လီဗာပူးအသင်းဟာ ကလပ်ရဲ့ အဓိက တိုက်စစ်သမား တစ်ဦးဖြစ်သူ မာနေးနေရာ အစားထိုးဖို့အတွက် စတင်ရှာဖွေမှုတွေ ပြုလုပ်နေပြီး ဘာစီလိုနာမှ ဒမ်ဘီလီကို အတော်လေး မျက်စိကျနေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်သမားဟာ ဒီရာသီမှာ သွင်းဂိုး ၁၂ ဂိုးပဲ သွင်းယူထားနိုင်ပြီး စိတ်ပျက်ဖွယ် ဘောလုံးရာသီကို ကျော်ဖြတ်နေရသူပါ။ မာနေးက လီဗာပူးအသင်းနဲ့ စာချုပ် ၂ နှစ် ကျန်နေသေးပေမယ့်လည်း မာဆေးဆိုဒ်ကလပ်ဘက်က မာနေး၊ ဆာလက်၊ ဗန်ဒိုက်၊ ဖာဘင်ညို အစရှိတဲ့ ၃၀ ဝန်းကျင် အဓိက ကစားသမားအားလုံးကို သက်တမ်းတိုးဖို့ ရွေးချယ်ဖွယ် မရှိပါဘူး။

အသက် ၃၀ အရွယ် ဝိုက်နယ်ဒမ်ကို သက်တမ်းတိုးဖို့ ညိနှိုင်းမှုတွေ မအောင်မြင်ခဲ့သလို အခုချိန်ထိ အသင်းသစ် အတည်မပြုနိုင်သေးတဲ့ နယ်သားလန်သားဖြင့် လုပ်ခတိုးမြင့်ပေးမှုတွေပါမယ့် စာချုပ်သစ် စကားပြောဖို့အား လီဗာပူးဘက်က ငြင်းဆန်နေဆဲဖြစ်တယ်။ ဒါကြောင့် ဒီနွေ (သို့) လာမယ့် နွေမှာ ဆာလာ၊ မာနေးတို့ထဲက တစ်ဦးဦးကို ရောင်းထုတ်ဖို့ ကြိုးစားလိမ့်မယ်လို့လည်း တွက်ချက်မှုတွေ ထွက်ပေါ်ထားတယ်။

တိုက်စစ်သမား ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်ကနေ ဘာစီလိုနာကို ပေါင် ၁၂၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူပါ။ အသက် ၂၃ နှစ် အရွယ်ပဲ ရှိသေးတဲ့ တိုက်စစ်သမားဟာ မကြာခဏ ရလေ့ရှိတဲ့ ဒဏ်ရာကြောင့် ပွဲထွက်ခွင့် ရုန်းကန်ခဲ့ရကာ ဘာစီလိုနာရဲ့ မအောင်မြင်တဲ့ ခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် ဝေဖန်ခံရမှုတွေ ရှိခဲ့တယ်။ ဒမ်ဘီလီက မန်နေဂျာ ကိုးမန်းလက်ထက် နေရာပြန်ရလာပြီး ဒီရာသီ သွင်းဂိုး ၁၀ ဂိုး သွင်းယူထားနိုင်ပါတယ်။

ဒမ်ဘီလီဟာ ဘာစီလိုနာနဲ့ ၂၀၂၂ ခုနှစ်ထိပဲ စာချုပ်ကျန်ရှိနေကာ ဘာကာဘက်က ၃ နှစ် သက်တမ်းတိုးစာချုပ် ပေးသွားလိုနေတယ်။ စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရရင် အလွတ်ဖြင့် ထွက်ခွင့်ပေးရခြင်း မဖြစ်ဖို့ ဒီနွေမှာ ပြင်သစ်သားကို ရောင်းထုတ်သွားမှာဖြစ်တယ်။ ဒမ်ဘီလီအတွက် ပြောင်းရွှေ့ကြေးက ၂၀၁၇ ခုနှစ်က ပေးချေခဲ့ရတဲ့ တန်ကြေးထက် များစွာ ကျဆင်းနိုင်မယ်လို့လည်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကလပ္ရဲ႕ အဓိက တိုက္စစ္သမား တစ္ဦးျဖစ္သူ မာေနးေနရာ အစားထိုးဖို႔အတြက္ စတင္ရွာေဖြမႈေတြ ျပဳလုပ္ေနျပီး ဘာစီလိုနာမွ ဒမ္ဘီလီကို အေတာ္ေလး မ်က္စိက်ေနတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ဒီရာသီမွာ သြင္းဂိုး ၁၂ ဂိုးပဲ သြင္းယူထားႏုိင္ျပီး စိတ္ပ်က္ဖြယ္ ေဘာလံုးရာသီကို ေက်ာ္ျဖတ္ေနရသူပါ။ မာေနးက လီဗာပူးအသင္းနဲ႔ စာခ်ဳပ္ ၂ ႏွစ္ က်န္ေနေသးေပမယ့္လည္း မာေဆးဆိုဒ္ကလပ္ဘက္က မာေနး၊ ဆာလက္၊ ဗန္ဒိုက္၊ ဖာဘင္ညိဳ အစရွိတဲ့ ၃၀ ဝန္းက်င္ အဓိက ကစားသမားအားလံုးကို သက္တမ္းတိုးဖို႔ ေရြးခ်ယ္ဖြယ္ မရွိပါဘူး။

