တိုက်စစ်ပိုင်းအတွက် လိုအပ်နေတဲ့ အရန်လူစာနေရာကို ဖြည့်တင်းနိုင်ခြင်း ဖြစ်သလို ဒါဟာ ခြေစွမ်းကျဆင်းလာမယ့် တိုက်စစ်သမားတိုင်းကို နောက်မှာ အစားထိးစရာ ရှိနေတယ်ဆိုတဲ့ သတိပေးချက် ဖြစ်စေမယ်လို့ အဲဒရစ်က ယုံကြည်နေတယ်။

ဂျွန် အဲဒရစ်က “ ငါ့တို့အသင်းရဲ့ တိုက်စစ်ပိုင်း ရွေးချယ်မှုက သိပ်ကောင်းသွားပြီ။ လိဒ်နဲ့ပွဲမှာ ဆာလက်က တောက်ပခဲ့ပြီး ချယ်ဆီးနဲ့ပွဲမှာတော့ မာနေးက အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့တယ်။ ကာရေဂါကဆိုရင် မာနေးကို ဂရိတ်ကြီး ဂျွန်ဘမ်းနဲ့ နှိုင်းယှဉ်ခဲ့တာကိုတောင် ငါမြင်ခဲ့တယ်။

ချယ်ဆီးနဲ့ပွဲ ပထမဂိုးမှာ ဖာမင်နိုက ဖန်တီးမှု လုပ်ပေးခဲ့ပါတယ်။ အဲ့လိုဆိုပေမယ့် သူ့ရဲ့ အကောင်းဆုံးတွေကို မမြင်ရသေးပါဘူး။ သူက ယုံကြည်မှုတွေ ကျဆင်းနေတယ်။ ချယ်ဆီးနဲ့ပွဲ ဒုတိယပိုင်းမှာ သူ ကောင်းမွန်ခဲ့တာကို ငါသိတယ်။ ဂျိုတာ ရောက်လာပြီး အရန်ခုံကနေ ထိုင်စောင့်နေမှာက ဖာမင်နိုရဲ့ ပွဲထွက်ခွင့်အတွက် လုံ့ဆော်မှု ဖြစ်လာနိုင်ပြီး ဂိုးတွေ ပိုသွင်းဖို့ ဖြစ်လာသင့်ပါတယ်။

တိုက်စစ်သမား နေရာအတွက် အရည်အချင်းရှိတဲ့ အရန်ကစားသမားတစ်ဦး ရှိလာဖို့ဆိုတာက လီဗာပူးလိုအပ်နေတာဖြစ်ကြောင်းကို အချိန်အတန်ကြာ ငါတို့တွေ ပြောခဲ့ကြတယ်။ အခုချိန်မှာ အဲ့နေရာကို ဖြည့်တင်းနိုင်လိုက်တာကို မြင်ရတာက သိပ်ကောင်းပါတယ် ” လို့ ဆိုပါတယ်။

ဂျိုတာရဲ့ ကစားဟန်ဟာ လီဗာပူးအသင်းနဲ့ အံဝင်မယ်လို့ ယုံကြည်ခံရမှုတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကတော့ ပေါ်တူဂီတိုက်စစ်သမားကို မန်နေဂျာကလော့ပ်က ဘယ်နေရာမှာ သုံးမယ်ဆိုတာကို သိလိုနေဆဲပါ။

အဲဒရစ်က “ ဂျိုတာက မြန်တယ်၊ ပေးပို့မှုကောင်းတယ်။ တိုက်စစ်ပိုင်း နေရာ အများအပြားမှာ ကစားနိုင်သလို ဂိုးလည်း သွင်းနိုင်ပါတယ်။ ဝုဗ်မှာ သူကစားခဲ့စဉ်က ပွဲအများအပြားကို အရန်ခုံကနေ ထလာခဲ့ပြီး ဖန်တီးမှုရှိတဲ့ ပုံစံတွေနဲ့ ကစားပြခဲ့တာကို မေ့လို့ မရပါဘူး။

