တိုက်စစ်မှူး ဆာလာက လီဗာပူးအသင်းရဲ့ တာဝန်ရှိသူတွေက စာချုပ်သစ်နဲ့ ပက်သက်လို့ စကားဟမှု လုံးဝ မလုပ်လာပါဘူးလို့ စကိုင်းစပေါ့အင်တာဗျူးမှာ ထုတ်ပြောပါတယ်။

၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ကျန်တော့တဲ့ ဆာလာကို စာချုပ်သစ်ပေးဖို့ လီဗာပူးဘက်က မရည်ရွယ်ဘူးဆိုရင် ဒီနွေမှာ ရောင်းထုတ်ဖို့ပဲ ဖြစ်လာနိုင်တယ်။ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ဖြင့် သတင်းထွက်ထားဖူးပေမယ့် စပိန်ကလပ်တွေက ဆာလာအစား ငယ်ရွယ်တဲ့ တိုက်စစ်သမားတွေကိုပဲ ပိုပြီး မျက်စိကျနေတာဖြစ်ပါတယ်။

ဆာလာကိုယ်တိုင်က ‘ စာချုပ်သစ်နဲ့ ပက်သက်ပြီး ဘယ်သူတစ်ဦးကမှ ကျနော်ကို စကားမစသေးပါဘူး။ ဒီတော့ အဲ့အကြောင့်ကို ကျနော်လည်း မပြောနိုင်သေးဘူး။ ကလပ်ရဲ့ ဘယ်လို တာဝန်ရှိသူ တစ်ဦးကမှ အဲ့အကြောင်း ကျနော်ကို စကားစပြောလာခြင်း မရှိသေးပါဘူး။ ကျနော်လည်း မသိသေးပါဘူး ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

ဆာလာဟာ သူ့ရဲ့ ကစားသမားဘဝ အဓိက အောင်မြင်မှုတွေကို လီဗာပူးအသင်းမှာ အနိုင်ရခဲ့တာဖြစ်တယ်။ ၂၀၁၉ မှာ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တဲ့ ဆာလာဟာ နောက်တစ်နှစ်မှာ ပရီးမီးယားလိဂ်ဖလား အနိုင်ရခဲ့တယ်။ ဒါပေမယ့်လို့ ဒီရာသီမှာတော့ ဆုဖလားလက်မဲ့ ရာသီကို ဖြတ်သန်းရမှာဖြစ်ပါတယ်။

ဆာလာကပဲ ‘ ပရီးမီးယားလိဂ်ဖလားကို ဆက်ပြီး အနိုင်ရလိုတယ်လို့ ကျနော် ပြောဖူးပါတယ်။ ချန်ပီယံလိဂ်ကိုလည်း ထပ်ပြီး အနိုင်ရလိုတယ်။ အဲ့လို ဆုဖလားတွေ အနိုင်ရတာက သိပ်ကောင်းပါတယ်။ ထပ်ထပ်ပြီး အနိုင်ရဖို့ ကျနော် ကြိုးစားသွားမှာပါ။ ဆုဖလား အနိုင်ရဖို့ဆိုတာက ကျနေ်ာတို့ရဲ့ တာဝန်တွေထဲက အစိတ်အပိုင်း တစ်ရပ်ပါပဲ ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၇ တုန်းက ရိုးမားကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဆာလာဟာ မာဆေးဆိုဒ်ကလပ်အပေါ် သက်ရောက်မှု ကြီးခဲ့သူပါ။ သူဟာ လိဂ်ပွဲ ၁၉၈ ပွဲမှာ သွင်းဂိုး ၁၂၃ ဂိုးထိ သွင်းယူထားကာ ဒီရာသီမှာလည်း လိဂ်ဂိုး ၂၀ ရယူထားသူ ဖြစ်ပါတယ်။

