လီဗာပူးအသင်းဟာ ကလပ်ရဲ့ အမှတ်ပေးဇယား ရပ်တည်မှုအတွက်တင် မကဘဲ ဒီရာသီရဲ့ ချန်ပီယံအသင်းကိုပါ အဆုံးအဖြတ်ဖြစ်သွားနိုင်မယ့် ပွဲအဖြစ် ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဗဟိုခံစစ်မှူး နက်ဖီးလစ် ဒဏ်ရာကနေ မသက်သာသေးတာကြောင့် ပါဝင်နိုင်သေးဖွယ် မရှိဘူး။ ကုန်ခဲ့တဲ့ လိဂ်ပွဲမှာ တူညီတဲ့ လူစာရင်းကို ထုတ်သုံးနေရပြီး ဖာဘင်ညိုကို ခါဘတ်ဖြင့် တွဲဘက် ပေးနေရခြင်းကြောင့် ယူနိုက်တက်ကို ရင်ဆိုင်ရာမှာလည်း ခါဘတ်+ဖာဘင်ညို အတွဲကိုပဲ မြင်ရမယ်လို့ ခန့်မှန်းရတယ်။

နယူးကာဆယ်ပွဲမှာ ကာတစ်ဂျုံးနဲ့ ဂျိမ်းမီလ်နာ လူစားဝင်ကစားခဲ့ပေမယ့် ရှာကွီရီ၊ ကိတ်တာ၊ ချိန်ဘာလိန်တို့ကို ထုတ်သုံးခဲ့ခြင်း မရှိဘူး။ မန်နေဂျာကလော့ပ်က ခံစစ်မှူး ရိုင်းကိုတော့ အရန်စာရင်းမှာ ထည့်တွင်းထားခဲ့ပါတယ်။ ယူနိုက်တက်ပွဲမှာလည်း တူညီတဲ့ ပွဲထွက်စာရင်းကိုပဲ အသုံးပြုမယ့် အလားအလာပဲ ရှိနေပါတယ်။

Liverpool’s XI vs. Man United

လီဗာပူးရဲ့ ခံစစ်တန်းက အယ်လီဆန်၊ ထရန့်၊ ခါဘတ်၊ ဖာဘင်ညို၊ ရော်ဘတ်ဆန် အတွဲပဲ ဖြစ်လာဖို့ ရှိနေတယ်။ နယူးကာဆယ်ပွဲအပြီး အနားရထားတဲ့ လီဗာပူးလူစာရင်းဟာ လေ့ကျင့်ချိန် ပြည့်ဝနေသလို တူညီတဲ့ ခံစစ်ကြောင်းကိုပဲ ထုတ်သုံးတာက စွမ်းဆောင်ရည် တည်ငြိမ်မှုအတွက် အကျိုးဖြစ်နိုင်ပါတယ်။

မန်နေဂျာကလော့ပ်က တိုက်စစ်သမား ၄ ဦးလုံးကို ခင်းကျင်းမယ်ဆိုရင်တော့ ကွင်းလယ်အတွဲအဖြစ် သီယာဂိုနဲ့ ဝိုက်နယ်ဒမ်တို့ကို ပွဲထွက်နိုင်တယ်။ တိုက်စစ်သမား ၃ ဦးတန်းကို ထုတ်သုံးမယ်ဆိုရင်တော့ ကွင်းလယ် လက်ကျန် တစ်နေရာမှာ မီလ်နာကို ထုတ်သုံးပြီး ဒုတိယပိုင်းမှာ ယူနိုက်တက်နဲ့ ရေစက်ရှိတဲ့ ရှာကွီရီကို ထုတ်သုံးနိုင်ပါတယ်။

လက်ရှိ လီဗာပူးတိုက်စစ်မှာ ဆာလာ တစ်ဦးတည်း ပုံစံကောင်းနေပြီး ဖာမင်နို၊ ဂျိုတာ၊ မာနေးတို့က စွမ်းဆောင်ရည် တည်ငြိမ်ဖို့ ရုန်းကန်နေရတာပါ။ နယူးကာဆယ်ပွဲမှာ အဆိုပါ တိုက်စစ်သမား လေးဦးက အခွင့်အရေးကောင်းတွေ အသုံးမချနိုင်လို့ဘဲ သရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်ကာ ယူနိုက်တက်ပွဲမှာတော့ လေးဦးလုံးကို ထုတ်သုံးမယ်လို့ ယုံကြည်ရပါတယ်။

Alisson; Alexander-Arnold, Fabinho, Kabak, Robertson; Wijnaldum, Thiago; Salah, Firmino, Mane; Jota

