နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဗန်ဒိုက်ဟာ လီဗာပူးအသင်းနဲ့ အတူ ထရိန်နင်မှာ ပြန်လေ့ကျင့်နိုင်တဲ့ အနေအထား မရှိသေးပေမယ့် နိုင်ငံအသင်းနဲ့ အတူ လာမယ့် ယူရိုပြိုင်ပွဲမှာ ပါဝင်မယ် ဆိုရင် အချိန် တစ်လသာ ရှိတော့မှာ ဖြစ်ပါတယ်။

ကလော့ပ်က ဗန်ဒိုက်ကို လက်ရွေးစင် အသင်းထံ မသွားဖို့ တားဆီး ပိတ်ပင်မှာ မဟုတ်ပေမယ့် ဒဏ်ရာ အရှင်းပျောက်ပြီး ကြံ့ခိုင်မှု အပြည့်အ၀ မရသေးတဲ့ ကစားသမားကို အလောတကြီး မသုံးသင့်ကြောင်း သတိပေးစကား ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး ဟာ အောက်တိုဘာလတည်းက ဒူးဒဏ်ရာကြောင့် မပါဝင်နိုင်တာ ဖြစ်ပြီး အနားယူနေရတာ ၇ လ တာ ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်နွေ ယူရိုပြိုင်ပွဲမှာ နယ်သာလန် အသင်းအတွက် ဗန်ဒိုက်က အရေးကြီး ကစားသမား ဖြစ်နေတာပါ။ ကလော့ပ်ကတော့ ဗန်ဒိုက် သူ့ရဲ့ ပုံမှန်ခြေစွမ်းပြန်ရဖို့ သီတင်းပတ် အတော်ကြာ အချိန်ယူဖို့ လိုသေးကြောင်း သတိပေးလိုက်ပါတယ်။

” ဗန်ဒိုက်ရဲ့ ဒူး။ အခြေအနေကို ကြည့်ပါ။ ကျနော်ကတော့ သူ့ကို ဆွဲမထားချင်ဘူး။ ဒါပေမယ့် ခင်ဗျားတို့လည်း တွန်းအား မပေးသင့်ဘူး။ အခုတော့ လိုအပ်တာတွေ အကုန်လုံး သူ့ကို လုပ်ဆောင်ပေထးားတယ်။ ဒီ ဘောလုံးလောကမှာ နေတာကြာရင် ပြိုင်ပွဲ တစ်ခု ကစားဖို့ ပွဲမတိုင်ခင် လေ့ကျင့်ဖို့ လိုတယ် ဆိုတာ သိမှာပါ။ မှန်ကန်တဲ့ လေ့ကျင့်မှုတွေ သီတင်းပတ် အတော်ကြာ လုပ်ဖို့ လိုတယ်။

၁၀ လ ၁၁ လ လောက် ပွဲဆက်ပြတ်နေပြီး တစ်ပတ်လောက် လေ့ကျင့်၊ ဘောလုံး ဝင် ကစားလို့ မရဘူး။ ဒါက ဖြစ်ကိုမဖြစ်နိုင်သလို ဖြစ်လည်း မဖြစ်သင့်ဘူး။ ဘယ်သူကမှ သူ့ကို ဆွဲမထားပါဘူး။ ဟော်လန်က လူတွေရော အားလုံးကို ကျောန် ကတိပေးနိုင်တယ်။ သူ့ကို ကျနော်တို့ တွန်းအား မပေးနိုင်သလို ပေးမှာလည်း မဟုတ်ဘူး။ ကျနော်တို့က ကစားသမား တစ်ယောက်နဲ့ သူ့ ကစားသမား လမ်းကြောင်း ကိစ္စ ပြောနေရတာပါ။ ” လို့ ကလော့ပ်က ရှင်းလင်း ပြောဆိုလိုက်ပါတယ်။

အသက် ၂၉ နှစ် အရွယ် ကစားသမားဟာ ဒီရာသီ လီဗာပူး အသင်း အတွက် ၈ ပွဲသာ ကစားခဲ့ရတာ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တာက အောက်တိုဘာ ၁၇ ရက်၊ အဲဗာတန် နဲ့ မာဆေးဆိုဒ် ဒါဘီပွဲမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဗန်ဒိုက်က ပြန်လည် ထူထောင်ရေး အပေါ်သာ လုပ်ဆောင်နေတာ ဖြစ်ပြီး ကလပ်အသင်းနဲ့ အတူ လေ့ကျင့်ရေး ပြန် မဆင်းနိုင်သေးဘဲ ရှိပါတယ်။

