ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အဖြစ် ဒီအပတ်မှာတော့ အင်္ဂလန်ဒါဘီလို့ တင်စားရတဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ နှစ်သင်းဟာ အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကနေ ထွက်ခွာလာခဲ့ရတဲ့ လီဗာပူးက ကြားရက်မှာ ပွဲမကစားထားရဘူး။ ယူနိုက်တက်ကတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဖြစ် ရိုးမားကို အိမ်ကွင်းမှာ ဧည့်ခံထားရလို့ ဒီတစ်ကိမ် တွေ့ဆုံမှုမှာ မန်ချက်စတာကလပ်ဟာ ပွဲပန်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလော့ပ်ကတော့ ဒါကို အားသာချက်အဖြစ် မြင်လို့မရဘူးလို့ မှတ်ချက်ပေးခဲ့တယ်။

ကလော့ပ်က ” ယူနိုက်တက်ကို အနိုင်ရဖို့ဆိုတာက အရမ်းကို အရေးကြီးပါတယ်။ နိုင်ပွဲတွေ မရှိပါဘဲ ကျနေ်ာတို့က ဥရောပပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ မရှိပါဘူး။

ကြာသပတေးနေ့မှာ ကစားပြီး တနင်္ဂနွေနေ့မှာ ထပ်ကစားရတာက ယူနိုက်တက် ကစားနေကျ ပုံစံဖြစ်နေပါတယ်။ အဲ့တာက အကူအညီ မဖြစ်လာနိုင်တော့ပါဘူး။ ယူနိုက်တက်အတွက် အဲ့တာက စိန်ခေါ်မှုတော့ ဖြစ်နေဦးမှာပါ။ ဒီနေ့မှာ ပြန်လည် အားဖြည့်မယ်၊ မနက်ဖြန်မှာ ဒုတိယမြောက် အားဖြည့်မယ် ပြီးရင်တော့ ပွဲကစားရမှာဖြစ်ပါတယ်။

အပြောင်းအလဲ ပြုလုပ်ဖို့ အခွင့်အရေး မရှိပါဘူး ဒါပေမယ့် ယူနိုက်တက်ကလည်း အပြောင်းအလဲတွေ လုပ်လိုနေမယ်လို့ ကျနော် မထင်ပါဘူး။ ဒီပွဲက ခက်ခဲတဲ့ပွဲ ဖြစ်လာပါလိမ့်မယ်။ အရမ်းကို ပြင်းထန်ပါလိမ့်မယ်။

ယူနိုက်တက်ရဲ့ ယူရိုပါလိဂ်ပွဲကို ကျနော် မြင်ထားပါတယ် သူတို့ သိပ်ကောင်းခဲ့ပါတယ်။ အထူးသဖြင့် သူတို့ကို ကစားခွင့် ပေးလိုက်မယ်ဆိုရင်ပေါ့။ သူတို့က အရမ်းကောင်းနေတာပါ။ ယူနိုက်တက်က အမှတ်ပေးဖလား အနိုင်ရဖို့ သူတို့မှာ အခွင့်အရေး ရှိနေမယ်လို့ ခံစားနေရမယ်ဆိုတာ ကျနော် သိပါတယ်။ ပွဲကို အနိုင်ရတာက နှစ်သင်းလုံးအတွက် ကောင်းမွန်မှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၄ အျဖစ္ ဒီအပတ္မွာေတာ့ အဂၤလန္ဒါဘီလို႔ တင္စားရတဲ့ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ ႏွစ္သင္းဟာ အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ၾကရမွာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ကေန ထြက္ခြာလာခဲ့ရတဲ့ လီဗာပူးက ၾကားရက္မွာ ပြဲမကစားထားရဘူး။ ယူႏုိက္တက္ကေတာ့ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္အျဖစ္ ရိုးမားကို အိမ္ကြင္းမွာ ဧည့္ခံထားရလို႔ ဒီတစ္ကိမ္ ေတြ႔ဆံုမႈမွာ မန္ခ်က္စတာကလပ္ဟာ ပြဲပန္းေနတာမ်ိဳး ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ကေလာ့ပ္ကေတာ့ ဒါကို အားသာခ်က္အျဖစ္ ျမင္လို႔မရဘူးလို႔ မွတ္ခ်က္ေပးခဲ့တယ္။

ကေလာ့ပ္က ” ယူႏုိက္တက္ကို အႏုိင္ရဖို႔ဆိုတာက အရမ္းကို အေရးၾကီးပါတယ္။ ႏုိင္ပြဲေတြ မရွိပါဘဲ က်ေန္ာတို႔က ဥေရာပျပိဳင္ပြဲမွာ ပါဝင္ကစားခြင့္ရဖို႔ မရွိပါဘူး။

ၾကာသပေတးေန႔မွာ ကစားျပီး တနဂၤေႏြေန႔မွာ ထပ္ကစားရတာက ယူႏုိက္တက္ ကစားေနက် ပံုစံျဖစ္ေနပါတယ္။ အဲ့တာက အကူအညီ မျဖစ္လာႏုိင္ေတာ့ပါဘူး။ ယူႏုိက္တက္အတြက္ အဲ့တာက စိန္ေခၚမႈေတာ့ ျဖစ္ေနဦးမွာပါ။ ဒီေန႔မွာ ျပန္လည္ အားျဖည့္မယ္၊ မနက္ျဖန္မွာ ဒုတိယေျမာက္ အားျဖည့္မယ္ ျပီးရင္ေတာ့ ပြဲကစားရမွာျဖစ္ပါတယ္။

အေျပာင္းအလဲ ျပဳလုပ္ဖို႔ အခြင့္အေရး မရွိပါဘူး ဒါေပမယ့္ ယူႏိုက္တက္ကလည္း အေျပာင္းအလဲေတြ လုပ္လိုေနမယ္လို႔ က်ေနာ္ မထင္ပါဘူး။ ဒီပြဲက ခက္ခဲတဲ့ပြဲ ျဖစ္လာပါလိမ့္မယ္။ အရမ္းကို ျပင္းထန္ပါလိမ့္မယ္။

ယူႏုိက္တက္ရဲ႕ ယူရိုပါလိဂ္ပြဲကို က်ေနာ္ ျမင္ထားပါတယ္ သူတို႔ သိပ္ေကာင္းခဲ့ပါတယ္။ အထူးသျဖင့္ သူတို႔ကို ကစားခြင့္ ေပးလိုက္မယ္ဆိုရင္ေပါ့။ သူတို႔က အရမ္းေကာင္းေနတာပါ။ ယူႏုိက္တက္က အမွတ္ေပးဖလား အႏုိင္ရဖို႔ သူတို႔မွာ အခြင့္အေရး ရွိေနမယ္လို႔ ခံစားေနရမယ္ဆိုတာ က်ေနာ္ သိပါတယ္။ ပြဲကို အႏုိင္ရတာက ႏွစ္သင္းလံုးအတြက္ ေကာင္းမြန္မွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။