လီဗာပူးအသင်းဟာ နောက်ရာသီမှာ ဆုဖလားတွေ ရယူနိုင်ဖို့၊ မန်စီးတီးရဲ့ လွှမ်းမိုးမှုကို ကျော်ဖြတ်နိုင်ဖို့ ဆိုရင် အသင်း လူစာရင်ကို ထပ်မံ အင်အားတိုးဖို့ လိုအပ်ကြောင်း ခံစစ်မှူးဟောင်း ကာရေဂါက ထောက်ပြ အကြံပြုခဲ့ပါတယ်။

လီဗာပူးဟာ ဗဟိုခံစစ် တစ်ဦး၊ ဝိုက်နယ်ဒန် နေရာ အစားထိုးဖို့ ကွင်းလယ် တစ်ဦးနဲ့ ပုံမှန် ပွဲထွက်နိုင်မယ့် အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ဖို့ လိုတယ်လို့ ကာရေဂါက သုံးသပ် ပြောဆိုခဲ့တာပါ။

” လီဗာပူး အသင်း နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုတာ သိပ် အရေးကြီးပါတယ်။ ဝင်ငွေပိုင်း အရရော ကစားသမားတွေကို ဆွဲဆောင်နိုင်ဖို့ အတွက်ပါ လိုတာပါ။

အခုလောလောဆယ်မှာ လီဗာပူးအသင်းက အသင်း ကျောရိုး တစ်လျောက် ပြင်ဖို့ ကစားသမား သုံးယောက် လိုပါတယ်။ သူတို့ ဗဟို ခံစစ်မှူး တစ်ဦးလိုတယ်။ အသင်းကနေ ထွက်ခွာဖွယ် ရှိတဲ့ ဝိုက်နယ်ဒန် နေရာ အစားထိုးဖို့ လိုမယ်။

နောက်ပြီး နောက်ရာသီ မန်စီးတီးကို ယှဉ်ဖို့ ဆိုရင် အသင်းပွဲထွက် တိုက်စစ် သုံးယောက်မှာ အမြဲတမ်း အပတ်တိုင်း ဝင် ကစားဖို့ နောက်ထပ် တိုက်စစ် တစ်ယောက်လိုမယ်။ ” လို့ ကာရေဂါက ဆိုပါတယ်။

ကာရေဂါ အကြံပြုသလို ဖြစ်လာဖို့က လီဗာပူးအသင်းဟာ ငွေများများ သုံးပြီး အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ လှုပ်ရှားနိုင်မှ ဖြစ်လာဖွယ် ရှိပါတယ်။ ၂၀၁၈ နွေမှာ ကော်တင်ညို ထွက်ခွာသွားပြီးနောက် လီဗာပူးက အယ်လစ်ဆန်၊ ဖာဘင်ညိုနဲ့ ကိတ်တာတို့ကို ခေါ်ယူခဲ့ပါတယ်။

ဝိုက်နယ်ဒန်က ရာသီကုန်မှာ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပြီး သူ့ အနေအထားက မသဲကွဲသေးပါဘူး။ လောလောဆယ်မှာတော့ လီဗာပူးက ခံစစ်မှူး ကိုနာတေးကို ယူရို သန်း ၄၀ နဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ေနာက္ရာသီမွာ ဆုဖလားေတြ ရယူနုိင္ဖို႔၊ မန္စီးတီးရဲ႕ လႊမ္းမိုးမႈကို ေက်ာ္ျဖတ္နုိင္ဖို႔ ဆိုရင္ အသင္း လူစာရင္ကို ထပ္မံ အင္အားတိုးဖို႔ လိုအပ္ေၾကာင္း ခံစစ္မွဴးေဟာင္း ကာေရဂါက ေထာက္ျပ အၾကံျပဳခဲ့ပါတယ္။

လီဗာပူးဟာ ဗဟိုခံစစ္ တစ္ဦး၊ ၀ိုက္နယ္ဒန္ ေနရာ အစားထိုးဖို႔ ကြင္းလယ္ တစ္ဦးနဲ႕ ပံုမွန္ ပြဲထြက္နုိင္မယ့္ အေထာင္ တိုက္စစ္မွဴး တစ္ဦး ေခၚဖို႔ လိုတယ္လို႔ ကာေရဂါက သံုးသပ္ ေျပာဆိုခဲ့တာပါ။

” လီဗာပူး အသင္း ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ ဆိုတာ သိပ္ အေရးၾကီးပါတယ္။ ၀င္ေငြပိုင္း အရေရာ ကစားသမားေတြကို ဆြဲေဆာင္နုိင္ဖို႔ အတြက္ပါ လိုတာပါ။

အခုေလာေလာဆယ္မွာ လီဗာပူးအသင္းက အသင္း ေက်ာရိုး တစ္ေလ်ာက္ ျပင္ဖို႔ ကစားသမား သံုးေယာက္ လိုပါတယ္။ သူတို႔ ဗဟို ခံစစ္မွဴး တစ္ဦးလိုတယ္။ အသင္းကေန ထြက္ခြာဖြယ္ ရွိတဲ့ ၀ိုက္နယ္ဒန္ ေနရာ အစားထိုးဖို႔ လိုမယ္။

ေနာက္ျပီး ေနာက္ရာသီ မန္စီးတီးကို ယွဥ္ဖို႔ ဆိုရင္ အသင္းပြဲထြက္ တိုက္စစ္ သံုးေယာက္မွာ အျမဲတမ္း အပတ္တိုင္း ၀င္ ကစားဖို႔ ေနာက္ထပ္ တိုက္စစ္ တစ္ေယာက္လိုမယ္။ ” လို႔ ကာေရဂါက ဆိုပါတယ္။

ကာေရဂါ အၾကံျပဳသလို ျဖစ္လာဖို႔က လီဗာပူးအသင္းဟာ ေငြမ်ားမ်ား သံုးျပီး အေျပာင္းအေရႊ႕ ေစ်းကြက္ထဲမွာ လႈပ္ရွားနိုင္မွ ျဖစ္လာဖြယ္ ရွိပါတယ္။ ၂၀၁၈ ေႏြမွာ ေကာ္တင္ညိဳ ထြက္ခြာသြားျပီးေနာက္ လီဗာပူးက အယ္လစ္ဆန္၊ ဖာဘင္ညိဳနဲ႕ ကိတ္တာတို႔ကို ေခၚယူခဲ့ပါတယ္။

၀ိုက္နယ္ဒန္က ရာသီကုန္မွာ စာခ်ဳပ္ ကုန္ဆံုးမွာ ျဖစ္ျပီး သူ႔ အေနအထားက မသဲကြဲေသးပါဘူး။ ေလာေလာဆယ္မွာေတာ့ လီဗာပူးက ခံစစ္မွဴး ကိုနာေတးကို ယူရို သန္း ၄၀ နဲ႕ ေခၚယူဖို႔ ခ်ိတ္ဆက္ေနပါတယ္။