အချို့လူတွေကတော့ သူ့အတွက် ပေးရတဲ့ ပြောင်းရွှေ့ကြေးက များပါတယ်လို့ ပြောကြမှာပါပဲ။ ဒါပေမယ့် လီဗာပူးပရိသတ်တွေက ယာဂင်ကလော့ပ်ကို ယုံကြည်ပေးသင့်ပါတယ်။ လီဗာပူးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်အဖြစ် သူလုပ်ပေးခဲ့တာတွေ ဘယ်လောက်တောင် များနေပြီလဲ။

ဂျိုတာက အဲ့လောက်တန်တယ်လို့ သူထင်ရင် တန်လိုပါပဲ။ ဟိုဗာကိုလည်း ပြန်ရောင်းထားတာပါ။ ဒီတော့ ဒီအပြောင်းအရွှေ့က လီဗာပူးအတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ လုပ်ရှားမှု ဖြစ်လာနိုင်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴးေဟာင္း ဂၽြန္အဲဒရစ္က မာေဆးဆိုဒ္ အေျခစိုက္ သတင္းဌာနကေန ဂ်ိဳတာကို လီဗာပူးေခၚယူခဲ့တာက ဖာမင္ႏိုကို ဖိအားေပးဖို႔လို႔ ေခါင္းၾကီးသတင္း ေရးသားခဲ့ပါတယ္။

လီဗာပူးကစားကြက္ရဲ႕ အဓိကလို႔ ဆိုရမယ့္ ဖာမင္ႏိုဟာ ဖန္တီးမႈနဲ႔ ကစားႏုိင္စြမ္းမွာ သိပ္ေကာင္းေပမယ့္ မႏွစ္ကရာသီက စတင္ကာ ဂိုးရယူႏုိင္မႈ က်ဆင္းလာခဲ့တယ္။ သူ႔ရဲ႕ အန္ဖီးကြင္းက သြင္းဂိုးက လိဂ္ရဲ႕ ေနာက္ဆံုး အိမ္ကြင္းပြဲ ျဖစ္တဲ့ထိ အိမ္ကြင္းမွာ ဂိုးေပါက္ က်ဆင္းခဲ့ပါတယ္။

ဂ်ိဳတာကို ေခၚယူလိုက္ျခင္းက တိုက္စစ္ပိုင္းအတြက္ လိုအပ္ေနတဲ့ အရန္လူစာေနရာကို ျဖည့္တင္းႏုိင္ျခင္း ျဖစ္သလို ဒါဟာ ေျခစြမ္းက်ဆင္းလာမယ့္ တိုက္စစ္သမားတိုင္းကို ေနာက္မွာ အစားထိးစရာ ရွိေနတယ္ဆိုတဲ့ သတိေပးခ်က္ ျဖစ္ေစမယ္လို႔ အဲဒရစ္က ယံုၾကည္ေနတယ္။

ဂၽြန္ အဲဒရစ္က “ ငါ့တို႔အသင္းရဲ႕ တိုက္စစ္ပိုင္း ေရြးခ်ယ္မႈက သိပ္ေကာင္းသြားျပီ။ လိဒ္နဲ႔ပြဲမွာ ဆာလက္က ေတာက္ပခဲ့ျပီး ခ်ယ္ဆီးနဲ႔ပြဲမွာေတာ့ မာေနးက အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြ ျပသခဲ့တယ္။ ကာေရဂါကဆိုရင္ မာေနးကို ဂရိတ္ၾကီး ဂၽြန္ဘမ္းနဲ႔ ႏိႈင္းယွဥ္ခဲ့တာကိုေတာင္ ငါျမင္ခဲ့တယ္။

