လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က လာမယ့်ရာသီ ဥရောပဝင်ခွင့် မရဘူးဆိုရင်လည်း ကလပ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

လီဗာပူးအသင်းဟာ လက်ကျန် အမှတ်ပေးပွဲ ၅ ပွဲ ကစားဖို့ ကျန်ရှိချိန်မှာ တတိယနေရာက လက်စတာနောက် ၉ မှတ်၊ စတုတ္ထနေရာက ချယ်ဆီးနောက် ၄ မှတ် ပြတ်ကျန်နေခဲ့တာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က “ ချန်ပီယံလိဂ်ထဲ ပါဝင်ကစားရတာက သိပ်ကို ကောင်းမွန်ပါတယ်။ အထူးသဖြင့် ကလပ်အတွက် ဘဏ္ဍာရေးဆိုင်ရာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်ပေါ့။ ချန်ပီယံလိဂ်ပြိုင်ပွဲက သိပ်ပြီး အရေးကြီးပါတယ်။

အကယ်လို့ ကျနေ်ာတို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို မရနိုင်ဘူးဆိုရင် အဲ့တာက မကောင်းပါဘူး။ တကယ်ကို မကောင်းတာပါ။ ဒါပေမယ့် ချန်ပီယံလိဂ်မဝင်လို့လည်း ကိစ္စတွေက အများကြီး ပြောင်းလဲသွားမယ်လို့ မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ အခြေအနေတွေက အရင်တည်းက ခက်ခဲနေခဲ့လို့ပါပဲ။

အခြေအနေတွေက ခက်ခဲနေတယ်၊ ဘောလုံးက ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်မရတာက အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို ပြောင်းလဲသွားစေမယ်လို့ မထင်ပါဘူး ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က ယူနိုက်တက်ပွဲကြိုမှာ အဆိုပါစကားကို ပြောဆိုခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ဘူးဆိုရင် လီဗာပူးရဲ့ ကစားသမားသစ် ခေါ်ယူရေး အစီအစဉ်တွေကို သက်ရောက်မှုရှိမယ်ဆိုတဲ့ မှန်းဆမှုတွေ ရှိနေဆဲပါ။ အထူးသဖြင့် ချန်ပီယံလိဂ်မဝင်ခြင်းဟာ ထိပ်သီး ကစားသမားတွေကို ကလပ်ထံ ပြောင်းလာဖို့အတွက် လုံ့ဆော်နိုင်စွမ်းမှာ ကျဆင်းသွားစေနိုင်မယ်လို့ တွက်ဆကြဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က လာမယ့္ရာသီ ဥေရာပဝင္ခြင့္ မရဘူးဆိုရင္လည္း ကလပ္ရဲ႕ အေျပာင္းအေရႊ႔ လႈပ္ရွားမႈေတြကို ထိခိုက္မွာ မဟုတ္ဘူးလို႔ ေျပာဆိုပါတယ္။

လီဗာပူးအသင္းဟာ လက္က်န္ အမွတ္ေပးပြဲ ၅ ပြဲ ကစားဖို႔ က်န္ရွိခ်ိန္မွာ တတိယေနရာက လက္စတာေနာက္ ၉ မွတ္၊ စတုတၳေနရာက ခ်ယ္ဆီးေနာက္ ၄ မွတ္ ျပတ္က်န္ေနခဲ့တာ ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္က “ ခ်န္ပီယံလိဂ္ထဲ ပါဝင္ကစားရတာက သိပ္ကို ေကာင္းမြန္ပါတယ္။ အထူးသျဖင့္ ကလပ္အတြက္ ဘ႑ာေရးဆုိင္ရာ ရႈေထာင့္ကေန ၾကည့္မယ္ဆိုရင္ေပါ့။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲက သိပ္ျပီး အေရးၾကီးပါတယ္။

အကယ္လို႔ က်ေန္ာတို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို မရႏုိင္ဘူးဆိုရင္ အဲ့တာက မေကာင္းပါဘူး။ တကယ္ကို မေကာင္းတာပါ။ ဒါေပမယ့္ ခ်န္ပီယံလိဂ္မဝင္လို႔လည္း ကိစၥေတြက အမ်ားၾကီး ေျပာင္းလဲသြားမယ္လို႔ မထင္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ အေျခအေနေတြက အရင္တည္းက ခက္ခဲေနခဲ့လို႔ပါပဲ။

အေျခအေနေတြက ခက္ခဲေနတယ္၊ ေဘာလံုးက ခက္ခဲတဲ့ အေျခအေနမွာ ရွိေနတာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္မရတာက အေျပာင္းအေရႊ႔ လႈပ္ရွားမႈေတြကို ေျပာင္းလဲသြားေစမယ္လို႔ မထင္ပါဘူး ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္က ယူႏုိက္တက္ပြဲၾကိဳမွာ အဆိုပါစကားကို ေျပာဆိုခဲ့ေပမယ့္လည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ မရခဲ့ဘူးဆိုရင္ လီဗာပူးရဲ႕ ကစားသမားသစ္ ေခၚယူေရး အစီအစဥ္ေတြကို သက္ေရာက္မႈရွိမယ္ဆိုတဲ့ မွန္းဆမႈေတြ ရွိေနဆဲပါ။ အထူးသျဖင့္ ခ်န္ပီယံလိဂ္မဝင္ျခင္းဟာ ထိပ္သီး ကစားသမားေတြကို ကလပ္ထံ ေျပာင္းလာဖို႔အတြက္ လံု႔ေဆာ္ႏုိင္စြမ္းမွာ က်ဆင္းသြားေစႏုိင္မယ္လို႔ တြက္ဆၾကဆဲျဖစ္ပါတယ္။