လီဗာပူးရဲ့ လက်ကျန်ပွဲတွေထဲ ခက်ခဲတဲ့ တစ်ပွဲ ဖြစ်တဲ့ လိဒ်ယူနိုက်တက်နဲ့ အဝေးကွင်း ရင်ဆိုင်ရမယ့် ပွဲကတော့ ပွဲစဉ် ၃၂ မှာ ရောက်ရှိလို့ လာပါပြီ။ ပွဲချိန်ကတော့ ဧပြီ ၂၀ အင်္ဂါနေ့ နံနက် ၁း၃၀ နာရီမှာ ယှဉ်ပြိုင် ကစားရမှာပါ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ဒီပွဲမှာ လိဒ်ကို လီဗာပူးက အဝေးကွင်းမှာ အနိုင်မယူနိုင်ဘူးလို့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲက ပွဲကောင်း တစ်ပွဲပါ။ နှစ်သင်းလုံးက တိုက်စစ်ကောင်းတဲ့ အသင်းတွေ ဖြစ်ပြီး ရင်ခုန်စရာ ပွဲကောင်း တစ်ပွဲ မြင်ရဖို့ ကျနော် မျှော်လင့်ပါတယ်။

လိဒ်က မန်စီးတီးနဲ့ တွေ့တုန်းက ကျနေ်ာတို့ အားလုံးကို အံ့အားသင့်စေခဲ့တယ်။ သူတို့ လီဗာပူးနဲ့ ပွဲမှာလည်း ဒီလို လုပ်ပြနိုင်ဦးမယ် ထင်နေတယ်။ ဒါပေမယ့် ကလော့ပ် အသင်းကလည်း ထိပ်သီး လေးသင်းထဲ ဝင်ဖို့ အမှတ် ရနိုင်သမျှ အများဆုံး ယူဖို့ အသည်းအသန် ဖြစ်နေပါလိမ့်မယ်။ ဒီတော့ ဒီပွဲ သရေပဲ ကျမယ် ထင်ပါတယ်။ ” လို့ ဘာဘာတော့ဗ်က ဆိုပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်ကတော့ လိဒ် ယူနိုက်တက် ၂-၂ လီဗာပူး ဖြစ်ပါတယ်။

Zawgyi – လီဗာပူးရဲ႕ လက္က်န္ပြဲေတြထဲ ခက္ခဲတဲ့ တစ္ပြဲ ျဖစ္တဲ့ လိဒ္ယူနိုက္တက္နဲ႕ အေ၀းကြင္း ရင္ဆိုင္ရမယ့္ ပြဲကေတာ့ ပြဲစဥ္ ၃၂ မွာ ေရာက္ရွိလို႕ လာပါျပီ။ ပြဲခ်ိန္ကေတာ့ ဧျပီ ၂၀ အဂၤါေန႔ နံနက္ ၁း၃၀ နာရီမွာ ယွဥ္ျပိဳင္ ကစားရမွာပါ။

မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ ဒီပြဲမွာ လိဒ္ကို လီဗာပူးက အေ၀းကြင္းမွာ အနုိင္မယူနုိင္ဘူးလို႔ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ဒီပြဲက ပြဲေကာင္း တစ္ပြဲပါ။ နွစ္သင္းလံုးက တိုက္စစ္ေကာင္းတဲ့ အသင္းေတြ ျဖစ္ျပီး ရင္ခုန္စရာ ပြဲေကာင္း တစ္ပြဲ ျမင္ရဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။

လိဒ္က မန္စီးတီးနဲ႕ ေတြ႔တုန္းက က်ေန္ာတို႔ အားလံုးကို အံ့အားသင့္ေစခဲ့တယ္။ သူတို႔ လီဗာပူးနဲ႕ ပြဲမွာလည္း ဒီလို လုပ္ျပနိုင္ဦးမယ္ ထင္ေနတယ္။ ဒါေပမယ့္ ကေလာ့ပ္ အသင္းကလည္း ထိပ္သီး ေလးသင္းထဲ ၀င္ဖို႔ အမွတ္ ရႏိုင္သမွ် အမ်ားဆံုး ယူဖို႔ အသည္းအသန္ ျဖစ္ေနပါလိမ့္မယ္။ ဒီေတာ့ ဒီပြဲ သေရပဲ က်မယ္ ထင္ပါတယ္။ ” လို႔ ဘာဘာေတာ့ဗ္က ဆိုပါတယ္။

ဘာဘာေတာ့ဗ္ ခန္႔မွန္းရလဒ္ကေတာ့ လိဒ္ ယူနိုက္တက္ ၂-၂ လီဗာပူး ျဖစ္ပါတယ္။