ZAWGYI

လီဗာပူးအသင္းဟာ ကလပ္ရဲ႕ အမွတ္ေပးဇယား ရပ္တည္မႈအတြက္တင္ မကဘဲ ဒီရာသီရဲ႕ ခ်န္ပီယံအသင္းကိုပါ အဆံုးအျဖတ္ျဖစ္သြားႏုိင္မယ့္ ပြဲအျဖစ္ ယူႏုိုက္တက္ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

ဗဟိုခံစစ္မွဴး နက္ဖီးလစ္ ဒဏ္ရာကေန မသက္သာေသးတာေၾကာင့္ ပါဝင္ႏုိင္ေသးဖြယ္ မရွိဘူး။ ကုန္ခဲ့တဲ့ လိဂ္ပြဲမွာ တူညီတဲ့ လူစာရင္းကို ထုတ္သံုးေနရျပီး ဖာဘင္ညိဳကို ခါဘတ္ျဖင့္ တြဲဘက္ ေပးေနရျခင္းေၾကာင့္ ယူႏိုက္တက္ကို ရင္ဆိုင္ရာမွာလည္း ခါဘတ္+ဖာဘင္ညိဳ အတြဲကိုပဲ ျမင္ရမယ္လို႔ ခန္႔မွန္းရတယ္။

နယူးကာဆယ္ပြဲမွာ ကာတစ္ဂ်ံဳးနဲ႔ ဂ်ိမ္းမီလ္နာ လူစားဝင္ကစားခဲ့ေပမယ့္ ရွာကီြရီ၊ ကိတ္တာ၊ ခ်ိန္ဘာလိန္တို႔ကို ထုတ္သံုးခဲ့ျခင္း မရွိဘူး။ မန္ေနဂ်ာကေလာ့ပ္က ခံစစ္မွဴး ရိုင္းကိုေတာ့ အရန္စာရင္းမွာ ထည့္တြင္းထားခဲ့ပါတယ္။ ယူႏိုက္တက္ပြဲမွာလည္း တူညီတဲ့ ပြဲထြက္စာရင္းကိုပဲ အသံုးျပဳမယ့္ အလားအလာပဲ ရွိေနပါတယ္။

Liverpool’s XI vs. Man United

လီဗာပူးရဲ႕ ခံစစ္တန္းက အယ္လီဆန္၊ ထရန္႔၊ ခါဘတ္၊ ဖာဘင္ညိဳ၊ ေရာ္ဘတ္ဆန္ အတြဲပဲ ျဖစ္လာဖို႔ ရွိေနတယ္။ နယူးကာဆယ္ပြဲအျပီး အနားရထားတဲ့ လီဗာပူးလူစာရင္းဟာ ေလ့က်င့္ခ်ိန္ ျပည့္ဝေနသလို တူညီတဲ့ ခံစစ္ေၾကာင္းကိုပဲ ထုတ္သံုးတာက စြမ္းေဆာင္ရည္ တည္ျငိမ္မႈအတြက္ အက်ိဳးျဖစ္ႏုိင္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က တိုက္စစ္သမား ၄ ဦးလံုးကို ခင္းက်င္းမယ္ဆိုရင္ေတာ့ ကြင္းလယ္အတြဲအျဖစ္ သီယာဂိုနဲ႔ ဝိုက္နယ္ဒမ္တို႔ကို ပြဲထြက္ႏုိင္တယ္။ တိုက္စစ္သမား ၃ ဦးတန္းကို ထုတ္သံုးမယ္ဆိုရင္ေတာ့ ကြင္းလယ္ လက္က်န္ တစ္ေနရာမွာ မီလ္နာကို ထုတ္သံုးျပီး ဒုတိယပိုင္းမွာ ယူႏုိက္တက္နဲ႔ ေရစက္ရွိတဲ့ ရွာကီြရီကို ထုတ္သံုးႏုိင္ပါတယ္။

လက္ရွိ လီဗာပူးတိုက္စစ္မွာ ဆာလာ တစ္ဦးတည္း ပံုစံေကာင္းေနျပီး ဖာမင္ႏို၊ ဂ်ိဳတာ၊ မာေနးတို႔က စြမ္းေဆာင္ရည္ တည္ျငိမ္ဖို႔ ရုန္းကန္ေနရတာပါ။ နယူးကာဆယ္ပြဲမွာ အဆိုပါ တိုက္စစ္သမား ေလးဦးက အခြင့္အေရးေကာင္းေတြ အသံုးမခ်ႏုိင္လို႔ဘဲ သေရရလဒ္ ထြက္ေပၚခဲ့ျခင္းျဖစ္ကာ ယူႏုိက္တက္ပြဲမွာေတာ့ ေလးဦးလံုးကို ထုတ္သံုးမယ္လို႔ ယံုၾကည္ရပါတယ္။

Alisson; Alexander-Arnold, Fabinho, Kabak, Robertson; Wijnaldum, Thiago; Salah, Firmino, Mane; Jota