အသက် ၂၁ နှစ်အရွယ် ခံစစ်မှူး ကိုနိတ်က လီဗာပူးအသင်းနဲ့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ ကိစ္စတွေအတွက် ပထမဆုံးအကြိမ် ထုတ်ပြောမှု လုပ်လာခဲ့ပါတယ်။

ဒီနွေမှာ ကိုနိတ်ကို ခေါ်ယူမယ်ဆိုရင် မူလထွက်ပေါ်ထားတဲ့ တန်ကြေးထက် အနည်းငယ် ဈေးကျဆင်းမှာဖြစ်ပြီး ပေါင် ၂၈-၂၉ သန်း ဝန်းကျင် ပေးရမယ်လို့ အသံထွက်နေတယ်။ လိုက်ဇစ်နဲ့ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ရှိထားတဲ့ ပြင်သစ် လူငယ်ခံစစ်မှူးကို ခေါ်ယူရေးမှာ လီဗာပူးက အားသာချက်တွေ ရှိနေတယ်လို့လည်း ဂျာမနီသတင်းတွေက ဖော်ပြနေပါတယ်။

ကိုနိတ်က “ ဘောလုံးမှာ ကောလဟာလသတင်းတွေ ထွက်ပေါ်လာလေ့ရှိပါတယ်။ လူတိုင်းက အဲ့သတင်းတွေကို ချက်ခြင်းပဲ ယုံစားလိုက်ကြတယ်။ ကျနော်နဲ့ အေးဂျင့်တို့က လီဗာပူးဘက်က ကမ်းလှမ်းလာမှုတွေကို မရသေးပါဘူး။

ကျနော်က လိုက်ဇစ်နှင့်အတူ ရည်မှန်းချက်ကြီး ရှိထားပါတယ်။ လက်ရှိမှာ ကျနေ်ာတို့က ဘွန်ဒက်လီဂါရဲ့ အဆင့်ကောင်းကို ရောက်နေတယ်၊ ဖလားပွဲမှာလည်း ဗိုလ်လုပွဲကို ရောက်ထားပါတယ်။ ပြင်သစ်နဲ့လည်း ယူ-၂၁ ယူရိုပွဲကို သွားရောက် ယှဉ်ပြိုင်ရမှာပါ။

လိုက်ဇစ်နဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိထားပါတယ်။ ဒီစာချုပ်ပြည့်တဲ့ထိ ကစားလိုတယ်။ ကျနော်က အူပါမီကာနိုရဲ့ နေရာ ဆက်ခံသူဆိုတာက ကိုယ်ဘာသာပဲ ရပ်တည်လိုပါတယ်။ ကျနေ်ာတို့က ၂၀၁၇ မှာ လိုက်ဇစ်ကို အတူရောက်လာကြပြီး အခုတော့ လမ်းခွဲကြရတော့မှာပါ။ သူ့ရဲ့ အလုပ်သစ်မှာ အဆင်ပြေဖို့နဲ့ လိုက်ဇစ်မှာ ကျနော် လုပ်ရမယ့် ကိစ္စတွေကို လုပ်နိုင်ဖို့ ကြိုးစားသွားပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ကိုနိတ်ဟာ ဒဏ်ရာပြဿနာတွေ ရှိဖူးခြင်းကြောင့် လီဗာပူးဘက်က သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကို သေချာအောင် စောင့်ကြည့်နေတယ်လို့ သိထားရတယ်။ လီဗာပူးဘက်က ကင်းထောက်နေတဲ့ ခံစစ်မှူးတွေထဲမှာတော့ ကိုနိတ်၊ ခါဘတ်နဲ့ အချို့သော လူငယ်ခံစစ်မှူးတွေ ပါဝင်နေဆဲဖြစ်ပါတယ်။

ZAWGYI

အသက္ ၂၁ ႏွစ္အရြယ္ ခံစစ္မွဴး ကိုနိတ္က လီဗာပူးအသင္းနဲ႔ ထြက္ေပၚေနတဲ့ အေျပာင္းအေရႊ႔ ကိစၥေတြအတြက္ ပထမဆံုးအၾကိမ္ ထုတ္ေျပာမႈ လုပ္လာခဲ့ပါတယ္။