အသက္ ၃၀ အရြယ္ ဝိုက္နယ္ဒမ္ကို သက္တမ္းတိုးဖို႔ ညိႏိႈင္းမႈေတြ မေအာင္ျမင္ခဲ့သလို အခုခ်ိန္ထိ အသင္းသစ္ အတည္မျပဳႏုိင္ေသးတဲ့ နယ္သားလန္သားျဖင့္ လုပ္ခတိုးျမင့္ေပးမႈေတြပါမယ့္ စာခ်ဳပ္သစ္ စကားေျပာဖို႔အား လီဗာပူးဘက္က ျငင္းဆန္ေနဆဲျဖစ္တယ္။ ဒါေၾကာင့္ ဒီေႏြ (သိို႔) လာမယ့္ ေႏြမွာ ဆာလာ၊ မာေနးတို႔ထဲက တစ္ဦးဦးကို ေရာင္းထုတ္ဖို႔ ၾကိဳးစားလိမ့္မယ္လို႔လည္း တြက္ခ်က္မႈေတြ ထြက္ေပၚထားတယ္။

တိုက္စစ္သမား ဒမ္ဘီလီဟာ ၂၀၁၇ ခုႏွစ္မွာ ေဒါ့မြန္ကေန ဘာစီလိုနာကို ေပါင္ ၁၂၂ သန္းျဖင့္ ေျပာင္းေရႊ႔ခဲ့သူပါ။ အသက္ ၂၃ ႏွစ္ အရြယ္ပဲ ရွိေသးတဲ့ တိုက္စစ္သမားဟာ မၾကာခဏ ရေလ့ရွိတဲ့ ဒဏ္ရာေၾကာင့္ ပြဲထြက္ခြင့္ ရုန္းကန္ခဲ့ရကာ ဘာစီလိုနာရဲ႕ မေအာင္ျမင္တဲ့ ေခၚယူမႈေတြထဲက တစ္ခုအျဖစ္ ေဝဖန္ခံရမႈေတြ ရွိခဲ့တယ္။ ဒမ္ဘီလီက မန္ေနဂ်ာ ကိုးမန္းလက္ထက္ ေနရာျပန္ရလာျပီး ဒီရာသီ သြင္းဂိုး ၁၀ ဂိုး သြင္းယူထားႏုိင္ပါတယ္။

ဒမ္ဘီလီဟာ ဘာစီလိုနာနဲ႔ ၂၀၂၂ ခုႏွစ္ထိပဲ စာခ်ဳပ္က်န္ရွိေနကာ ဘာကာဘက္က ၃ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ေပးသြားလိုေနတယ္။ စာခ်ဳပ္သစ္ကိစၥ သေဘာတူညီမႈ မရရင္ အလြတ္ျဖင့္ ထြက္ခြင့္ေပးရျခင္း မျဖစ္ဖို႔ ဒီေႏြမွာ ျပင္သစ္သားကို ေရာင္းထုတ္သြားမွာျဖစ္တယ္။ ဒမ္ဘီလီအတြက္ ေျပာင္းေရႊ႔ေၾကးက ၂၀၁၇ ခုႏွစ္က ေပးေခ်ခဲ့ရတဲ့ တန္ေၾကးထက္ မ်ားစြာ က်ဆင္းႏုိင္မယ္လို႔လည္း ခန္႔မွန္းမႈေတြ ရွိေနပါတယ္။