အာဆင်နယ်နဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အီယန်ရိုက်က ဒီတစ်ပတ် ပွဲကြီးပွဲကောင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး ပွဲဟာ ဘယ်လို ရလဒ်ထွက်နိုင်သလဲ သုံးသပ်ခန့်မှန်းမှု ပြုလုပ်သွားခဲ့ပါတယ်။ လီဗာပူးဟာ မန်ယူနိုက်တက် ကို ၎င်းတို့ရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ အနိုင်မရတာ ၂၀၁၄ တည်းက ဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ လီဗာပူးဟာ တနင်္ဂနွေနေ့ ပွဲမတနိုင်ခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၆ မှာသာ ရှိနေပြီး နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်တောင် မရေရာတဲ့ အနေအထား ဖြစ်နေပါတယ်။ ၎င်းရှေ့မှာ ဝက်စ်ဟမ်း၊ ချယ်ဆီး၊ လက်စတာတို့ အသီးသီး ရှိနေကြပြီး လက်ကျန် ပွဲတွေနဲ့တင် အမှီလိုက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမှာပါ။

မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီရာသီ အဆင့် ၂ နဲ့ ရာသီသိမ်းရဖို့ သေချာသလောက် ရှိပြီးတဲ့နောက် ချန်ပီယံလိဂ် ဝင်ခွင့်က တစ်နေရာစာ သေချာသလောက် ရှိနေပြီး ဒီရာသီ ဆုဖလား အခွင့်အရေး အတွက် ယူရိုပါလိဂ်ဘက်ကို အားစိုက်ဖို့သာ ကျန်ရှိပါတယ်။

အီယန်ရိုက်ကတော့ ဒီတစ်ပတ် ပွဲမှာ လီဗာပူးက အဝေးကွင်းနိုင်ပွဲယူပြီး သုံးမှတ်ပြည့် ယူသွားနိုင်တယ်လို့ ယုံကြည်နေကြောင်း ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

” မန်ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့် ရပြီ ဘယ်လိုပဲ ပြောပြော ဆိုးရှား အနေနဲ့ ဆုဖလား တစ်ခုခု ယူပြဖို့ လိုပါသေးတယ်။ ဒါက သူ့စိတ်ထဲမှာ ရှိနေတာကြောင့် ကျနော်က လီဗာပူးဘက်က ရှိချင်တယ်။ ဒီပွဲက လီဗာပူး အတွက် နိုင်ကို နိုင်ဖို့ အရေးကြီးနေတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ချန်ပီယံလိဂ် လမ်းကြောင်းထဲကို သူတို့ အချိန်မှီ ဆွဲတင်ဖို့ လိုနေတယ်။

ဒီတလောမှာ သရေပွဲတွေ များထားပေမယ့် ဒီပွဲကတော့ အကြိတ်အနယ်နဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ဦးမယ် လို့ ကျနော် ထင်ပါတယ်။ ” လို့ ရိုက်က ဆိုပါတယ်။

ဆိုးရှားရဲ့ ယူနိုက်တက် ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရိုးမားကို ဂိုးပြတ် အနိုင်ယူထားတာကြောင့် ဒုတိယ အကျော့မှာ ထိန်း ကစားပြီး ဗိုလ်လုပွဲ တက်ကာ ဖလား ယူဖို့ အာရုံစိုက်ရဦးမှာ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္နဲ႕ အဂၤလန္တိုက္စစ္မွဴးေဟာင္း အီယန္ရိုက္က ဒီတစ္ပတ္ ပြဲၾကီးပြဲေကာင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ လီဗာပူး ပြဲဟာ ဘယ္လို ရလဒ္ထြက္နုိင္သလဲ သံုးသပ္ခန္႔မွန္းမႈ ျပဳလုပ္သြားခဲ့ပါတယ္။ လီဗာပူးဟာ မန္ယူနိုက္တက္ ကို ၄င္းတို႔ရဲ႕ အိုးထရက္ဖို႔ဒ္ကြင္းမွာ အနုိင္မရတာ ၂၀၁၄ တည္းက ျဖစ္ပါတယ္။

လက္ရွိ ခ်န္ပီယံ လီဗာပူးဟာ တနဂၤေႏြေန႔ ပြဲမတနိုင္ခင္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ ၆ မွာသာ ရွိေနျပီး ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ေတာင္ မေရရာတဲ့ အေနအထား ျဖစ္ေနပါတယ္။ ၄င္းေရွ႕မွာ ၀က္စ္ဟမ္း၊ ခ်ယ္ဆီး၊ လက္စတာတို႔ အသီးသီး ရွိေနၾကျပီး လက္က်န္ ပြဲေတြနဲ႕တင္ အမွီလိုက္ဖို႔ ခက္ခက္ခဲခဲ ၾကိဳးစားရမွာပါ။

မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ ဒီရာသီ အဆင့္ ၂ နဲ႕ ရာသီသိမ္းရဖို႔ ေသခ်ာသေလာက္ ရွိျပီးတဲ့ေနာက္ ခ်န္ပီယံလိဂ္ ၀င္ခြင့္က တစ္ေနရာစာ ေသခ်ာသေလာက္ ရွိေနျပီး ဒီရာသီ ဆုဖလား အခြင့္အေရး အတြက္ ယူရိုပါလိဂ္ဘက္ကို အားစိုက္ဖို႔သာ က်န္ရွိပါတယ္။

အီယန္ရိုက္ကေတာ့ ဒီတစ္ပတ္ ပြဲမွာ လီဗာပူးက အေ၀းကြင္းနုိင္ပြဲယူျပီး သံုးမွတ္ျပည့္ ယူသြားနုိင္တယ္လို႔ ယံုၾကည္ေနေၾကာင္း ရွင္းလင္း ေျပာဆိုသြားခဲ့ပါတယ္။

” မန္ယူနုိက္တက္က ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရျပီ ဘယ္လိုပဲ ေျပာေျပာ ဆိုးရွား အေနနဲ႕ ဆုဖလား တစ္ခုခု ယူျပဖို႔ လိုပါေသးတယ္။ ဒါက သူ႔စိတ္ထဲမွာ ရွိေနတာေၾကာင့္ က်ေနာ္က လီဗာပူးဘက္က ရွိခ်င္တယ္။ ဒီပြဲက လီဗာပူး အတြက္ နုိင္ကို နုိင္ဖို႔ အေရးၾကီးေနတာပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ခ်န္ပီယံလိဂ္ လမ္းေၾကာင္းထဲကို သူတို႔ အခ်ိန္မွီ ဆြဲတင္ဖို႔ လိုေနတယ္။

ဒီတေလာမွာ သေရပြဲေတြ မ်ားထားေပမယ့္ ဒီပြဲကေတာ့ အၾကိတ္အနယ္နဲ႕ ပြဲေကာင္း တစ္ပြဲ ျဖစ္ဦးမယ္ လို႔ က်ေနာ္ ထင္ပါတယ္။ ” လို႔ ရိုက္က ဆိုပါတယ္။

ဆိုးရွားရဲ႕ ယူနုိက္တက္ ဟာ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ ရိုးမားကို ဂိုးျပတ္ အနုိင္ယူထားတာေၾကာင့္ ဒုတိယ အေက်ာ့မွာ ထိန္း ကစားျပီး ဗိုလ္လုပြဲ တက္ကာ ဖလား ယူဖို႔ အာရံုစိုက္ရဦးမွာ ျဖစ္ပါတယ္။