ကြားရက်မှာ ပွဲကစားရဖို့ မရှိခြင်းကြောင့် အေးဆေးဖြစ်နေတဲ့ ယာဂင်ဟာ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနှင့် အာဆင်နယ် လူငယ်အသင်းတို့ရဲ့ လူငယ် အက်ဖ်အေဖလားပွဲကို တက်ရောက် ကြည့်ခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ် စွမ်းဆောင်ရည်လို့ တင်စားရမှုနှင့်အတူ လီဗာပူးလူငယ်အသင်းက ၃-၁ ဖြင့် အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ကို ပထမဆုံး တက်ရောက်တဲ့ အသင်းဖြစ်ခဲ့ပါပြီ။ ပြိုင်ဘက်အသင်း နာမည်စာရင်း မထွက်ပေါ်လာသေးပေမယ့်လို့ ၂၀၁၉ တုန်းက ဘယ်ရီ လွီတက်လက်အောက် လူငယ်အက်ဖ်အေဖလား ပိုင်ရှင်အသင်းဟာ နောက်တစ်ကြိမ် အစွမ်းပြခွင့်ရမှာဖြစ်တယ်။

ဒီရာသီ လူငယ်အသင်းမှာ ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသခဲ့တဲ့ တိုက်စစ်မှူး စတီးဝပ် ဒဏ်ရာကြောင့် အနားယူနေရတယ်။ ဒီရာသီ ၁၇ ဂိုး သွင်းယူထားတဲ့ လေသန် စတီးဝပ် မရှိချိန်မှာ မက် ဝတ်မန်းက အထူးတောက်ပလာခဲ့ပြီး အာဆင်နယ်ကို အနိုင်ယူတဲ့ သွင်းဂိုးတွေထဲမှာ ဒီရာသီ ၁၃ ဂိုးမြောက်နှင့် နောက်ဆုံး ကစားထားတဲ့ ၈ ပွဲမှာ ၁၀ ဂိုးမြောက် ဖြစ်လာမယ့် သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးလူငယ်ဟောင်းဖြစ်ပြီး တိုက်စစ်အားသန် ကစားသမားဖြစ်တဲ့ ဘလာဂီဇီ၊ ပြင်သစ်လူငယ် ခံစစ်မှူး ကိုမတ်တီယို၊ အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ပိုလန်သား မြူဇီယာလိုစကီးတို့ကလည်း တောက်ပတဲ့ ခြေစွမ်းတွေ ပြသခဲ့တယ်လို့ သိရတယ်။ ဒီ လူငယ်သုံးဦးဟာ ယာဂင်ကလော့ပ် သဘောကျတယ်လို့ သိထားရသလို စီနီယာလေ့ကျင့်ရေးတွေမှာလည်း မကြာခဏ မြင်တွေ့နေရသူတွေဖြစ်ပါတယ်။

ယူ-၁၈ အဆင့်ပွဲကို ကလော့ပ် တက်ရောက်ကြည့်ခဲ့ခြင်းက လာမယ့် နွေရာသီကြို ပြင်ဆင်မှုမှာ ဘယ်ကစားသမားတွေကို စီနီယာအသင်းဖြင့် ပူးပေါင်းစေမလဲ ကလော့ပ် လေ့လာခြင်းလို့လည်း မာဆေးဆိုဒ် သတင်းသမားတွေက သုံးသပ်နေကြတယ်။ ဒီရာသီမှာ ကလော့ပ်ဟာ ကလယ်ဟာ၊ ရိုင်းစ်၊ နီကိုးနဲ့ ဂျုံးတို့ကို စီနီယာအဆင့်ကို ခေါ်ယူခဲ့ပြီး ဂျုံးကိုတော့ ပွဲကစားခွင့်တွေ အတော်လေး ပေးခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

ၾကားရက္မွာ ပြဲကစားရဖို႔ မရွိျခင္းေၾကာင့္ ေအးေဆးျဖစ္ေနတဲ့ ယာဂင္ဟာ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ လီဗာပူးႏွင့္ အာဆင္နယ္ လူငယ္အသင္းတို႔ရဲ႕ လူငယ္ အက္ဖ္ေအဖလားပြဲကို တက္ေရာက္ ၾကည့္ခဲ့ပါတယ္။

