လီဗာပူးကစားသမားဟောင်း ကာရေဂါက သိပ်ကောင်းခဲ့ဖူးတာတွေကြောင့် မပစ်ပယ်နိုင်ဖြစ်နေတဲ့ တိုက်စစ်တွဲလုံးဟာ သွေးသစ်လောင်းချိန်တန်ပြီး ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။

၂၀၁၅ မှာ ဖာမင်နို၊ ၂၀၁၆ မှာ မာနေး၊ ၂၀၁၇ မှာ ဆာလာတို့က လီဗာပူးအသင်းထံ ပြောင်းလာခဲ့ကြပြီး သူတို့သုံးဦး တွဲဘက်ကစားခဲ့တာက ဒီရာသီကုန်ရင် ၄ နှစ်ကာလကို ဝင်ရောက်လာခဲ့ပါပြီ။ ဒီရာသီမှာ လူတိုင်းက ခံစစ်ပြဿနာကိုပဲ မီးထိုးပြနေခဲ့ပေမယ့် တိုက်စစ်ကလည်း အတော်လေးကို ချာနေခဲ့တာကို ပရိသတ် အများအပြားကပါ လက်ခံနေခဲ့ပြီဖြစ်တယ်။

ကာရေဂါက ” လူတွေက တိုက်စစ်လိုင်းဟာ ပုံစံကောင်း ပျောက်ဆုံးနေတယ်ဆိုပြီး ပြောခဲ့ကြတယ်။ ဒါပေမယ့် သူတို့ ပုံစံကောင်း ပျောက်နေတာကြောင်းကိုပဲ ပြောနေကြရတာက သိပ်ကို ကြာနေပါပြီ။ လူတွေက လီဗာပူးရဲ့ ပြဿနာက ခံစစ်မှူးနေရာမှာပါလို့ ပြောကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ပြဿနာက တိုက်စစ်ပိုင်းမှာ ဖြစ်ပါတယ်။

လာမယ့်ရာသီမှာ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ ပြန်လာမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ လီဗာပူးရဲ့ ကျော်ကြားတဲ့ တိုက်စစ်သမား သုံးဦးကလည်း ဆက်ရှိနေပါတယ်။ သူတို့က သွင်းဂိုး အနည်းငယ် ရယူပေးနိုင်စွမ်းရှိတဲ့ ဂျိုတာကို ထပ်ဖြည့်ထားနိုင်တယ်။

ကျနော် ပြောခဲ့ဖူးသလိုပဲ လီဗာပူးတိုက်စစ်သမား သုံးဦးကို ခွဲခွာလိုက်စေဖို့ အချိန်တန်ပါပြီ။ ဘာလို့လည်းဆိုတော့ အတိတ်က ကာလတွေမှာ ဒီလောက်အကြာကြီး တိုက်စစ်သမား သုံးယောက်ကို တွဲဘက်စေတာမျိုး မရှိဖူးပါဘူး။

အတိတ်တုန်းက သိပ်ကောင်းခဲ့တဲ့ တိုက်စစ်တွဲဘက်တွေနှင့် သုံးယောက်တန်း တိုက်စစ်တွေကို ကြည့်မယ်ဆိုရင် သူတို့တွေက သုံးနှစ်လောက်ဆိုရင် လမ်းခွဲခဲ့တာချည်းပါပဲ။ လီဗာပူးမှာတော့ သူတို့က လေးနှစ်ကနေ ငါးနှစ်လောက် အတူရှိလာခဲ့ပြီး ဒီနွေမှာတော့ ခွဲခွာချိန်တန်ပါပြီ။

တိုက်စစ်ပိုင်းက လီဗာပူးအသင်း ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ လိုအပ်နေတဲ့ နေရာပါ။ သူတို့အနေနဲ့ ဗဟိုခံစစ်မှူးကိုလည်း ခေါ်ယူဖို့ လိုပါတယ်။ တိုက်စစ်သမား သုံးယောက်က သိပ်ကောင်းပါတယ်။ ဒါပေမယ့် အပြောင်းအလဲ လုပ်ဖို့ ကာလကို ရောက်နေပြီဖြစ်တယ်။

အားလုံးက အချိန်တွေနှင့်အတူ ရွေးလျားနေရမှာပါ။ တိုက်စစ်ပိုင်းမှာ ပြိင်ဆိုင်မှုတွေ ထည့်တွင်းဖို့ကို လွဲချော်လို့ မရပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္း ကာေရဂါက သိပ္ေကာင္းခ့ဲဖူးတာေတြေၾကာင့္ မပစ္ပယ္ႏုိင္ျဖစ္ေနတဲ့ တိုက္စစ္တြဲလံုးဟာ ေသြးသစ္ေလာင္းခ်ိန္တန္ျပီး ျပတ္ျပတ္သားသား သတိေပးလိုက္ပါတယ္။

