လီဗာပူးအသင်းရဲ့ လာမယ့် ရာသီအတွက် ခေါ်ယူဖို့ အပြီးသတ်စာရင်းထဲမှာ ခံစစ်မှူး ကိုနိတ်နှင့် ကွင်းလယ်လူ ဘစ်ဆာမာတို့ ပါဝင်လာပြီလို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

အစောတုန်းက ကိုနိတ်အတွက် လီဗာပူးဟာ ပေါင် ၂၈-၄၀ သန်းကြား ပေးရမယ်လို့ သိထားရတယ်။ ဒါပေမယ့်လို့ တယ်လီဂရပ်ကတော့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၂၈ သန်းလို နည်းပါးတဲ့ ပမာဏ မဖြစ်နိုင်ဘဲ ပေါင် သန်း ၄၀ ကပ်မယ့် ပမာဏတစ်ရပ်ဖြစ်ဖို့ပဲ ရာနှုန်းများတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးကို ခေါ်ယူဖို့ လီဗာပူးဘက်က အချိန်ယူ စဉ်းစားနေခြင်းဟာ ကစားသမားရဲ့ ဒဏ်ရာ ပြဿနာဟောင်းတွေကြောင့်ပဲဖြစ်တယ်။ လီဗာပူးဟာ ကိုနိတ်ကို ခေါ်ယူဖို့ အရေးသာတဲ့ အနေအထားဖြစ်သော်ညား လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရမရအပေါ် မူတည်ပြီး အသုံးစရိတ် ကွာခြားနိုင်သေးတယ်လို့ တယ်လီဂရပ်က ဆက်လက် ဖော်ပြပါတယ်။

ဗန်ဒိုက်၊ ဂိုမက်စ်နဲ့ မာတစ်တို့ဟာ ကာလရှည် ဒဏ်ရာရနေခဲ့တာဖြစ်လို့ လာမယ့်ရာသီမှာ ၎င်းတို့ရဲ့ ကြံ့ခိုင်ရေးဟာ ကြိုမသိနိုင်တဲ့ ကိစ္စဖြစ်နေဆဲပါ။ ဒါကြောင့်လည်း လီဗာပူးဘက်က ကိုနိတ်နဲ့ ခါဘတ် နှစ်ဦးလုံးကို ခေါ်ယူဖို့ကို စီစဉ်လာရခြင်းပဲဖြစ်ပါတယ်။

ထပ်ပြီးလည်း ဝိုက်နယ်ဒမ်နေရာ တိုက်ရိုက် အစားထိုးဖို့ ရည်ရွယ်ပြီး ဘရိုက်တန်အသင်းမှ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူ ဘစ်ဆာမာကို ခေါ်ယူဖို့ကို လီဗာပူးဘက်က ထိပ်တန်း ပစ်မှတ်တွေထဲ ထည့်သွင်းလာတယ်။ ဘရိုက်တန်ဘက်က ၂၀၁၈ မှာ လိုင်လီကနေ ဘစ်ဆာမာကို ခေါ်ယူစဉ် ၎င်းတို့ ပေးခဲ့ရတဲ့ ပေါင် ၁၅ သန်းထက် ပိုများတဲ့ကြေး လိုချင်နေတယ်။

ကစားသမားက ဒီနွေမှာ ဘရိုက်တန်ကို စွန့်ခွာပြီး စိန်ခေါ်မှုသစ်တွေအတွက် အသင်းပြောင်းဖို့ မျှော်လင့်ထားတယ်။ ဘရိုက်တန်ဘက်က တောင်းခံမယ့် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၄၀ ဖြစ်တယ်လို့လည်း အဆိုပါသတင်းက ဖော်ပြခဲ့တယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ လာမယ့္ ရာသီအတြက္ ေခၚယူဖို႔ အျပီးသတ္စာရင္းထဲမွာ ခံစစ္မွဴး ကိုနိတ္ႏွင့္ ကြင္းလယ္လူ ဘစ္ဆာမာတို႔ ပါဝင္လာျပီလို႔ တယ္လီဂရပ္က ေဖာ္ျပပါတယ္။