ဒီေႏြမွာ ကိုနိတ္ကို ေခၚယူမယ္ဆိုရင္ မူလထြက္ေပၚထားတဲ့ တန္ေၾကးထက္ အနည္းငယ္ ေစ်းက်ဆင္းမွာျဖစ္ျပီး ေပါင္ ၂၈-၂၉ သန္း ဝန္းက်င္ ေပးရမယ္လို႔ အသံထြက္ေနတယ္။ လိုက္ဇစ္နဲ႔ ၂၀၂၃ ခုႏွစ္ထိပဲ စာခ်ဳပ္ရွိထားတဲ့ ျပင္သစ္ လူငယ္ခံစစ္မွဴးကို ေခၚယူေရးမွာ လီဗာပူးက အားသာခ်က္ေတြ ရွိေနတယ္လို႔လည္း ဂ်ာမနီသတင္းေတြက ေဖာ္ျပေနပါတယ္။

ကိုနိတ္က “ ေဘာလံုးမွာ ေကာလဟာလသတင္းေတြ ထြက္ေပၚလာေလ့ရွိပါတယ္။ လူတိုင္းက အဲ့သတင္းေတြကို ခ်က္ျခင္းပဲ ယံုစားလိုက္ၾကတယ္။ က်ေနာ္နဲ႔ ေအးဂ်င့္တို႔က လီဗာပူးဘက္က ကမ္းလွမ္းလာမႈေတြကို မရေသးပါဘူး။

က်ေနာ္က လိုက္ဇစ္ႏွင့္အတူ ရည္မွန္းခ်က္ၾကီး ရွိထားပါတယ္။ လက္ရွိမွာ က်ေန္ာတို႔က ဘြန္ဒက္လီဂါရဲ႕ အဆင့္ေကာင္းကို ေရာက္ေနတယ္၊ ဖလားပြဲမွာလည္း ဗိုလ္လုပြဲကို ေရာက္ထားပါတယ္။ ျပင္သစ္နဲ႔လည္း ယူ-၂၁ ယူရိုပြဲကို သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။

လိုက္ဇစ္နဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိထားပါတယ္။ ဒီစာခ်ဳပ္ျပည့္တဲ့ထိ ကစားလိုတယ္။ က်ေနာ္က အူပါမီကာႏိုရဲ႕ ေနရာ ဆက္ခံသူဆိုတာက ကိုယ္ဘာသာပဲ ရပ္တည္လိုပါတယ္။ က်ေန္ာတို႔က ၂၀၁၇ မွာ လိုက္ဇစ္ကို အတူေရာက္လာၾကျပီး အခုေတာ့ လမ္းခြဲၾကရေတာ့မွာပါ။ သူ႔ရဲ႕ အလုပ္သစ္မွာ အဆင္ေျပဖို႔နဲ႔ လိုက္ဇစ္မွာ က်ေနာ္ လုပ္ရမယ့္ ကိစၥေတြကို လုပ္ႏုိင္ဖို႔ ၾကိဳးစားသြားပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ကိုနိတ္ဟာ ဒဏ္ရာျပႆနာေတြ ရွိဖူးျခင္းေၾကာင့္ လီဗာပူးဘက္က သူ႔ရဲ႕ ၾကံ႕ခိုင္မႈပိုင္းကို ေသခ်ာေအာင္ ေစာင့္ၾကည့္ေနတယ္လို႔ သိထားရတယ္။ လီဗာပူးဘက္က ကင္းေထာက္ေနတဲ့ ခံစစ္မွဴးေတြထဲမွာေတာ့ ကိုနိတ္၊ ခါဘတ္နဲ႔ အခ်ိဳ႔ေသာ လူငယ္ခံစစ္မွဴးေတြ ပါဝင္ေနဆဲျဖစ္ပါတယ္။