စပိန်ကွင်းလယ်ဟောင်း အလွန်ဆိုက လီဗာပူးနှင့် ရီးရဲလ်မက်ဒရစ်မှာ သူဘာလို့ လီဗာပူးကို ဦးစားပေးအဖြစ် ရွေးချယ်ခဲ့တယ်ဆိုတာအတွက် ကာရေဂါရဲ့ ‘ The Greatest Game ’ အစီအစဉ်ကနေ ရှင်းပြသွားပါတယ်။

၂၀၀၄ မှာ အလွန်ဆိုဟာ သူ့ရဲ့ ငယ်မွေးခြံပေါက်ကလပ် ရီးရဲလ်ဆိုစီဒက်ကနေ လီဗာပူးကို ပြောင်းရွှေ့ခဲ့သူပါ။ ၂၀၀၉ မှာတော့ မန်နေဂျာ ရာဖာက သူ့အပေါ် သစ္စာဖောက်တယ်ဆိုတဲ့ ခံစားချက်ကြောင့် ရီးရဲလ်မက်ဒရစ်ကို ပြောင်းသွားခဲ့ပေမယ့် ပထမဆုံးအကြိမ် ပြောင်းရွှေ့မှုမှာ လီဗာပူးကို ဦးစားပေးအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

၂၀၀၄ တုန်းက ဆိုစီဒက်ကနေ ထွက်ဖို့ စဉ်းစားစဉ် ကာလနှင့်ပက်သက်ပြီး အလွန်ဆိုက ပြောရာမှာ “ အဲ့နွေတုန်းက ရီးရဲလ်မက်ဒရစ်က ကျနော်ကို တကယ်ပဲ စိတ်ဝင်စားခဲ့ပါတယ်။ ကလပ်နှစ်သင်းကြား စကားပြောမှုတောင် လုပ်ခဲ့ပေမယ့် စကားပြောတာက သိပ်ကြာလွန်းလှတယ်။

အဲ့လောက်အကြာကြီး စကားပြောနေတော့ ‘ဘာလို့ ဒီလောက်ကြာနေတာလဲ ရီးရဲလ်က ငါ့ကို တကယ်ကော လိုချင်ရဲ့လား ?’ ဆိုတဲ့အတွေးတွေ ဝင်လာခဲ့ပါတယ်။ အဲ့အချိန်မှာပဲ လီဗာပူးက တကယ်ကိုပဲ စိတ်ဝင်စားမှုတွေ ပြသလာခဲ့ပါတယ်။

အဲ့လို ခံစားရချိန်မှာ မန်နေဂျာရာဖာနဲ့ ရဟ် ပယ်ရီ (လီဗာပူးဥက္ကဌဟောင်း) တို့က ကျနေ်ာကို လက်မှတ်ထိုးနိုင်ဖို့ လာဆွေးနွေးခဲ့တယ်။ လီဗာပူးဘက်က တကယ်ကိုပဲ စိတ်ဝင်စားနေတာပါလားဆိုတဲ့ ခံစားချက်ကို ရခဲ့ပါတယ်။ ကျနော်အတွက် အဲ့တာက အရေးကြီးပါတယ်။

ရာဖာက စည်းရုံးနိုင်ခဲ့ပြီး လီဗာပူးကိုပဲ ပြောင်းမယ်လို့ ကျနော်စိတ်ကို ပြောင်းလဲခဲ့တယ်။ လီဗာပူးအသင်းနဲ့ လီဗာပူးမြို့အကြောင်းကို ကျနော် သိပါတယ်။ ဒါပေမယ့် အများကြီး မသိပါဘူး။ ကျနော်အတွက်တော့ ပထမဆုံး အတွေ့အကြုံဖြစ်ပြီး စိတ်ကို ဖွင့်ထားခဲ့ကာ ခပ်မြန်မြန် သင်ယူဖို့ အဆင်သင့် ဖြစ်နေခဲ့တာပါပဲ ” လို့ ရှင်းပြခဲ့ပါတယ်။

အလွန်ဆိုဟာ လီဗာပူးမှာ စတီဗင်ဂျရတ်နှင့် အတွဲညီခဲ့သူပါ။ လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတစ်ဦးအဖြစ် တောက်ပခဲ့သလို ၂၀၀၅ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုမှာ အရေးပါခဲ့သူတစ်ဦးလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