၂၀၁၅ မွာ ဖာမင္ႏို၊ ၂၀၁၆ မွာ မာေနး၊ ၂၀၁၇ မွာ ဆာလာတို႔က လီဗာပူးအသင္းထံ ေျပာင္းလာခဲ့ၾကျပီး သူတို႔သံုးဦး တြဲဘက္ကစားခဲ့တာက ဒီရာသီကုန္ရင္ ၄ ႏွစ္ကာလကို ဝင္ေရာက္လာခဲ့ပါျပီ။ ဒီရာသီမွာ လူတိုင္းက ခံစစ္ျပႆနာကိုပဲ မီးထိုးျပေနခဲ့ေပမယ့္ တိုက္စစ္ကလည္း အေတာ္ေလးကို ခ်ာေနခဲ့တာကို ပရိသတ္ အမ်ားအျပားကပါ လက္ခံေနခဲ့ျပီျဖစ္တယ္။

ကာေရဂါက ” လူေတြက တိုက္စစ္လိုင္းဟာ ပံုစံေကာင္း ေပ်ာက္ဆံုးေနတယ္ဆိုျပီး ေျပာခဲ့ၾကတယ္။ ဒါေပမယ့္ သူတို႔ ပံုစံေကာင္း ေပ်ာက္ေနတာေၾကာင္းကိုပဲ ေျပာေနၾကရတာက သိပ္ကို ၾကာေနပါျပီ။ လူေတြက လီဗာပူးရဲ႕ ျပႆနာက ခံစစ္မွဴးေနရာမွာပါလို႔ ေျပာၾကတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ျပႆနာက တိုက္စစ္ပိုင္းမွာ ျဖစ္ပါတယ္။

လာမယ့္ရာသီမွာ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ ျပန္လာမယ္ဆိုတာ က်ေနာ္တို႔ သိပါတယ္။ လီဗာပူးရဲ႕ ေက်ာ္ၾကားတဲ့ တိုက္စစ္သမား သံုးဦးကလည္း ဆက္ရွိေနပါတယ္။ သူတို႔က သြင္းဂိုး အနည္းငယ္ ရယူေပးႏုိင္စြမ္းရွိတဲ့ ဂ်ိဳတာကို ထပ္ျဖည့္ထားႏုိင္တယ္။

က်ေနာ္ ေျပာခဲ့ဖူးသလိုပဲ လီဗာပူးတိုက္စစ္သမား သံုးဦးကို ခြဲခြာလိုက္ေစဖို႔ အခ်ိန္တန္ပါျပီ။ ဘာလို႔လည္းဆိုေတာ့ အတိတ္က ကာလေတြမွာ ဒီေလာက္အၾကာၾကီး တိုက္စစ္သမား သံုးေယာက္ကို တြဲဘက္ေစတာမ်ိဳး မရွိဖူးပါဘူး။

အတိတ္တုန္းက သိပ္ေကာင္းခဲ့တဲ့ တိုက္စစ္တြဲဘက္ေတြႏွင့္ သံုးေယာက္တန္း တိုက္စစ္ေတြကို ၾကည့္မယ္ဆိုရင္ သူတို႔ေတြက သံုးႏွစ္ေလာက္ဆိုရင္ လမ္းခြဲခဲ့တာခ်ည္းပါပဲ။ လီဗာပူးမွာေတာ့ သူတို႔က ေလးႏွစ္ကေန ငါးႏွစ္ေလာက္ အတူရွိလာခဲ့ျပီး ဒီေႏြမွာေတာ့ ခြဲခြာခ်ိန္တန္ပါျပီ။

တိုက္စစ္ပိုင္းက လီဗာပူးအသင္း ရင္းႏွီးျမဳပ္ႏွံမႈလုပ္ဖို႔ လိုအပ္ေနတဲ့ ေနရာပါ။ သူတို႔အေနနဲ႔ ဗဟိုခံစစ္မွဴးကိုလည္း ေခၚယူဖို႔ လိုပါတယ္။ တိုက္စစ္သမား သံုးေယာက္က သိပ္ေကာင္းပါတယ္။ ဒါေပမယ့္ အေျပာင္းအလဲ လုပ္ဖို႔ ကာလကို ေရာက္ေနျပီျဖစ္တယ္။

အားလံုးက အခ်ိန္ေတြႏွင့္အတူ ေရြးလ်ားေနရမွာပါ။ တိုက္စစ္ပိုင္းမွာ ျပိင္ဆိုင္မႈေတြ ထည့္တြင္းဖို႔ကို လြဲေခ်ာ္လုိ႔ မရပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။