ခ်ယ္ဆီးနဲ႔ပြဲ ပထမဂိုးမွာ ဖာမင္ႏိုက ဖန္တီးမႈ လုပ္ေပးခဲ့ပါတယ္။ အဲ့လိုဆိုေပမယ့္ သူ႔ရဲ႕ အေကာင္းဆံုးေတြကို မျမင္ရေသးပါဘူး။ သူက ယံုၾကည္မႈေတြ က်ဆင္းေနတယ္။ ခ်ယ္ဆီးနဲ႔ပြဲ ဒုတိယပိုင္းမွာ သူ ေကာင္းမြန္ခဲ့တာကို ငါသိတယ္။ ဂ်ိဳတာ ေရာက္လာျပီး အရန္ခံုကေန ထိုင္ေစာင့္ေနမွာက ဖာမင္ႏိုရဲ႕ ပြဲထြက္ခြင့္အတြက္ လံု႔ေဆာ္မႈ ျဖစ္လာႏုိင္ျပီး ဂိုးေတြ ပိုသြင္းဖို႔ ျဖစ္လာသင့္ပါတယ္။

တိုက္စစ္သမား ေနရာအတြက္ အရည္အခ်င္းရွိတဲ့ အရန္ကစားသမားတစ္ဦး ရွိလာဖို႔ဆိုတာက လီဗာပူးလိုအပ္ေနတာျဖစ္ေၾကာင္းကို အခ်ိန္အတန္ၾကာ ငါတို႔ေတြ ေျပာခဲ့ၾကတယ္။ အခုခ်ိန္မွာ အဲ့ေနရာကို ျဖည့္တင္းႏုိင္လိုက္တာကို ျမင္ရတာက သိပ္ေကာင္းပါတယ္ ” လို႔ ဆိုပါတယ္။

ဂ်ိဳတာရဲ႕ ကစားဟန္ဟာ လီဗာပူးအသင္းနဲ႔ အံဝင္မယ္လို႔ ယံုၾကည္ခံရမႈေတြ ရွိပါတယ္။ ဒါေပမယ့္လည္း ပရိသတ္ေတြကေတာ့ ေပၚတူဂီတိုက္စစ္သမားကို မန္ေနဂ်ာကေလာ့ပ္က ဘယ္ေနရာမွာ သံုးမယ္ဆိုတာကို သိလိုေနဆဲပါ။

အဲဒရစ္က “ ဂ်ိဳတာက ျမန္တယ္၊ ေပးပို႔မႈေကာင္းတယ္။ တိုက္စစ္ပိုင္း ေနရာ အမ်ားအျပားမွာ ကစားႏုိင္သလို ဂိုးလည္း သြင္းႏုိင္ပါတယ္။ ဝုဗ္မွာ သူကစားခဲ့စဥ္က ပြဲအမ်ားအျပားကို အရန္ခံုကေန ထလာခဲ့ျပီး ဖန္တီးမႈရွိတဲ့ ပံုစံေတြနဲ႔ ကစားျပခဲ့တာကို ေမ့လို႔ မရပါဘူး။

အခ်ိဳ႔လူေတြကေတာ့ သူ႔အတြက္ ေပးရတဲ့ ေျပာင္းေရႊ႔ေၾကးက မ်ားပါတယ္လို႔ ေျပာၾကမွာပါပဲ။ ဒါေပမယ့္ လီဗာပူးပရိသတ္ေတြက ယာဂင္ကေလာ့ပ္ကို ယံုၾကည္ေပးသင့္ပါတယ္။ လီဗာပူးအတြက္ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္အျဖစ္ သူလုပ္ေပးခဲ့တာေတြ ဘယ္ေလာက္ေတာင္ မ်ားေနျပီလဲ။

ဂ်ိဳတာက အဲ့ေလာက္တန္တယ္လို႔ သူထင္ရင္ တန္လိုပါပဲ။ ဟိုဗာကိုလည္း ျပန္ေရာင္းထားတာပါ။ ဒီေတာ့ ဒီအေျပာင္းအေရႊ႔က လီဗာပူးအတြက္ ေကာင္းမြန္တဲ့ အေျပာင္းအေရႊ႔ လုပ္ရွားမႈ ျဖစ္လာႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။