ဒီရာသီမှာ လီဗာပူးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးပေမယ့် ကစားသမား ခေါ်ယူရေးမှာ ခံစစ်ပိုင်းကို ပိုမိုအားပြုမယ့် အလားအလာတွေ ပြသလာနေကြောင်း မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက သုံးသပ်ပါတယ်။

ကုန်ခဲ့တဲ့ ၄ ရာသီကထက် အဆိုးဆုံး ရမှတ်နှင့် အဆင့်တွေ ပိုင်ဆိုင်ထားတဲ့ လီဗာပူးဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် အစီအစဉ်သစ်တွေ ချမှတ်မှုတွေ လုပ်နေဆဲဖြစ်တယ်။ ခံစစ်ကို အာရုံပြုနေခြင်းကြောင့် လီဗာပူးရဲ့ အနာဂတ် အစီအစဉ်ဟာ ခံစစ်အထိုင် ပြောင်းလဲခြင်းနှင့်အတူ ကစားကွက် အပြောင်းအလဲပါ လုပ်ဖို့ ရည်ရွယ်လားဆိုတာက မေးခွန်းဖြစ်လာပါတယ်။

ဒီရာသီမှာ တိုက်စစ်ပိုင်းက စွမ်းဆောင်ရည်ကျဆင်းမှု၊ ခံစစ်က ဒဏ်ရာပြဿနာ များပြားမှုတွေကြောင့် လီဗာပူးရဲ့ စွမ်းဆောင်ရည်က မတည်ငြိမ်ပါဘူး။ ယခင်နှစ်တွေတုန်းက လီဗာပူးအသင်းဟာ ခံစစ်ပိုင်း တည်ငြိမ်တာကြောင့် တိုက်စစ်ကို ပိုမို အာရုံစိုက်နိုင်ခဲ့တယ်။ ဒီရာသီမှာတော့ ခံစစ်လိုင်းကို မြင့်ထားခြင်းဟာ ပြဿနာတစ်ရပ်ဆိုတာကို အက်စတွန်ဗီလာအား ၇-၂ ဖြင့် အရေးနိမ့်တဲ့ပွဲအတွင်း မြင်သာခဲ့ပါတယ်။

လူသစ်တွေနှင့်အတူ ကလော့ပ်ဟာ နည်းစနစ်အသစ်တွေကို စတင် ပြောင်းလဲဖို့ စဉ်းစားလာခြင်း ဖြစ်နိုင်တယ်။ အဓိက ထောက်တိုက်အဖြစ် ကလော့ပ်က သူ့စိတ်ကြိုက် ကစားသမားဖြစ်တဲ့ သီယာဂိုနဲ့ ဖာဘင်ညိုကို တွဲဘက်စေပြီး ခံစစ်သုံးယောက်တန်းကို ပြောင်းလဲဖို့ စီစဉ်လာတာလည်း ဖြစ်လာနိုင်ပါတယ်။

လီဗာပူးကစားကွက်က ယခင်တည်းက ၄-၃-၃ ပုံစံ ခင်းကျင်းပေမယ့် ထရန့်၊ ရော်ဘတ်ဆန်တို့ကို တိုက်စစ်လိုက်ပါစေမှုကြောင့် ၂-၃-၅ ပုံစံ တိုက်စစ်ဆင်တယ်လို့ မှတ်ချက်ပေးခံရတယ်။ ကိုနိတ်၊ ခါဘတ်တို့လို ခံစစ်သမားတွေကို ထပ်ခေါ်မယ်ဆိုရင်တော့ ခံစစ်သုံးယောက်တန်းထားကာ ရော်ဘတ်ဆန်နဲ့ ထရန့်ကို အစွန်-တောင်ပံသမားတွေအဖြစ် အသုံးပြုနိုင်ပါတယ်။

၃-၄-၃ နည်းစနစ်မှာ ကွင်းလယ်စစ်က နှစ်ဦးပဲ ထားရမှာဖြစ်လို့ ဝိုက်နယ်ဒမ် ထွက်ခွာသွားမှု၊ မီလ်နာ အသက်ရလာမှုတွေကို ဖာထေးနိုင်မှာဖြစ်ပြီး သီယာဂို၊ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ဂျုံး၊ ကိတ်တာတို့ထဲက နှစ်ဦးပဲ လှည့်သုံးနိုင်မှာဖြစ်တယ်။