အေစာတုန္းက ကိုနိတ္အတြက္ လီဗာပူးဟာ ေပါင္ ၂၈-၄၀ သန္းၾကား ေပးရမယ္လို႔ သိထားရတယ္။ ဒါေပမယ့္လို႔ တယ္လီဂရပ္ကေတာ့ ေျပာင္းေရႊ႔ေၾကးဟာ ေပါင္ ၂၈ သန္းလို နည္းပါးတဲ့ ပမာဏ မျဖစ္ႏုိင္ဘဲ ေပါင္ သန္း ၄၀ ကပ္မယ့္ ပမာဏတစ္ရပ္ျဖစ္ဖို႔ပဲ ရာႏႈန္းမ်ားတယ္လို႔ ေဖာ္ျပလာခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ခံစစ္မွဴးကို ေခၚယူဖို႔ လီဗာပူးဘက္က အခ်ိန္ယူ စဥ္းစားေနျခင္းဟာ ကစားသမားရဲ႕ ဒဏ္ရာ ျပႆနာေဟာင္းေတြေၾကာင့္ပဲျဖစ္တယ္။ လီဗာပူးဟာ ကိုနိတ္ကို ေခၚယူဖို႔ အေရးသာတဲ့ အေနအထားျဖစ္ေသာ္ညား လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရမရအေပၚ မူတည္ျပီး အသံုးစရိတ္ ကြာျခားႏုိင္ေသးတယ္လို႔ တယ္လီဂရပ္က ဆက္လက္ ေဖာ္ျပပါတယ္။

ဗန္ဒိုက္၊ ဂိုမက္စ္နဲ႔ မာတစ္တို႔ဟာ ကာလရွည္ ဒဏ္ရာရေနခဲ့တာျဖစ္လို႔ လာမယ့္ရာသီမွာ ၄င္းတို႔ရဲ႕ ၾကံ႕ခိုင္ေရးဟာ ၾကိဳမသိႏုိင္တဲ့ ကိစၥျဖစ္ေနဆဲပါ။ ဒါေၾကာင့္လည္း လီဗာပူးဘက္က ကိုနိတ္နဲ႔ ခါဘတ္ ႏွစ္ဦးလံုးကို ေခၚယူဖို႔ကို စီစဥ္လာရျခင္းပဲျဖစ္ပါတယ္။

ထပ္ျပီးလည္း ဝိုက္နယ္ဒမ္ေနရာ တိုက္ရိုက္ အစားထိုးဖို႔ ရည္ရြယ္ျပီး ဘရိုက္တန္အသင္းမွ အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူ ဘစ္ဆာမာကို ေခၚယူဖို႔ကို လီဗာပူးဘက္က ထိပ္တန္း ပစ္မွတ္ေတြထဲ ထည့္သြင္းလာတယ္။ ဘရိုက္တန္ဘက္က ၂၀၁၈ မွာ လိုင္လီကေန ဘစ္ဆာမာကို ေခၚယူစဥ္ ၄င္းတို႔ ေပးခဲ့ရတဲ့ ေပါင္ ၁၅ သန္းထက္ ပိုမ်ားတဲ့ေၾကး လိုခ်င္ေနတယ္။

ကစားသမားက ဒီေႏြမွာ ဘရိုက္တန္ကို စြန္႔ခြာျပီး စိန္ေခၚမႈသစ္ေတြအတြက္ အသင္းေျပာင္းဖို႔ ေမွ်ာ္လင့္ထားတယ္။ ဘရိုက္တန္ဘက္က ေတာင္းခံမယ့္ ေျပာင္းေရႊ႔ေၾကးက ေပါင္ သန္း ၄၀ ျဖစ္တယ္လို႔လည္း အဆိုပါသတင္းက ေဖာ္ျပခဲ့တယ္။