လီဗာပူးမြို့မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာတဲ့နောက် ဘားတွေ၊ စားသောက်ဆိုင်တွေ အပါအဝင် ပိတ်ဆို့မှု ၃ ခုကို ထပ်မြင့်ခဲ့ပေမယ့် Warner Bros ရဲ့ The Batman ရုပ်ရှင် ရိုက်ကူးမှုတွေ ပြန်စတင်ထားပါတယ်။

လီဗာပူးမြို့မှာ မြို့အခြေစိုက် ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ အဲဗာတန်အသင်းတို့က ဘောလုံးကွင်းထဲ ပရိသတ်တွေကို ဝင်ခွင့်ပေးဖို့ ကြိုးစားပေမယ့် မြို့ကောင်စီထံက ခွင့်ပြုမှု မရရှိသေးပါဘူး။

လက်ရှိ လီဗာပူးမှာ ရိုက်နေတာကတော့ DC Comics နဲ့ Warner Bros တို့ ပူးပေါင်း ဖန်းတီးတဲ့ စူပါဟီးရိုးရုပ်ရှင် The Batman ပါပဲ။ မင်းသား Robert Pattinson အဓိက ပါဝင်တဲ့ ဒီဇာတ်ကားမှာ ဂေါ်သမ်မြို့အဖြစ် လီဗာပူးမြို့ကို အဓိက ကျောရိုးထား ရိုက်ကူးနေတာပါ။ ကိုဗစ်ကာလအပြီး ရုပ်ရှင်ရဲ့ အဓိက ရိုက်ကူးမှုတွေကို ဒီအပတ်မှာ ပြန်လည် စတင်ထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုံတင်လာမယ့် The Batman ရုပ်ရှင်အတွက် ဂေါ်သမ်မြို့နဲ့ သက်ဆိုင်တဲ့ ရိုက်ကွင်း အတော်များများက လီဗာပူးမှာ ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီစီဘက်က ၎င်းတို့ ရုပ်ရှင်ရဲ့ ဇာတ်အိမ်နဲ့ပက်သက်လို့ ကွယ်ဝှက်ထားဆဲဖြစ်သော်လည်း The Batman ရုပ်ရှင်ထဲက ဂေါ်သမ်မြို့ရဲ့ အစိတ်အပိုင်း အများအပြားကို လီဗာပူးမြို့မှာ ရိုက်ကူးမှာဖြစ်ကြောင်း သိထားရတယ်။

ဒီကနေ့တွေမှာတော့ လီဗာပူးမြို့ရဲ့ St George’s Hall ကို ဂေါ်သမ်မြို့ရဲ့ မြို့တော်ခန်းမပုံစံ ဖန်တီး ရိုက်ကူးနေတယ်။ ဒါ့အပြင် လီဗာပူးမြို့က သုဿန်နဲ့တကွ ပန်းခြံတွေမှာပါ ရိုက်ကူးမှုတွေ စတင်ထားတယ်။ အဓိက မင်းသား Robert Pattinson ကလည်း လီဗာပူးမြို့မှာ ရိုက်ကူးရေးတွေနဲ့ ရှိနေသလို ဗီလိန်တစ်ဦးဖြစ်သူ ပင်ဂွင်းနေရာ ပါဝင်မယ့် Colin Farrell ရဲ့ ရိုက်ကွက်တွေလည်း ပါဝင်ပါတယ်။

George Clooney အပြင် Ben Affleck နဲ့ Christian Bale တို့လည်း ရိုက်ကူးဖူးတဲ့ the Dark Knight ကာရိုက်တာကို Pattinson နဲ့အတူ ရိုက်ကူးနေတဲ့ The Batman ကိုတော့ ၂၀၂၂ ခုနှစ်မှာ ရုံတင်ဖို့ ရည်မှန်းထားပါတယ်။

ZAWGYI

လီဗာပူးျမိဳ႕မွာ ကိုဗစ္ကူးစက္မႈေတြ ျမင့္တက္လာတဲ့ေနာက္ ဘားေတြ၊ စားေသာက္ဆုိင္ေတြ အပါအဝင္ ပိတ္ဆို႔မႈ ၃ ခုကို ထပ္ျမင့္ခဲ့ေပမယ့္ Warner Bros ရဲ႕ The Batman ရုပ္ရွင္ ရိုက္ကူးမႈေတြ ျပန္စတင္ထားပါတယ္။