စပိန္ကြင္းလယ္ေဟာင္း အလြန္ဆိုက လီဗာပူးႏွင့္ ရီးရဲလ္မက္ဒရစ္မွာ သူဘာလို႔ လီဗာပူးကို ဦးစားေပးအျဖစ္ ေရြးခ်ယ္ခဲ့တယ္ဆိုတာအတြက္ ကာေရဂါရဲ႕ ‘ The Greatest Game ’ အစီအစဥ္ကေန ရွင္းျပသြားပါတယ္။

၂၀၀၄ မွာ အလြန္ဆိုဟာ သူ႔ရဲ႕ ငယ္ေမြးျခံေပါက္ကလပ္ ရီးရဲလ္ဆိုစီဒက္ကေန လီဗာပူးကို ေျပာင္းေရႊ႔ခဲ့သူပါ။ ၂၀၀၉ မွာေတာ့ မန္ေနဂ်ာ ရာဖာက သူ႔အေပၚ သစၥာေဖာက္တယ္ဆိုတဲ့ ခံစားခ်က္ေၾကာင့္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းသြားခဲ့ေပမယ့္ ပထမဆံုးအၾကိမ္ ေျပာင္းေရႊ႔မႈမွာ လီဗာပူးကို ဦးစားေပးအျဖစ္ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

၂၀၀၄ တုန္းက ဆိုစီဒက္ကေန ထြက္ဖို႔ စဥ္းစားစဥ္ ကာလႏွင့္ပက္သက္ျပီး အလြန္ဆိုက ေျပာရာမွာ “ အဲ့ေႏြတုန္းက ရီးရဲလ္မက္ဒရစ္က က်ေနာ္ကို တကယ္ပဲ စိတ္ဝင္စားခဲ့ပါတယ္။ ကလပ္ႏွစ္သင္းၾကား စကားေျပာမႈေတာင္ လုပ္ခဲ့ေပမယ့္ စကားေျပာတာက သိပ္ၾကာလြန္းလွတယ္။

အဲ့ေလာက္အၾကာၾကီး စကားေျပာေနေတာ့ ‘ဘာလို႔ ဒီေလာက္ၾကာေနတာလဲ ရီးရဲလ္က ငါ့ကို တကယ္ေကာ လိုခ်င္ရဲ႕လား ?’ ဆိုတဲ့အေတြးေတြ ဝင္လာခဲ့ပါတယ္။ အဲ့အခ်ိန္မွာပဲ လီဗာပူးက တကယ္ကိုပဲ စိတ္ဝင္စားမႈေတြ ျပသလာခဲ့ပါတယ္။

အဲ့လို ခံစားရခ်ိန္မွာ မန္ေနဂ်ာရာဖာနဲ႔ ရဟ္ ပယ္ရီ (လီဗာပူးဥကၠဌေဟာင္း) တို႔က က်ေန္ာကို လက္မွတ္ထိုးႏုိင္ဖို႔ လာေဆြးေႏြးခဲ့တယ္။ လီဗာပူးဘက္က တကယ္ကိုပဲ စိတ္ဝင္စားေနတာပါလားဆိုတဲ့ ခံစားခ်က္ကို ရခဲ့ပါတယ္။ က်ေနာ္အတြက္ အဲ့တာက အေရးၾကီးပါတယ္။

ရာဖာက စည္းရံုးႏုိင္ခဲ့ျပီး လီဗာပူးကိုပဲ ေျပာင္းမယ္လို႔ က်ေနာ္စိတ္ကို ေျပာင္းလဲခဲ့တယ္။ လီဗာပူးအသင္းနဲ႔ လီဗာပူးျမိဳ႔အေၾကာင္းကို က်ေနာ္ သိပါတယ္။ ဒါေပမယ့္ အမ်ားၾကီး မသိပါဘူး။ က်ေနာ္အတြက္ေတာ့ ပထမဆံုး အေတြ႔အၾကံဳျဖစ္ျပီး စိတ္ကို ဖြင့္ထားခဲ့ကာ ခပ္ျမန္ျမန္ သင္ယူဖို႔ အဆင္သင့္ ျဖစ္ေနခဲ့တာပါပဲ ” လို႔ ရွင္းျပခဲ့ပါတယ္။

အလြန္ဆိုဟာ လီဗာပူးမွာ စတီဗင္ဂ်ရတ္ႏွင့္ အတြဲညီခဲ့သူပါ။ လိဂ္ရဲ႕ အေကာင္းဆံုး ကြင္းလယ္လူတစ္ဦးအျဖစ္ ေတာက္ပခဲ့သလို ၂၀၀၅ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္မႈမွာ အေရးပါခဲ့သူတစ္ဦးလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။