လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုဟာ စွယ်စုံရ ကစားသမားဖြစ်ပြီး ချယ်ဆီးပွဲမှာ ကောင်တာ တိုက်စစ်တွေကို အဓိက ဟန့်တားနိုင်ခဲ့တာက သူ့ကြောင့်ဖြစ်ကြောင့် လက်ထောက်နည်းပြ ပပ်လင်ဒါးက ဝန်ခံတယ်။

ရာသီအဖွင့်ပွဲဖြစ်တဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ဂိုးပေးရခြင်းနဲ့ ချယ်ဆီးနဲ့ပွဲမှာ ဂိုးပေါက် ကာကွယ်နိုင်ခဲ့ခြင်းတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခံစစ်ကြောင်းရဲ့ ရဲ့ရင့်စွာ ပြုမှု လုပ်ဆောင်နိုင်မှုကြောင့် ဖြစ်ကာ ဖာဘင်ညိုကို ချီးကျူးသင့်တယ်လို့ လင်ဒါးက ဝန်ခံတယ်။

လင်ဒါး “ ဖာဘင်ညိုက သူ့ရဲ့ ပင်ကိုယ်စရိုက်ကို ပြသခဲ့တာပါ။ သူက အသင်းကို ကူညီပေးဖို့ အမြဲတမ်း အဆင်သင့် ရှိနေပါတယ်။ သူ ဗဟိုခံစစ်သမားအဖြစ် ကစားခဲ့ပြီး သူ့ဘာသာ အနစ်နာခံပြီး ဆင်းကစားခဲ့တယ်။

လိဒ်နဲ့ ချယ်ဆီးပွဲကြား ခြားနားခြင်းတွေကို မြင်မယ်ဆိုရင် ခံစစ်နောက်ဆုံးလိင်းမှာ ကျနေ်ာတို့ရဲ့ ကာကွယ်ခဲ့ပုံ၊ ကျနေ်ာတို့ရဲ့ ပြုမှုလုပ်ဆောင်ပုံနဲ့ ခံစစ်ကာကွယ်ဖို့ ကျနေ်ာတို့ရဲ့ ရဲရင့်မှုတွေကို အားလုံး မြင်ကြရမှာဖြစ်ပါတယ်။ တီမိုရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ အသင်းက အမြဲတမ်း အဆင်သင့်ဖြစ်နေခဲ့ပြီး ကောင်တာခံစစ်တွေကိုလည်း ရပ်တန့်ခဲ့ပါတယ်။

ဂိုးတွေကို မပေးရဖို့အတွက်က အမြဲတမ်း ခြေထောက် ၂၂ ချောင်း လက် ၂ ဖက်လိုပါတယ်။ ဆိုလိုတာက ဖာဘင်ညိုကပဲ ကောင်တာကို ရပ်တန့်ခဲ့တာ မဟုတ်ပါဘူး။ တစ်သင်းလုံးက ခုခံကာကွယ်ခဲ့တာဖြစ်ပြီး ဂိုးမပေးရဖို့ အသင်းလိုက် ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကျနော် အမြင်မှာတော့ ဖာဘင်ညိုက ပွဲရဲ့ အကောင်းဆုံး ကစားသမားပါ။ ကျနော် ကြိုက်တယ်၊ အထူးသဖြင့် ယာဂင်က အတော်လေး သဘောကျပါတယ်။ ကစားသမားတွေကို ခြားနားတဲ့ နေရာတွေမှာလည်း သုံးနိုင်တယ်။ ဒါက စွယ်စုံရခြင်းပါပဲ။

ဂိုးမက်စ်နဲ့ မာတစ်တို့ ပြန်ကစားတာကိုတောင် လိုချင်ရဲ့လား? ဟုတ်ပါတယ် လိုချင်ပါတယ်။ ဒါပေမယ့် ဖာဘင်ညိုက အရမ်းကောင်းကောင်း ကစားနိုင်တယ်။ နောက်ဆုံး ခံစစ်လိုင်းအတွက် သူလုပ်ပြခဲ့သလို အကောင်းဆုံး လုပ်နိုင်တယ်။ သူ့အတွက်လည်း ခက်ခဲခဲ့မှာပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဖာဘင္ညိဳဟာ စြယ္စံုရ ကစားသမားျဖစ္ျပီး ခ်ယ္ဆီးပြဲမွာ ေကာင္တာ တိုက္စစ္ေတြကို အဓိက ဟန္႔တားႏုိင္ခဲ့တာက သူ႔ေၾကာင့္ျဖစ္ေၾကာင့္ လက္ေထာက္နည္းျပ ပပ္လင္ဒါးက ဝန္ခံတယ္။

