ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အဖြစ် ဒီအပတ်မှာ လီဗာပူးဟာ ခါးသီးပြိုင်ဘက် ယူနိုက်တက်ရဲ့ အိမ်ကွင်းကို သွားရောက်ပြီး ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

လီဗာပူးက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဒီပွဲကို သေချာပေါက် အနိုင်ရဖို့ လိုအပ်နေပြီး ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ဖို့ သေချာသလောက် ရှိနေပြီး အမှတ်ပေးချန်ပီယံအဖြစ်လည်း မျှော်လင့်နိုင်ခွင့် နည်းပါးသွားတာကြောင့် လီဗာပူးရဲ့ ဦးတည်ချက်ကို ဖျက်ဆီးဖို့ အာရုံစိုက်လာပါမယ်။

ပွဲနဲ့ပက်သက်ပြီး ဘီဘီစီမှ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” ဇန်နဝါရီတုန်းက အန်ဖီးကွင်းမှာ ဒီနှစ်သင်းဟာ ဝ-၀ ရလဒ် ထွက်ပေါ်ထားခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ အရမ်း စိတ်လှုပ်ရှားစရာတွေကို မျှော်လင့်လို့ ရလာမယ်လို့ ကျနော် မထင်ပါဘူး။ ဒီနှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲတွေကတော့ အတော်လေးကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။

တနင်္ဂနွေနေ့ပွဲမှာ သွင်းဂိုး တစ်ဂိုး (သို့) နှစ်ဂိုးလောက်ပဲ မြင်ရမယ်လို့ ထင်ပါတယ်။ ယူနိုက်တက်က လက်တလော အိမ်ကွင်းနိုင်ပွဲတွေ ရနေတယ် ဒါပေမယ့် အိုထရတ်ဖိုဒ့်မှာ နောက်ဆုံးကစားထားတဲ့ လိဂ်ပွဲ နှစ်ပွဲမှာ အားနည်းချက်တွေတော့ ရှိနေပါတယ်။

ကုန်ခဲ့တဲ့လတုန်းက ဘန်လေနဲ့ ဘရိုက်တန်တို့ဟာ ယူနိုက်တက်ကွင်းမှာ ဂိုးတွေ သွင်းယူထားကြတယ်။ ဒီတော့ လီဗာပူးကလည်း ယူနိုက်တက်ဘက်ကို ဂိုးတွေ သွင်းနိုင်မယ်လို့ ထင်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယူနိုက်တက်နဲ့ လီဗာပူးပွဲအတွက် ဘောလုံးပွဲ ခန့်မှန်းသူ လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ ၁-၁ ဖြစ်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၄ အျဖစ္ ဒီအပတ္မွာ လီဗာပူးဟာ ခါးသီးျပိဳင္ဘက္ ယူႏုိက္တက္ရဲ႕ အိမ္ကြင္းကို သြားေရာက္ျပီး ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

လီဗာပူးက ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ဒီပြဲကို ေသခ်ာေပါက္ အႏုိင္ရဖို႔ လိုအပ္ေနျပီး ယူႏုိက္တက္ကေတာ့ ခ်န္ပီယံလိဂ္ဝင္ဖို႔ ေသခ်ာသေလာက္ ရွိေနျပီး အမွတ္ေပးခ်န္ပီယံအျဖစ္လည္း ေမွ်ာ္လင့္ႏုိင္ခြင့္ နည္းပါးသြားတာေၾကာင့္ လီဗာပူးရဲ႕ ဦးတည္ခ်က္ကို ဖ်က္ဆီးဖို႔ အာရံုစိုက္လာပါမယ္။

ပြဲနဲ႔ပက္သက္ျပီး ဘီဘီစီမွ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ” ဇန္နဝါရီတုန္းက အန္ဖီးကြင္းမွာ ဒီႏွစ္သင္းဟာ ၀-၀ ရလဒ္ ထြက္ေပၚထားခဲ့တယ္။ ဒီတစ္ၾကိမ္မွာေတာ့ အရမ္း စိတ္လႈပ္ရွားစရာေတြကို ေမွ်ာ္လင့္လို႔ ရလာမယ္လို႔ က်ေနာ္ မထင္ပါဘူး။ ဒီႏွစ္သင္း ထိပ္တိုက္ေတြ႔တဲ့ပြဲေတြကေတာ့ အေတာ္ေလးကို စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။

တနဂၤေႏြေန႔ပြဲမွာ သြင္းဂိုး တစ္ဂိုး (သို႔) ႏွစ္ဂိုးေလာက္ပဲ ျမင္ရမယ္လို႔ ထင္ပါတယ္။ ယူႏုိက္တက္က လက္တေလာ အိမ္ကြင္းႏုိင္ပြဲေတြ ရေနတယ္ ဒါေပမယ့္ အိုထရတ္ဖိုဒ့္မွာ ေနာက္ဆံုးကစားထားတဲ့ လိဂ္ပြဲ ႏွစ္ပြဲမွာ အားနည္းခ်က္ေတြေတာ့ ရွိေနပါတယ္။

ကုန္ခဲ့တဲ့လတုန္းက ဘန္ေလနဲ႔ ဘရိုက္တန္တို႔ဟာ ယူႏုိက္တက္ကြင္းမွာ ဂိုးေတြ သြင္းယူထားၾကတယ္။ ဒီေတာ့ လီဗာပူးကလည္း ယူႏုိက္တက္ဘက္ကို ဂိုးေတြ သြင္းႏုိင္မယ္လို႔ ထင္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယူႏုိက္တက္နဲ႔ လီဗာပူးပြဲအတြက္ ေဘာလံုးပြဲ ခန္႔မွန္းသူ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ၁-၁ ျဖစ္မယ္လို႔ ျဖစ္ပါတယ္။