ချန်ပီယံရှစ်ကလပ် ကားဒစ်ဖ်မှာ အငှားသွားရောက် ကစားနေတဲ့ လီဗာပူး တောင်ပံ တိုက်စစ်သမား ဟယ်ရီ ဝီလ်ဆန်က သူ့ရဲ့ စီနီယာ ကစားသမားဘဝမှာ လီဗာပူးထက် တခြားမှာ ပွဲကစားတာ ပိုများနေတဲ့နောက် မာဆေးဆိုဒ်ကလပ် ကနေ လိုအပ်ရင် ထွက်ခွာရတော့မှာ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုလာပါတယ်။

အသက် ၂၄ နှစ် အရွယ် ဝေးစ် လက်ရွေးစင် ကစားသမားဟာ လီဗာပူး အသင်းကို စိတ်ထဲမှာ ရှိပေမယ့် အသင်းမှာ အခွင့် အရေး မရဘဲ လူငယ်အသင်းနဲ့ အငှားထွက် ကစားရင်းသာ အချိန် ကုန်ဆုံးနေရတာပါ။

လီဗာပူး အသင်းကနေ အပြီး ထွက်ခွာဖြစ်နိုင်မလားလို့ လတ်တလော အင်တာဗျူးမှာ မေးမြန်းခံခဲ့ရရာ ဟယ်ရီ ဝီလ်ဆန် က ” ဟုတ်ကဲ့ ထွက်ခွာဖြစ်နိုင်ပါတယ်။ ကျေနာ့် စီနီယာ ကစားသမား ဘဝက တခြားမှာ ကစားရတာ ပိုများတယ်လို့ ခံစားမိတယ်။ ပွဲ ၁၅၀-၂၀၀ လောက် ကစားထားချိန်မှာ လီဗာပူး အသင်း အတွက်က ၂ပွဲ လောက်ပဲ ကစားထားရတယ်။

ကလပ်အသင်းက ကျနော့်နှလုံးသားထဲ အမြဲ ရှိနေမှာပါ။ ဒါပေမယ့် ကျနော့် အနာဂတ် ကစားသမား ဘ၀ အတွက် တခြားကို ပြောင်းရွှေ့ ရမယ် ဆိုရင်တော့ လက်ခံရမှာပေါ့။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

“အခုလောလောဆယ် ကျနော်က ဘောလုံးရာသီကို ကားဒစ်ဖ်နဲ့ အတူ ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ နောက်ပြီး ဝေးစ် အသင်းနဲ့ အတူ ယူရို သွားကစားမယ်၊ အဲဒီမှာလည်း သေချာ လုပ်ပြဖို့ ကြိုးစားမယ်။

အဲဒါတွေ ပြီးရင်တော့ ဖြစ်သင့်တာတွေ ဖြစ်လာရမှာပါ။ ကျနော့် အနေနဲ့ လာမယ့်နွေမှာ လက်ရွေးစင် အသင်းနဲ့ အတူ နိုင်ငံတကာ ပြိုင်ပွဲ ကစားဖို့ အရေးတကြီး ရှိနေတာကို ကျော်ပြီး စဉ်းစားနေရင် မိုက်မဲရာ ကျပါလိမ့်မယ်။ ” လို့လည် ဝီလ်ဆန်က ဆိုခဲ့ပါတယ်။

Zawgyi – ခ်န္ပီယံရွစ္ကလပ္ ကားဒစ္ဖ္မွာ အငွားသြားေရာက္ ကစားေနတဲ့ လီဗာပူး ေတာင္ပံ တိုက္စစ္သမား ဟယ္ရီ ၀ီလ္ဆန္က သူ႔ရဲ႕ စီနီယာ ကစားသမားဘ၀မွာ လီဗာပူးထက္ တျခားမွာ ပြဲကစားတာ ပိုမ်ားေနတဲ့ေနာက္ မာေဆးဆိုဒ္ကလပ္ ကေန လိုအပ္ရင္ ထြက္ခြာရေတာ့မွာ ျဖစ္ေၾကာင္း ၀န္ခံ ေျပာဆိုလာပါတယ္။

အသက္ ၂၄ နွစ္ အရြယ္ ေ၀းစ္ လက္ေရြးစင္ ကစားသမားဟာ လီဗာပူး အသင္းကို စိတ္ထဲမွာ ရွိေပမယ့္ အသင္းမွာ အခြင့္ အေရး မရဘဲ လူငယ္အသင္းနဲ႕ အငွားထြက္ ကစားရင္းသာ အခ်ိန္ ကုန္ဆံုးေနရတာပါ။

လီဗာပူး အသင္းကေန အျပီး ထြက္ခြာျဖစ္နုိင္မလားလို႔ လတ္တေလာ အင္တာဗ်ဴးမွာ ေမးျမန္းခံခဲ့ရရာ ဟယ္ရီ ၀ီလ္ဆန္ က ” ဟုတ္ကဲ့ ထြက္ခြာျဖစ္နုိင္ပါတယ္။ ကေ်နာ့္ စီနီယာ ကစားသမား ဘ၀က တျခားမွာ ကစားရတာ ပိုမ်ားတယ္လို႔ ခံစားမိတယ္။ ပြဲ ၁၅၀-၂၀၀ ေလာက္ ကစားထားခ်ိန္မွာ လီဗာပူး အသင္း အတြက္က ၂ပြဲ ေလာက္ပဲ ကစားထားရတယ္။

ကလပ္အသင္းက က်ေနာ့္နွလံုးသားထဲ အျမဲ ရွိေနမွာပါ။ ဒါေပမယ့္ က်ေနာ့္ အနာဂတ္ ကစားသမား ဘ၀ အတြက္ တျခားကို ေျပာင္းေရႊ႕ ရမယ္ ဆိုရင္ေတာ့ လက္ခံရမွာေပါ့။ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

“အခုေလာေလာဆယ္ က်ေနာ္က ေဘာလံုးရာသီကို ကားဒစ္ဖ္နဲ႕ အတူ ေကာင္းေကာငး္မြန္မြန္ အဆံုးသတ္နုိင္ဖို႔ပဲ အာရံုစိုက္ထားပါတယ္။ ေနာက္ျပီး ေ၀းစ္ အသင္းနဲ႕ အတူ ယူရို သြားကစားမယ္၊ အဲဒီမွာလည္း ေသခ်ာ လုပ္ျပဖုိ႔ ၾကိဳးစားမယ္။

အဲဒါေတြ ျပီးရင္ေတာ့ ျဖစ္သင့္တာေတြ ျဖစ္လာရမွာပါ။ က်ေနာ့္ အေနနဲ႕ လာမယ့္ေႏြမွာ လက္ေရြးစင္ အသင္းနဲ႕ အတူ နုိင္ငံတကာ ျပိဳင္ပြဲ ကစားဖို႔ အေရးတၾကီး ရွိေနတာကို ေက်ာ္ျပီး စဥ္းစားေနရင္ မိုက္မဲရာ က်ပါလိမ့္မယ္။ ” လို႔လည္ ၀ီလ္ဆန္က ဆိုခဲ့ပါတယ္။