ရာသီအဖြင့္ပြဲျဖစ္တဲ့ လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ဂိုးေပးရျခင္းနဲ႔ ခ်ယ္ဆီးနဲ႔ပြဲမွာ ဂိုးေပါက္ ကာကြယ္ႏုိင္ခဲ့ျခင္းေတြကို ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ ခံစစ္ေၾကာင္းရဲ႕ ရဲ႕ရင့္စြာ ျပဳမႈ လုပ္ေဆာင္ႏုိင္မႈေၾကာင့္ ျဖစ္ကာ ဖာဘင္ညိဳကို ခ်ီးက်ဴးသင့္တယ္လို႔ လင္ဒါးက ဝန္ခံတယ္။

လင္ဒါး “ ဖာဘင္ညိဳက သူ႔ရဲ႕ ပင္ကိုယ္စရိုက္ကို ျပသခဲ့တာပါ။ သူက အသင္းကို ကူညီေပးဖို႔ အျမဲတမ္း အဆင္သင့္ ရွိေနပါတယ္။ သူ ဗဟိုခံစစ္သမားအျဖစ္ ကစားခဲ့ျပီး သူ႔ဘာသာ အနစ္နာခံျပီး ဆင္းကစားခဲ့တယ္။

လိဒ္နဲ႔ ခ်ယ္ဆီးပြဲၾကား ျခားနားျခင္းေတြကို ျမင္မယ္ဆိုရင္ ခံစစ္ေနာက္ဆံုးလိင္းမွာ က်ေန္ာတို႔ရဲ႕ ကာကြယ္ခဲ့ပံု၊ က်ေန္ာတို႔ရဲ႕ ျပဳမႈလုပ္ေဆာင္ပံုနဲ႔ ခံစစ္ကာကြယ္ဖို႔ က်ေန္ာတို႔ရဲ႕ ရဲရင့္မႈေတြကို အားလံုး ျမင္ၾကရမွာျဖစ္ပါတယ္။ တီမိုရဲ႕ လႈပ္ရွားမႈေတြကို ထိန္းခ်ဳပ္ဖို႔ အသင္းက အျမဲတမ္း အဆင္သင့္ျဖစ္ေနခဲ့ျပီး ေကာင္တာခံစစ္ေတြကိုလည္း ရပ္တန္႔ခဲ့ပါတယ္။

ဂိုးေတြကို မေပးရဖို႔အတြက္က အျမဲတမ္း ေျခေထာက္ ၂၂ ေခ်ာင္း လက္ ၂ ဖက္လိုပါတယ္။ ဆိုလိုတာက ဖာဘင္ညိဳကပဲ ေကာင္တာကို ရပ္တန္႔ခဲ့တာ မဟုတ္ပါဘူး။ တစ္သင္းလံုးက ခုခံကာကြယ္ခဲ့တာျဖစ္ျပီး ဂိုးမေပးရဖို႔ အသင္းလိုက္ ၾကိဳးစားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ က်ေနာ္ အျမင္မွာေတာ့ ဖာဘင္ညိဳက ပြဲရဲ႕ အေကာင္းဆံုး ကစားသမားပါ။ က်ေနာ္ ၾကိဳက္တယ္၊ အထူးသျဖင့္ ယာဂင္က အေတာ္ေလး သေဘာက်ပါတယ္။ ကစားသမားေတြကို ျခားနားတဲ့ ေနရာေတြမွာလည္း သံုးႏုိင္တယ္။ ဒါက စြယ္စံုရျခင္းပါပဲ။

ဂိုးမက္စ္နဲ႔ မာတစ္တို႔ ျပန္ကစားတာကိုေတာင္ လိုခ်င္ရဲ႕လား? ဟုတ္ပါတယ္ လိုခ်င္ပါတယ္။ ဒါေပမယ့္ ဖာဘင္ညိဳက အရမ္းေကာင္းေကာင္း ကစားႏုိင္တယ္။ ေနာက္ဆံုး ခံစစ္လိုင္းအတြက္ သူလုပ္ျပခဲ့သလို အေကာင္းဆံုး လုပ္ႏုိင္တယ္။ သူ႔အတြက္လည္း ခက္ခဲခဲ့မွာပါပဲ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။