လီဗာပူးရဲ့ နောက်ထပ် ပစ်မှတ်က တိုက်စစ်သမားတစ်ဦးလို့လည်း သိထားရတာကြောင့် ၃-၄-၃ စနစ်ဟာ ဖြစ်လာဖွယ်ရှိတဲ့ နည်းစနစ်တစ်ခု ဖြစ်လာပါတယ်။ ခံစစ် သုံးယောက်တန်းမှာ ဂိုးမက်စ်၊ ဗန်ဒိုက်၊ ကိုနိတ်လို မြန်ဆန်တဲ့ ခံစစ်သမားတွေ ရှိခြင်းက ခံစစ်လိုင်း မြင့်မှုမှာ နေရာလွတ်ပိတ်ဖို့ကော ထရန့်ရဲ့ ခံစစ်အားနည်းမှုကိုပါ ဖာထေးပေးနိုင်စွမ်းရှိမယ်လို့ မျှော်လင့်ရတယ်။

ခံစစ်ကို သုံးယောက်တန်း ထားကစားတာက ရီးရဲလ်မက်ဒရစ် အပါအဝင် ထိပ်သီးအသင်းတွေလည်း ဒီရာသီမှာ သုံးစွဲနေတဲ့ ခံစစ်ပုံစံဖြစ်ပါတယ်။ ဒါကြောင့် ယာဂင်ကလော့ပ်က သုံးယောက်တန်းကို ခင်ကျင်းလာခဲ့ရင်လည်း ဘောလုံးပရိသတ်တွေအတွက် ထူးပြီး အံ့သြစရာတော့ ဖြစ်လာဖွယ် မရှိဘူးလို့ပဲ တွက်ဆရတာဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ လီဗာပူးအသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ မေသခ်ာေသးေပမယ့္ ကစားသမား ေခၚယူေရးမွာ ခံစစ္ပိုင္းကို ပိုမိုအားျပဳမယ့္ အလားအလာေတြ ျပသလာေနေၾကာင္း မာေဆးဆိုဒ္ အေျခစိုက္ သတင္းဌာနက သံုးသပ္ပါတယ္။

ကုန္ခဲ့တဲ့ ၄ ရာသီကထက္ အဆိုးဆံုး ရမွတ္ႏွင့္ အဆင့္ေတြ ပိုင္ဆိုင္ထားတဲ့ လီဗာပူးဟာ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီအတြက္ အစီအစဥ္သစ္ေတြ ခ်မွတ္မႈေတြ လုပ္ေနဆဲျဖစ္တယ္။ ခံစစ္ကို အာရံုျပဳေနျခင္းေၾကာင့္ လီဗာပူးရဲ႕ အနာဂတ္ အစီအစဥ္ဟာ ခံစစ္အထိုင္ ေျပာင္းလဲျခင္းႏွင့္အတူ ကစားကြက္ အေျပာင္းအလဲပါ လုပ္ဖို႔ ရည္ရြယ္လားဆိုတာက ေမးခြန္းျဖစ္လာပါတယ္။

ဒီရာသီမွာ တိုက္စစ္ပိုင္းက စြမ္းေဆာင္ရည္က်ဆင္းမႈ၊ ခံစစ္က ဒဏ္ရာျပႆနာ မ်ားျပားမႈေတြေၾကာင့္ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္က မတည္ျငိမ္ပါဘူး။ ယခင္ႏွစ္ေတြတုန္းက လီဗာပူးအသင္းဟာ ခံစစ္ပိုင္း တည္ျငိမ္တာေၾကာင့္ တိုက္စစ္ကို ပိုမို အာရံုစိုက္ႏုိင္ခဲ့တယ္။ ဒီရာသီမွာေတာ့ ခံစစ္လိုင္းကို ျမင့္ထားျခင္းဟာ ျပႆနာတစ္ရပ္ဆိုတာကို အက္စတြန္ဗီလာအား ၇-၂ ျဖင့္ အေရးနိမ့္တဲ့ပြဲအတြင္း ျမင္သာခဲ့ပါတယ္။