ပေရာ္ဖက္ရွင္နယ္ စြမ္းေဆာင္ရည္လို႔ တင္စားရမႈႏွင့္အတူ လီဗာပူးလူငယ္အသင္းက ၃-၁ ျဖင့္ အႏုိင္ရခဲ့ျပီး ဆီမီးဖိုင္နယ္ကို ပထမဆံုး တက္ေရာက္တဲ့ အသင္းျဖစ္ခဲ့ပါျပီ။ ျပိဳင္ဘက္အသင္း နာမည္စာရင္း မထြက္ေပၚလာေသးေပမယ့္လို႔ ၂၀၁၉ တုန္းက ဘယ္ရီ လီြတက္လက္ေအာက္ လူငယ္အက္ဖ္ေအဖလား ပိုင္ရွင္အသင္းဟာ ေနာက္တစ္ၾကိမ္ အစြမ္းျပခြင့္ရမွာျဖစ္တယ္။

ဒီရာသီ လူငယ္အသင္းမွာ ေျခစြမ္းေကာင္းေတြ ေတာက္ေလွ်ာက္ ျပသခဲ့တဲ့ တိုက္စစ္မွဴး စတီးဝပ္ ဒဏ္ရာေၾကာင့္ အနားယူေနရတယ္။ ဒီရာသီ ၁၇ ဂိုး သြင္းယူထားတဲ့ ေလသန္ စတီးဝပ္ မရွိခ်ိန္မွာ မက္ ဝတ္မန္းက အထူးေတာက္ပလာခဲ့ျပီး အာဆင္နယ္ကို အႏုိင္ယူတဲ့ သြင္းဂိုးေတြထဲမွာ ဒီရာသီ ၁၃ ဂိုးေျမာက္ႏွင့္ ေနာက္ဆံုး ကစားထားတဲ့ ၈ ပြဲမွာ ၁၀ ဂိုးေျမာက္ ျဖစ္လာမယ့္ သြင္းဂိုးကို ရယူႏုိင္ခ့ဲပါတယ္။

မန္စီးတီးလူငယ္ေဟာင္းျဖစ္ျပီး တိုက္စစ္အားသန္ ကစားသမားျဖစ္တဲ့ ဘလာဂီဇီ၊ ျပင္သစ္လူငယ္ ခံစစ္မွဴး ကိုမတ္တီယို၊ အသက္ ၁၇ ႏွစ္ပဲရွိေသးတဲ့ ပိုလန္သား ျမဴဇီယာလိုစကီးတို႔ကလည္း ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသခဲ့တယ္လို႔ သိရတယ္။ ဒီ လူငယ္သံုးဦးဟာ ယာဂင္ကေလာ့ပ္ သေဘာက်တယ္လို႔ သိထားရသလို စီနီယာေလ့က်င့္ေရးေတြမွာလည္း မၾကာခဏ ျမင္ေတြ႔ေနရသူေတြျဖစ္ပါတယ္။

ယူ-၁၈ အဆင့္ပြဲကို ကေလာ့ပ္ တက္ေရာက္ၾကည့္ခဲ့ျခင္းက လာမယ့္ ေႏြရာသီၾကိဳ ျပင္ဆင္မႈမွာ ဘယ္ကစားသမားေတြကို စီနီယာအသင္းျဖင့္ ပူးေပါင္းေစမလဲ ကေလာ့ပ္ ေလ့လာျခင္းလို႔လည္း မာေဆးဆိုဒ္ သတင္းသမားေတြက သံုးသပ္ေနၾကတယ္။ ဒီရာသီမွာ ကေလာ့ပ္ဟာ ကလယ္ဟာ၊ ရိုင္းစ္၊ နီကိုးနဲ႔ ဂ်ံဳးတို႔ကို စီနီယာအဆင့္ကို ေခၚယူခဲ့ျပီး ဂ်ံဳးကိုေတာ့ ပြဲကစားခြင့္ေတြ အေတာ္ေလး ေပးခဲ့ေသးတာျဖစ္ပါတယ္။