ZAWGYI

တိုက္စစ္မွဴး ဆာလာက လီဗာပူးအသင္းရဲ႕ တာဝန္ရွိသူေတြက စာခ်ဳပ္သစ္နဲ႔ ပက္သက္လို႔ စကားဟမႈ လံုးဝ မလုပ္လာပါဘူးလို႔ စကိုင္းစေပါ့အင္တာဗ်ဴးမွာ ထုတ္ေျပာပါတယ္။

၂၀၂၃ ခုႏွစ္ထိပဲ စာခ်ဳပ္က်န္ေတာ့တဲ့ ဆာလာကို စာခ်ဳပ္သစ္ေပးဖို႔ လီဗာပူးဘက္က မရည္ရြယ္ဘူးဆိုရင္ ဒီေႏြမွာ ေရာင္းထုတ္ဖို႔ပဲ ျဖစ္လာႏုိင္တယ္။ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို႔ျဖင့္ သတင္းထြက္ထားဖူးေပမယ့္ စပိန္ကလပ္ေတြက ဆာလာအစား ငယ္ရြယ္တဲ့ တိုက္စစ္သမားေတြကိုပဲ ပိုျပီး မ်က္စိက်ေနတာျဖစ္ပါတယ္။

ဆာလာကိုယ္တိုင္က ‘ စာခ်ဳပ္သစ္နဲ႔ ပက္သက္ျပီး ဘယ္သူတစ္ဦးကမွ က်ေနာ္ကို စကားမစေသးပါဘူး။ ဒီေတာ့ အဲ့အေၾကာင့္ကို က်ေနာ္လည္း မေျပာႏုိင္ေသးဘူး။ ကလပ္ရဲ႕ ဘယ္လို တာဝန္ရွိသူ တစ္ဦးကမွ အဲ့အေၾကာင္း က်ေနာ္ကို စကားစေျပာလာျခင္း မရွိေသးပါဘူး။ က်ေနာ္လည္း မသိေသးပါဘူး ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

ဆာလာဟာ သူ႔ရဲ႕ ကစားသမားဘဝ အဓိက ေအာင္ျမင္မႈေတြကို လီဗာပူးအသင္းမွာ အႏုိင္ရခဲ့တာျဖစ္တယ္။ ၂၀၁၉ မွာ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ခဲ့တဲ့ ဆာလာဟာ ေနာက္တစ္ႏွစ္မွာ ပရီးမီးယားလိဂ္ဖလား အႏုိင္ရခဲ့တယ္။ ဒါေပမယ့္လို႔ ဒီရာသီမွာေတာ့ ဆုဖလားလက္မဲ့ ရာသီကို ျဖတ္သန္းရမွာျဖစ္ပါတယ္။

ဆာလာကပဲ ‘ ပရီးမီးယားလိဂ္ဖလားကို ဆက္ျပီး အႏုိင္ရလိုတယ္လို႔ က်ေနာ္ ေျပာဖူးပါတယ္။ ခ်န္ပီယံလိဂ္ကိုလည္း ထပ္ျပီး အႏုိင္ရလိုတယ္။ အဲ့လို ဆုဖလားေတြ အႏုိင္ရတာက သိပ္ေကာင္းပါတယ္။ ထပ္ထပ္ျပီး အႏုိင္ရဖို႔ က်ေနာ္ ၾကိဳးစားသြားမွာပါ။ ဆုဖလား အႏုိင္ရဖို႔ဆိုတာက က်ေန္ာတို႔ရဲ႕ တာဝန္ေတြထဲက အစိတ္အပိုင္း တစ္ရပ္ပါပဲ ‘ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

၂၀၁၇ တုန္းက ရိုးမားကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ဆာလာဟာ မာေဆးဆိုဒ္ကလပ္အေပၚ သက္ေရာက္မႈ ၾကီးခဲ့သူပါ။ သူဟာ လိဂ္ပြဲ ၁၉၈ ပြဲမွာ သြင္းဂိုး ၁၂၃ ဂိုးထိ သြင္းယူထားကာ ဒီရာသီမွာလည္း လိဂ္ဂိုး ၂၀ ရယူထားသူ ျဖစ္ပါတယ္။