၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် လီဗာပူးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး နှစ်ပွဲဖြစ်တဲ့ ဘန်လေနဲ့ ပဲလေစ့် ပွဲတွေမှာ ပရိသတ်ဝင်ခွင့်တွေ ပြန်လည်ရရှိသွားတော့မှာပါ။

ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ ဖြစ်တဲ့ ဘန်လေနှင့်ပွဲမှာ လီဗာပူးပရိသတ် ၅၀၀ ဟာ အဝေးကွင်း ပရိသတ်တွေအဖြစ် လိုက်ပါအားပေးခွင့် ရမှာဖြစ်တယ်။ Turf Moor ကွင်းမှာ ပရိသတ် စုစုပေါင်း ၁၀၀၀၀ ဝင်ခွင့်ရမှာဖြစ်လို့ အိမ်ကွင်းပရိသတ် ၉၅၀၀ တက်ရောက်ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

မေလ ၂၃ ရက်မှာတော့ ရာသီသိမ်းပွဲအဖြစ် ပဲလေစ့်ကို အန်ဖီးကွင်းမှာ ဧည့်ခံပါမယ်။ အဆိုပါ ပွဲမှာလည်း တူညီစွာပဲ ပရိသတ် ၁၀၀၀၀ တက်ရောက်ခွင့်ရမှာဖြစ်ပြီး အဝေးကွင်း ပရိသတ် ၅၀၀ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒါဟာ လာမယ့် ဘောလုံးရာသီအတွက် ဘောလုံးကွင်းထဲ ပရိသတ်တွေ ပြန်ဝင်လာနိုင်ဖို့ အခွင့်အရေးကောင်းလည်း ဖြစ်လာပါမယ်။

ပရိသတ်တွေရှေ့မှာ ဒီရာသီ အဆင့်ရပ်တည်ချက်အတွက် တိုက်ခိုက်ရမယ့် လီဗာပူးအသင်းဟာ နောက်ဆုံးနေ့ရက် အိမ်ကွင်းမှာတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဝတ်ဆင်ကစားမယ့် အိမ်ကွင်းဂျာစီကို ဝတ်ဆင်သွားမှာဖြစ်တယ်။ ဒါကြောင့် ဂျာစီသစ် မိတ်ဆက်မှုဟာ မေလ ပထမအပတ်ထဲမှာ လုပ်သွားမယ်လို့လည်း သတင်းကြီးနေပါတယ်။

လီဗာပူးအသင်းနှင့် Nike ကြား ချုပ်ဆိုတဲ့ ဂျာစီ စပွန်ဆာ စာချုပ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် မရရင်အတွက် ပင်နယ်တီကြေး မပါဝင်ပါဘူး။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်အောင်မြင်ရင် ဆုကြေးဘယ်လောက်ဆိုတာတော့ ပါဝင်ထားတယ်လို့ သိထားရတာဖြစ်ပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ ေနာက္ဆံုး ႏွစ္ပြဲျဖစ္တဲ့ ဘန္ေလနဲ႔ ပဲေလစ့္ ပြဲေတြမွာ ပရိသတ္ဝင္ခြင့္ေတြ ျပန္လည္ရရွိသြားေတာ့မွာပါ။

ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၇ ျဖစ္တဲ့ ဘန္ေလႏွင့္ပြဲမွာ လီဗာပူးပရိသတ္ ၅၀၀ ဟာ အေဝးကြင္း ပရိသတ္ေတြအျဖစ္ လိုက္ပါအားေပးခြင့္ ရမွာျဖစ္တယ္။ Turf Moor ကြင္းမွာ ပရိသတ္ စုစုေပါင္း ၁၀၀၀၀ ဝင္ခြင့္ရမွာျဖစ္လို႔ အိမ္ကြင္းပရိသတ္ ၉၅၀၀ တက္ေရာက္ၾကည့္ရႈခြင့္ရမွာ ျဖစ္ပါတယ္။

ေမလ ၂၃ ရက္မွာေတာ့ ရာသီသိမ္းပြဲအျဖစ္ ပဲေလစ့္ကို အန္ဖီးကြင္းမွာ ဧည့္ခံပါမယ္။ အဆိုပါ ပြဲမွာလည္း တူညီစြာပဲ ပရိသတ္ ၁၀၀၀၀ တက္ေရာက္ခြင့္ရမွာျဖစ္ျပီး အေဝးကြင္း ပရိသတ္ ၅၀၀ ပါဝင္သြားမွာျဖစ္ပါတယ္။ ဒါဟာ လာမယ့္ ေဘာလံုးရာသီအတြက္ ေဘာလံုးကြင္းထဲ ပရိသတ္ေတြ ျပန္ဝင္လာႏိုင္ဖို႔ အခြင့္အေရးေကာင္းလည္း ျဖစ္လာပါမယ္။

ပရိသတ္ေတြေရွ႔မွာ ဒီရာသီ အဆင့္ရပ္တည္ခ်က္အတြက္ တိုက္ခိုက္ရမယ့္ လီဗာပူးအသင္းဟာ ေနာက္ဆံုးေန႔ရက္ အိမ္ကြင္းမွာေတာ့ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီမွာ ဝတ္ဆင္ကစားမယ့္ အိမ္ကြင္းဂ်ာစီကို ဝတ္ဆင္သြားမွာျဖစ္တယ္။ ဒါေၾကာင့္ ဂ်ာစီသစ္ မိတ္ဆက္မႈဟာ ေမလ ပထမအပတ္ထဲမွာ လုပ္သြားမယ္လို႔လည္း သတင္းၾကီးေနပါတယ္။

လီဗာပူးအသင္းႏွင့္ Nike ၾကား ခ်ဳပ္ဆိုတဲ့ ဂ်ာစီ စပြန္ဆာ စာခ်ဳပ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရရင္အတြက္ ပင္နယ္တီေၾကး မပါဝင္ပါဘူး။ ဒါေပမယ့္လို႔ ခ်န္ပီယံလိဂ္ေအာင္ျမင္ရင္ ဆုေၾကးဘယ္ေလာက္ဆိုတာေတာ့ ပါဝင္ထားတယ္လို႔ သိထားရတာျဖစ္ပါတယ္။