လူသစ္ေတြႏွင့္အတူ ကေလာ့ပ္ဟာ နည္းစနစ္အသစ္ေတြကို စတင္ ေျပာင္းလဲဖို႔ စဥ္းစားလာျခင္း ျဖစ္ႏုိင္တယ္။ အဓိက ေထာက္တိုက္အျဖစ္ ကေလာ့ပ္က သူ႔စိတ္ၾကိဳက္ ကစားသမားျဖစ္တဲ့ သီယာဂိုနဲ႔ ဖာဘင္ညိဳကို တြဲဘက္ေစျပီး ခံစစ္သံုးေယာက္တန္းကို ေျပာင္းလဲဖို႔ စီစဥ္လာတာလည္း ျဖစ္လာႏုိင္ပါတယ္။

လီဗာပူးကစားကြက္က ယခင္တည္းက ၄-၃-၃ ပံုစံ ခင္းက်င္းေပမယ့္ ထရန္႔၊ ေရာ္ဘတ္ဆန္တို႔ကို တိုက္စစ္လိုက္ပါေစမႈေၾကာင့္ ၂-၃-၅ ပံုစံ တိုက္စစ္ဆင္တယ္လို႔ မွတ္ခ်က္ေပးခံရတယ္။ ကိုနိတ္၊ ခါဘတ္တို႔လို ခံစစ္သမားေတြကို ထပ္ေခၚမယ္ဆိုရင္ေတာ့ ခံစစ္သံုးေယာက္တန္းထားကာ ေရာ္ဘတ္ဆန္နဲ႔ ထရန္႔ကို အစြန္-ေတာင္ပံသမားေတြအျဖစ္ အသံုးျပဳႏုိင္ပါတယ္။

၃-၄-၃ နည္းစနစ္မွာ ကြင္းလယ္စစ္က ႏွစ္ဦးပဲ ထားရမွာျဖစ္လို႔ ဝိုက္နယ္ဒမ္ ထြက္ခြာသြားမႈ၊ မီလ္နာ အသက္ရလာမႈေတြကို ဖာေထးႏုိင္မွာျဖစ္ျပီး သီယာဂို၊ ဖာဘင္ညိဳ၊ ဟန္ဒါဆန္၊ ဂ်ံဳး၊ ကိတ္တာတို႔ထဲက ႏွစ္ဦးပဲ လွည့္သံုးႏုိင္မွာျဖစ္တယ္။

လီဗာပူးရဲ႕ ေနာက္ထပ္ ပစ္မွတ္က တိုက္စစ္သမားတစ္ဦးလို႔လည္း သိထားရတာေၾကာင့္ ၃-၄-၃ စနစ္ဟာ ျဖစ္လာဖြယ္ရွိတဲ့ နည္းစနစ္တစ္ခု ျဖစ္လာပါတယ္။ ခံစစ္ သံုးေယာက္တန္းမွာ ဂိုးမက္စ္၊ ဗန္ဒိုက္၊ ကိုနိတ္လို ျမန္ဆန္တဲ့ ခံစစ္သမားေတြ ရွိျခင္းက ခံစစ္လိုင္း ျမင့္မႈမွာ ေနရာလြတ္ပိတ္ဖို႔ေကာ ထရန္႔ရဲ႕ ခံစစ္အားနည္းမႈကိုပါ ဖာေထးေပးႏုိင္စြမ္းရွိမယ္လို႔ ေမွ်ာ္လင့္ရတယ္။

ခံစစ္ကို သံုးေယာက္တန္း ထားကစားတာက ရီးရဲလ္မက္ဒရစ္ အပါအဝင္ ထိပ္သီးအသင္းေတြလည္း ဒီရာသီမွာ သံုးစြဲေနတဲ့ ခံစစ္ပံုစံျဖစ္ပါတယ္။ ဒါေၾကာင့္ ယာဂင္ကေလာ့ပ္က သံုးေယာက္တန္းကို ခင္က်င္းလာခဲ့ရင္လည္း ေဘာလံုးပရိသတ္ေတြအတြက္ ထူးျပီး အံ့ၾသစရာေတာ့ ျဖစ္လာဖြယ္ မရွိဘူးလို႔ပဲ တြက္ဆရတာျဖစ္ပါတယ္။