လီဗာပူးရဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ် လက်ကျန် ၅ ပွဲထဲမှာ အခက်ခဲဆုံး ပွဲအဖြစ် ဒီအပတ်မှာတော့ ယူနိုက်တက်အိမ်ကွင်း အိုထရတ်ဖိုဒ့်ကိုသွားပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ၄ မှတ်အကွာမှာ ရှိနေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို လွဲချော်သွားမယ်လို့ သုံးသပ်ခံနေရတာပါ။ လက်ကျန်ပွဲ အားလုံးကို အနိုင်ရရင်တောင် ပြိုင်ဘက် ချယ်ဆီး (သို့) လက်စတာက နှစ်ပွဲလောက် ခြေချော်ဖို့ကို မျှော်လင့်နေရမှာ ဖြစ်ပါတယ်။

အိုဝင်က ” ဒီရာသီ အစောတုန်းက အန်ဖီးကွင်းမှာ နှစ်သင်း ရင်ဆိုင်ကစားခဲ့စဉ်က ဝ-၀ ရလဒ် ထွက်ပေါ်ထားပါတယ်။ နှစ်သင်းက အက်ဖ်အေဖလားမှာလည်း ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ရပြီး ယူနိုက်တက်က ၃-၂ ရလဒ်ဖြင့် ကပ်ပြီး အနိုင်ရခဲ့တယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း သူမသာ ကိုယ်မသာ ပွဲတစ်ပွဲကို အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကြမယ်လို့ ထင်မိပါတယ်။

ဒီရာသီမှာ ယူနိုက်တက်က အဝေးကွင်း ရလဒ်တွေ သိပ်ကို ကောင်းပါတယ်။ သူတို့ရဲ့ အိမ်ကွင်း ရလဒ်ကတော့ အခုချိန်ထိ အနည်းငယ် မှေးမှိန်နေပါတယ်။ သို့ပေမယ့် သူတို့က အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားတဲ့ နောက်ဆုံး လိဂ်ပွဲ ၆ ပွဲမှာ အရေးမနိမ့်ခဲ့ပါဘူး။

ကျနော်ကတော့ ယူနိုက်တက်က ထိပ်ဆုံး လေးသင်းကို အမှီလိုက်ဖို့ ကြိုးစားနေတဲ့ လီဗာပူးကို အိမ်ကွင်းမှာ ဒုက္ခပေးရမယ်ဆိုရင် ပျော်နေမယ်လို့ ထင်ပါတယ်။ လီဗာပူးကို မိနစ် ၉၀ အပြည့် ထိန်းထားနိုင်ဖို့ ခက်ခဲပေမယ့်လည်း ယူနိုက်တက်က လုပ်နိုင်မယ်လို့လည်း ထင်မိတယ်။

ဒါတွေကြောင့်ပဲ နှစ်သင်းလုံးက ဂိုးတွေ ခွင့်ပြုရပြီး သရေရလဒ် ထွက်ပေါ်သွားလိမ့်မယ်လို့ ကျနော် မြင်မိပါတယ် ” ဆိုပြီး သုံးသပ်သွားခဲ့တာဖြစ်တယ်။

ယူနိုက်တက် V လီဗာပူးပွဲအတွက် အိုဝင်ရဲ့ ရလဒ် ခန့်မှန်းချက်ကတော့ ၁-၁ ဖြင့် သရေကျသွားမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ လက္က်န္ ၅ ပြဲထဲမွာ အခက္ခဲဆံုး ပြဲအျဖစ္ ဒီအပတ္မွာေတာ့ ယူႏုိက္တက္အိမ္ကြင္း အိုထရတ္ဖိုဒ့္ကိုသြားျပီး ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

လီဗာပူးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္ ၄ မွတ္အကြာမွာ ရွိေနျပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို လြဲေခ်ာ္သြားမယ္လို႔ သံုးသပ္ခံေနရတာပါ။ လက္က်န္ပြဲ အားလံုးကို အႏုိင္ရရင္ေတာင္ ျပိဳင္ဘက္ ခ်ယ္ဆီး (သို႔) လက္စတာက ႏွစ္ပြဲေလာက္ ေျခေခ်ာ္ဖို႔ကို ေမွ်ာ္လင့္ေနရမွာ ျဖစ္ပါတယ္။

အိုဝင္က ” ဒီရာသီ အေစာတုန္းက အန္ဖီးကြင္းမွာ ႏွစ္သင္း ရင္ဆိုင္ကစားခဲ့စဥ္က ၀-၀ ရလဒ္ ထြက္ေပၚထားပါတယ္။ ႏွစ္သင္းက အက္ဖ္ေအဖလားမွာလည္း ထိပ္တုိက္ ယွဥ္ျပိဳင္ခဲ့ရျပီး ယူႏုိက္တက္က ၃-၂ ရလဒ္ျဖင့္ ကပ္ျပီး အႏုိင္ရခဲ့တယ္။ ဒါေၾကာင့္ ဒီတစ္ၾကိမ္မွာလည္း သူမသာ ကိုယ္မသာ ပြဲတစ္ပြဲကို အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ၾကမယ္လို႔ ထင္မိပါတယ္။

ဒီရာသီမွာ ယူႏုိက္တက္က အေဝးကြင္း ရလဒ္ေတြ သိပ္ကို ေကာင္းပါတယ္။ သူတို႔ရဲ႕ အိမ္ကြင္း ရလဒ္ကေတာ့ အခုခ်ိန္ထိ အနည္းငယ္ ေမွးမွိန္ေနပါတယ္။ သို႔ေပမယ့္ သူတို႔က အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားတဲ့ ေနာက္ဆံုး လိဂ္ပြဲ ၆ ပြဲမွာ အေရးမနိမ့္ခဲ့ပါဘူး။

က်ေနာ္ကေတာ့ ယူႏုိက္တက္က ထိပ္ဆံုး ေလးသင္းကို အမွီလိုက္ဖို႔ ၾကိဳးစားေနတဲ့ လီဗာပူးကို အိမ္ကြင္းမွာ ဒုကၡေပးရမယ္ဆိုရင္ ေပ်ာ္ေနမယ္လို႔ ထင္ပါတယ္။ လီဗာပူးကို မိနစ္ ၉၀ အျပည့္ ထိန္းထားႏုိင္ဖို႔ ခက္ခဲေပမယ့္လည္း ယူႏုိက္တက္က လုပ္ႏုိင္မယ္လို႔လည္း ထင္မိတယ္။

ဒါေတြေၾကာင့္ပဲ ႏွစ္သင္းလံုးက ဂိုးေတြ ခြင့္ျပဳရျပီး သေရရလဒ္ ထြက္ေပၚသြားလိမ့္မယ္လို႔ က်ေနာ္ ျမင္မိပါတယ္ ” ဆိုျပီး သံုးသပ္သြားခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ V လီဗာပူးပြဲအတြက္ အိုဝင္ရဲ႕ ရလဒ္ ခန္႔မွန္းခ်က္ကေတာ့ ၁-၁ ျဖင့္ သေရက်သြားမယ္လို႔ ျဖစ္ပါတယ္။