ဒီရာသီ လီဗာပူးအသင်းအတွက် ပွဲထွက်ကစားပေးရာမှာ ပုံမှန်စွမ်းဆောင်ရည်အောက် ကျဆင်းနေတဲ့ ဖာမင်နိုက သူဟာ တိုးတက်မှုတွေ လိုအပ်နေတယ်ဆိုတာ နားလည်ပါကြောင်း ထုတ်ပြောလာပါတယ်။

၂၀၂၁ ခုနှစ်အတွင်း သွင်းဂိုး ၁ ဂိုးပဲ သွင်းယူထားနိုင်တဲ့ ဖာမင်နိုဟာ ဒီရာသီ တစ်ခုလုံးမှာ ပြိုင်ပွဲစုံအတွင်း ကိုယ်တိုင် ၆ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်ထားနိုင်ပါတယ်။ ရာသီကုန်မှာ လီဗာပူးအသင်း ထိပ်ဆုံး ၄ သင်းဝင်ဖို့ရာ ဖာမင်နိုထံက ပိုတိုးတက်လာမယ့် ဖန်တီးနိုင်စွမ်းတွေ လိုအပ်နေမှာဖြစ်ပါတယ်။

ဖာမင်နိုက “ ကျနော်အတွက် ခက်ခဲလွန်းတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ပါတယ်။ ကျနော်တို့ ရိုးသားဖို့ လိုပါတယ်။ တိုးတက်လာဖို့အတွက် မျှော်လင့်ချက်တွေ ကုန်ဆုံးနေတာ မဟုတ်သေးပါဘူး။ နေ့တိုင်းမှာ ကျနော်ကလည်း တိုးတက်လာဖို့အတွက် စိတ်ဆန္ဒတွေ ထက်သန်နေတာပါ။ ကျနော်အတွက် စိတ်အားလုံ့ဆော်မှုတွေ မရှိတော့တာ မဟုတ်ပါဘူး။

ကိုယ်ဘာသာ အများကြီး ပြောင်းလဲခဲ့ရပါတယ်။ ကုန်ခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျနော်က အကောင်းဆုံး ပုံစံတွေမှာ ရှိမနေဘူးဆိုတာ နားလည်ပါတယ်။ သွင်းဂိုးတွေ၊ ဂိုးထောက်ပံ့မှုတွေနဲ့ အမြဲတမ်း ကူညီလိုစိတ်ရှိပေမယ့် ကံမကောင်းစွာပဲ အခုချိန်မှာ အဲ့လိုတွေ မလုပ်ပေးနိုင်ဘူးဖြစ်နေပါတယ်။

ဒါပေမယ့် လက်လျော့သွားမှာ မဟုတ်ပါဘူး။ အသင်းကို ပိုကောင်းလာဖို့ အသင်း အစုအဖွဲ့နဲ့ အတူတကွ တိုးတက်လာဖို့ကို အမြဲတမ်း ကြိုးစားနေတာပါ။ နေ့တိုင်း နေ့တိုင်းမှာ တိုးတက်လာဖို့ ကြိုးစားနေပါတယ် ” လို့ ဘရာဇီးသတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေဆိုပေးသွားပါတယ်။

လီဗာပူးအသင်းဟာ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်အတွက် အခွင့်အရေး ရှိနေဆဲဖြစ်ပြီး လက်စတာ၊ ချယ်ဆီး၊ ဝက်ဟမ်း၊ စပါး၊ အဲဗာတန်အသင်းတို့ဖြင့် အပြိုင်ကြိုးစားကာ အဆင့် ၃ နဲ့ ၄ နေရာကို ဝင်ရောက်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ZAWGYI

ဒီရာသီ လီဗာပူးအသင္းအတြက္ ပြဲထြက္ကစားေပးရာမွာ ပံုမွန္စြမ္းေဆာင္ရည္ေအာက္ က်ဆင္းေနတဲ့ ဖာမင္ႏိုက သူဟာ တိုးတက္မႈေတြ လိုအပ္ေနတယ္ဆိုတာ နားလည္ပါေၾကာင္း ထုတ္ေျပာလာပါတယ္။