Zawgyi – နယ္သာလန္ လက္ေရြးစင္ ခံစစ္မွဴး ဗန္ဒိုက္ဟာ လီဗာပူးအသင္းနဲ႕ အတူ ထရိန္နင္မွာ ျပန္ေလ့က်င့္နိုင္တဲ့ အေနအထား မရွိေသးေပမယ့္ နုိင္ငံအသင္းနဲ႕ အတူ လာမယ့္ ယူရိုျပိဳင္ပြဲမွာ ပါ၀င္မယ္ ဆိုရင္ အခ်ိန္ တစ္လသာ ရွိေတာ့မွာ ျဖစ္ပါတယ္။

ကေလာ့ပ္က ဗန္ဒိုက္ကို လက္ေရြးစင္ အသင္းထံ မသြားဖို႕ တားဆီး ပိတ္ပင္မွာ မဟုတ္ေပမယ့္ ဒဏ္ရာ အရွင္းေပ်ာက္ျပီး ၾကံ႕ခိုင္မႈ အျပည့္အ၀ မရေသးတဲ့ ကစားသမားကို အေလာတၾကီး မသံုးသင့္ေၾကာင္း သတိေပးစကား ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

လီဗာပူး ဗဟိုခံစစ္မွဴး ဟာ ေအာက္တိုဘာလတည္းက ဒူးဒဏ္ရာေၾကာင့္ မပါ၀င္နိုင္တာ ျဖစ္ျပီး အနားယူေနရတာ ၇ လ တာ ရွိေနျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ လာမယ့္ေႏြ ယူရိုျပိဳင္ပြဲမွာ နယ္သာလန္ အသင္းအတြက္ ဗန္ဒိုက္က အေရးၾကီး ကစားသမား ျဖစ္ေနတာပါ။ ကေလာ့ပ္ကေတာ့ ဗန္ဒိုက္ သူ႔ရဲ႕ ပံုမွန္ေျခစြမ္းျပန္ရဖို႔ သီတင္းပတ္ အေတာ္ၾကာ အခ်ိန္ယူဖို႔ လိုေသးေၾကာင္း သတိေပးလိုက္ပါတယ္။

” ဗန္ဒိုက္ရဲ႕ ဒူး။ အေျခအေနကို ၾကည့္ပါ။ က်ေနာ္ကေတာ့ သူ႔ကို ဆြဲမထားခ်င္ဘူး။ ဒါေပမယ့္ ခင္ဗ်ားတို႔လည္း တြန္းအား မေပးသင့္ဘူး။ အခုေတာ့ လိုအပ္တာေတြ အကုန္လံုး သူ႔ကို လုပ္ေဆာင္ေပထးားတယ္။ ဒီ ေဘာလံုးေလာကမွာ ေနတာၾကာရင္ ျပိဳင္ပြဲ တစ္ခု ကစားဖို႔ ပြဲမတိုင္ခင္ ေလ့က်င့္ဖို႔ လိုတယ္ ဆိုတာ သိမွာပါ။ မွန္ကန္တဲ့ ေလ့က်င့္မႈေတြ သီတင္းပတ္ အေတာ္ၾကာ လုပ္ဖို႔ လိုတယ္။

၁၀ လ ၁၁ လ ေလာက္ ပြဲဆက္ျပတ္ေနျပီး တစ္ပတ္ေလာက္ ေလ့က်င့္၊ ေဘာလံုး ၀င္ ကစားလို႔ မရဘူး။ ဒါက ျဖစ္ကိုမျဖစ္နုိင္သလို ျဖစ္လည္း မျဖစ္သင့္ဘူး။ ဘယ္သူကမွ သူ႔ကို ဆဲြမထားပါဘူး။ ေဟာ္လန္က လူေတြေရာ အားလံုးကို က်ောန္ ကတိေပးနိုင္တယ္။ သူ႔ကို က်ေနာ္တို႔ တြန္းအား မေပးနုိင္သလို ေပးမွာလည္း မဟုတ္ဘူး။ က်ေနာ္တို႔က ကစားသမား တစ္ေယာက္နဲ႕ သူ႔ ကစားသမား လမ္းေၾကာင္း ကိစၥ ေျပာေနရတာပါ။ ” လို႔ ကေလာ့ပ္က ရွင္းလင္း ေျပာဆိုလိုက္ပါတယ္။

အသက္ ၂၉ နွစ္ အရြယ္ ကစားသမားဟာ ဒီရာသီ လီဗာပူး အသင္း အတြက္ ၈ ပြဲသာ ကစားခဲ့ရတာ ျဖစ္ျပီး ေနာက္ဆံုး ကစားခဲ့တာက ေအာက္တိုဘာ ၁၇ ရက္၊ အဲဗာတန္ နဲ႕ မာေဆးဆိုဒ္ ဒါဘီပြဲမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ဗန္ဒိုက္က ျပန္လည္ ထူေထာင္ေရး အေပၚသာ လုပ္ေဆာင္ေနတာ ျဖစ္ျပီး ကလပ္အသင္းနဲ႕ အတူ ေလ့က်င့္ေရး ျပန္ မဆင္းနိုင္ေသးဘဲ ရွိပါတယ္။