ဒီအပတ်မှာ လီဗာပူးခံစစ်မှူးတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂိုမက်စ်တို့ဟာ အက်ဆာ လေ့ကျင့်ရေးမှာ တိုးတက်တဲ့ အခြေအနေတွေကို ပြသနိုင်ခဲ့ကြောင်း ကလပ်ဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

ဒါပေမယ့်လို့ ဒီတလော အဓိက ပွဲထွက်ပေးနေတဲ့ နက်ဖီးလစ်ကတော့ ကြံ့ခိုင်မှု ပြဿနာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ လာမယ့် ယူနိုက်တက်ပွဲမှာ ကလော့ပ် ရွေးချယ်စရာ ခံစစ်မှူးတွေအဖြစ် ခါဘတ်၊ ရိုင်းဝီလီယမ်တို့ပဲ ရှိမှာဖြစ်တယ်။ ဇန်နဝါရီက လီဗာပူးအသင်း ခေါ်ယူထားတဲ့ ဘမ်ဒေးဗစ်ကတော့ ဒီရာသီမှာ ပွဲထွက်ကစားပေးနိုင်မယ် မျှော်လင့်လို့ မရတော့ပါဘူး။

ကွင်းလယ်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလွဲရင် ကျန် ကစားသမားအားလုံး ပါဝင်ကစားနိုင်စွမ်း ရှိနေတယ်။ လက်တလော ကလော့ပ် အသုံးများနေတဲ့ ဖာဘင်ညို၊ သီယာဂို၊ ဝိုက်နယ်ဒမ်၊ မီလ်နာတို့ ရှိနေပေမယ့် ဖာဘင်ညိုကတော့ ခံစစ်မှူးနေရာက ပါဝင်သွားဖွယ် ရှိပါတယ်။ အခြားသော ကွင်းလယ်လူတွေအဖြစ် ကိတ်တာ၊ ချိန်ဘာလိန်၊ ရှာကွီရီ၊ ဂျုံးတို့ ရှိနေမှာဖြစ်တယ်။

တိုက်စစ်မှာ အိုရီဂီ ကစားနိုင်မှာ မဟုတ်ဘဲ မာနေး၊ ဖာမင်နို၊ ဆာလာ၊ ဂျိုတာ တို့ လေးဦး ရှိနေမှာဖြစ်ပါတယ်။ ကလော့ပ် အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါလာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အတွက် ၎င်းတို့အပြင် ဂိုးသမား အယ်လီဆန်၊ အတ်ဒရီယန်တို့ကို ရွေးချယ်နိုင်ဦးမှာဖြစ်တယ်။

ကလော့ပ်အတွက်ကတော့ ခံစစ်ပိုင်းမှာ ဗဟိုခံစစ်မှူးနေရာအတွက် ရွေးချယ်စရာ နည်းပါးနေတာကလွဲရင် ကျန်နေရာတွေမှာ အားကောင်းနေဆဲလို့ ဆိုရမှာဖြစ်ပါတယ်။

Liverpool’s expected squad to face Manchester United

Goalkeepers: Alisson, Adrian

Defenders: Alexander-Arnold, Kabak, Robertson, Tsimikas, R. Williams, N. Williams

Midfielders: Fabinho, Thiago, Wijnaldum, Milner, Keita, Oxlade-Chamberlain, Shaqiri, Jones

Forwards: Mane, Jota, Firmino, Salah

ဒီအပတ္မွာ လီဗာပူးခံစစ္မွဴးေတြျဖစ္တဲ့ ဗန္ဒိုက္နဲ႔ ဂိုမက္စ္တို႔ဟာ အက္ဆာ ေလ့က်င့္ေရးမွာ တိုးတက္တဲ့ အေျခအေနေတြကို ျပသႏုိင္ခဲ့ေၾကာင္း ကလပ္ဘက္က ထုတ္ျပန္ေၾကညာထားပါတယ္။

ဒါေပမယ့္လို႔ ဒီတေလာ အဓိက ပြဲထြက္ေပးေနတဲ့ နက္ဖီးလစ္ကေတာ့ ၾကံ႕ခိုင္မႈ ျပႆနာေၾကာင့္ ပါဝင္ႏုိင္ခဲ့ျခင္း မရွိပါဘူး။ လာမယ့္ ယူႏုိက္တက္ပြဲမွာ ကေလာ့ပ္ ေရြးခ်ယ္စရာ ခံစစ္မွဴးေတြအျဖစ္ ခါဘတ္၊ ရိုင္းဝီလီယမ္တို႔ပဲ ရွိမွာျဖစ္တယ္။ ဇန္နဝါရီက လီဗာပူးအသင္း ေခၚယူထားတဲ့ ဘမ္ေဒးဗစ္ကေတာ့ ဒီရာသီမွာ ပြဲထြက္ကစားေပးႏုိင္မယ္ ေမွ်ာ္လင့္လို႔ မရေတာ့ပါဘူး။

ကြင္းလယ္မွာ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကလြဲရင္ က်န္ ကစားသမားအားလံုး ပါဝင္ကစားႏုိင္စြမ္း ရွိေနတယ္။ လက္တေလာ ကေလာ့ပ္ အသံုးမ်ားေနတဲ့ ဖာဘင္ညိဳ၊ သီယာဂို၊ ဝိုက္နယ္ဒမ္၊ မီလ္နာတို႔ ရွိေနေပမယ့္ ဖာဘင္ညိဳကေတာ့ ခံစစ္မွဴးေနရာက ပါဝင္သြားဖြယ္ ရွိပါတယ္။ အျခားေသာ ကြင္းလယ္လူေတြအျဖစ္ ကိတ္တာ၊ ခ်ိန္ဘာလိန္၊ ရွာကီြရီ၊ ဂ်ံဳးတို႔ ရွိေနမွာျဖစ္တယ္။

တိုက္စစ္မွာ အိုရီဂီ ကစားႏုိင္မွာ မဟုတ္ဘဲ မာေနး၊ ဖာမင္ႏို၊ ဆာလာ၊ ဂ်ိဳတာ တို႔ ေလးဦး ရွိေနမွာျဖစ္ပါတယ္။ ကေလာ့ပ္ အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေရးပါလာမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၄ အတြက္ ၄င္းတို႔အျပင္ ဂိုးသမား အယ္လီဆန္၊ အတ္ဒရီယန္တို႔ကို ေရြးခ်ယ္ႏုိင္ဦးမွာျဖစ္တယ္။

ကေလာ့ပ္အတြက္ကေတာ့ ခံစစ္ပိုင္းမွာ ဗဟိုခံစစ္မွဴးေနရာအတြက္ ေရြးခ်ယ္စရာ နည္းပါးေနတာကလြဲရင္ က်န္ေနရာေတြမွာ အားေကာင္းေနဆဲလို႔ ဆိုရမွာျဖစ္ပါတယ္။