လီဗာပူးျမိဳ႕မွာ ျမိဳ႕အေျခစိုက္ ကလပ္ေတြျဖစ္တဲ့ လီဗာပူးနဲ႔ အဲဗာတန္အသင္းတို႔က ေဘာလံုးကြင္းထဲ ပရိသတ္ေတြကို ဝင္ခြင့္ေပးဖို႔ ၾကိဳးစားေပမယ့္ ျမိဳ႕ေကာင္စီထံက ခြင့္ျပဳမႈ မရရွိေသးပါဘူး။

လက္ရွိ လီဗာပူးမွာ ရိုက္ေနတာကေတာ့ DC Comics နဲ႔ Warner Bros တို႔ ပူးေပါင္း ဖန္းတီးတဲ့ စူပါဟီးရိုးရုပ္ရွင္ The Batman ပါပဲ။ မင္းသား Robert Pattinson အဓိက ပါဝင္တဲ့ ဒီဇာတ္ကားမွာ ေဂၚသမ္ျမိဳ႕အျဖစ္ လီဗာပူးျမိဳ႕ကို အဓိက ေက်ာရိုးထား ရိုက္ကူးေနတာပါ။ ကိုဗစ္ကာလအျပီး ရုပ္ရွင္ရဲ႕ အဓိက ရိုက္ကူးမႈေတြကို ဒီအပတ္မွာ ျပန္လည္ စတင္ထားပါတယ္။

၂၀၂၂ ခုႏွစ္မွာ ရံုတင္လာမယ့္ The Batman ရုပ္ရွင္အတြက္ ေဂၚသမ္ျမိဳ႕နဲ႔ သက္ဆိုင္တဲ့ ရိုက္ကြင္း အေတာ္မ်ားမ်ားက လီဗာပူးမွာ ရိုက္ကူးမွာျဖစ္ပါတယ္။ ဒီစီဘက္က ၄င္းတို႔ ရုပ္ရွင္ရဲ႕ ဇာတ္အိမ္နဲ႔ပက္သက္လို႔ ကြယ္ဝွက္ထားဆဲျဖစ္ေသာ္လည္း The Batman ရုပ္ရွင္ထဲက ေဂၚသမ္ျမိဳ႕ရဲ႕ အစိတ္အပိုင္း အမ်ားအျပားကို လီဗာပူးျမိဳ႔မွာ ရိုက္ကူးမွာျဖစ္ေၾကာင္း သိထားရတယ္။

ဒီကေန႔ေတြမွာေတာ့ လီဗာပူးျမိဳ႕ရဲ႕ St George’s Hall ကို ေဂၚသမ္ျမိဳ႕ရဲ႕ ျမိဳ႕ေတာ္ခန္းမပံုစံ ဖန္တီး ရိုက္ကူးေနတယ္။ ဒါ့အျပင္ လီဗာပူးျမိဳ႕က သုႆန္နဲ႔တကြ ပန္းျခံေတြမွာပါ ရိုက္ကူးမႈေတြ စတင္ထားတယ္။ အဓိက မင္းသား Robert Pattinson ကလည္း လီဗာပူးျမိဳ႕မွာ ရိုက္ကူးေရးေတြနဲ႔ ရွိေနသလို ဗီလိန္တစ္ဦးျဖစ္သူ ပင္ဂြင္းေနရာ ပါဝင္မယ့္ Colin Farrell ရဲ႕ ရိုက္ကြက္ေတြလည္း ပါဝင္ပါတယ္။

George Clooney အျပင္ Ben Affleck နဲ႔ Christian Bale တို႔လည္း ရိုက္ကူးဖူးတဲ့ the Dark Knight ကာရိုက္တာကို Pattinson နဲ႔အတူ ရိုက္ကူးေနတဲ့ The Batman ကိုေတာ့ ၂၀၂၂ ခုႏွစ္မွာ ရံုတင္ဖို႔ ရည္မွန္းထားပါတယ္။