၂၀၂၁ ခုႏွစ္အတြင္း သြင္းဂိုး ၁ ဂိုးပဲ သြင္းယူထားႏုိင္တဲ့ ဖာမင္ႏိုဟာ ဒီရာသီ တစ္ခုလံုးမွာ ျပိဳင္ပြဲစံုအတြင္း ကိုယ္တိုင္ ၆ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၇ ၾကိမ္ လုပ္ထားႏိုင္ပါတယ္။ ရာသီကုန္မွာ လီဗာပူးအသင္း ထိပ္ဆံုး ၄ သင္းဝင္ဖို႔ရာ ဖာမင္ႏိုထံက ပိုတိုးတက္လာမယ့္ ဖန္တီးႏုိင္စြမ္းေတြ လိုအပ္ေနမွာျဖစ္ပါတယ္။

ဖာမင္ႏိုက “ က်ေနာ္အတြက္ ခက္ခဲလြန္းတဲ့ ေဘာလံုးရာသီတစ္ခု ျဖစ္ပါတယ္။ က်ေနာ္တို႔ ရိုးသားဖို႔ လိုပါတယ္။ တိုးတက္လာဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ေတြ ကုန္ဆံုးေနတာ မဟုတ္ေသးပါဘူး။ ေန႔တိုင္းမွာ က်ေနာ္ကလည္း တိုးတက္လာဖို႔အတြက္ စိတ္ဆႏၵေတြ ထက္သန္ေနတာပါ။ က်ေနာ္အတြက္ စိတ္အားလံု႔ေဆာ္မႈေတြ မရွိေတာ့တာ မဟုတ္ပါဘူး။

ကိုယ္ဘာသာ အမ်ားၾကီး ေျပာင္းလဲခဲ့ရပါတယ္။ ကုန္ခဲ့တဲ့ ႏွစ္ေတြနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ က်ေနာ္က အေကာင္းဆံုး ပံုစံေတြမွာ ရွိမေနဘူးဆိုတာ နားလည္ပါတယ္။ သြင္းဂိုးေတြ၊ ဂိုးေထာက္ပံ့မႈေတြနဲ႔ အျမဲတမ္း ကူညီလိုစိတ္ရွိေပမယ့္ ကံမေကာင္းစြာပဲ အခုခ်ိန္မွာ အဲ့လိုေတြ မလုပ္ေပးႏုိင္ဘူးျဖစ္ေနပါတယ္။

ဒါေပမယ့္ လက္ေလ်ာ့သြားမွာ မဟုတ္ပါဘူး။ အသင္းကို ပိုေကာင္းလာဖို႔ အသင္း အစုအဖြဲ႔နဲ႔ အတူတကြ တိုးတက္လာဖို႔ကို အျမဲတမ္း ၾကိဳးစားေနတာပါ။ ေန႔တိုင္း ေန႔တိုင္းမွာ တိုးတက္လာဖို႔ ၾကိဳးစားေနပါတယ္ ” လို႔ ဘရာဇီးသတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျဖဆိုေပးသြားပါတယ္။

လီဗာပူးအသင္းဟာ ထိပ္ဆံုး ၄ သင္း ဝင္ခြင့္အတြက္ အခြင့္အေရး ရွိေနဆဲျဖစ္ျပီး လက္စတာ၊ ခ်ယ္ဆီး၊ ဝက္ဟမ္း၊ စပါး၊ အဲဗာတန္အသင္းတို႔ျဖင့္ အျပိဳင္ၾကိဳးစားကာ အဆင့္ ၃ နဲ႔ ၄ ေနရာကို ဝင္ေရာက္ဖို႔ ရုန္းကန္ေနရတာျဖစ္ပါတယ္။