လီဗာပူး တိုက်စစ်မှူး ဖာမီနိုက ဒီရာသီ ၆ ဂိုးသာ သွင်းယူထားပြီး ၂၀၂၁ ထဲမှာ ဆိုရင် တစ်ဂိုးသာ သွင်းယူထားရသေးတာပါ။ ဘရာဇီးသားရဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းတွေက ဒီယေဂို ဂျိုတာကိုပါ ပထမ ပွဲထွက် နေရာ ပေးခဲ့ရပြီး သူ့နေရာ ခြိမ်းခြောက်ခံလာရပါတယ်။

ဖာမီနိုက ဒီရာသီ ခြေစွမ်း ကျဆင်းသွားတဲ့ အပေါ် ဘာမှားယွင်းသွားခဲ့တာလဲ နားမလည်နိုင် ဖြစ်ရကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

” (ဘာမှားနေလို့လဲ ဆိုတာ) ကျနော်လည်း အဖြေကို တကယ်ကို မသိပါဘူး။ ဘုရားသခင်ရဲ့ အလိုတော် အရလည်း ဖြစ်ရင် ဖြစ်မှာပေါ့။ ဒါမှမဟုတ်လည်း အသင်း အနေနဲ့ ဖြစ်လာနေတဲ့ အကြောင်းအချက် ရှိရင် ရှိမယ်။ အခုက တကယ်ကို ခက်ခဲတဲ့ ကာလပါ။ ဒါပေမယ့် ကျနော်ကတော့ အခြေအနေတွေ ပြန်ကောင်းလာလိမ့်မယ်လို့ ယုံကြည်မှု ရှိတယ်။

ဒီရာသီက ကျနော်တို့ အသင်းအတွက် ခက်ခဲတဲ့ ရာသီ ဖြစ်ခဲ့ပါတယ်။ ကျနေ်ာတို့ ပရီးမီးယားလိဂ်ဖလား ဗိုလ်စွဲပြီး ကလပ် ကမ္ဘာ့ဖလားလို ဆုဖလားတွေပါ ယူ အောင်မြင်တဲ့ ရာသီကနေ လာခဲ့တာပါ။

နေ့စဉ်နေ့တိုင်း ကျနော်တို့ ဆက်လက် တိုက်ပွဲဝင် ကောင်းမွန်အောင် လုပ်ရပါမယ်။ ခံစစ်ပိုင်း တိုးတက်အောင်၊ ဗျူဟာပိုင်းအရရော တိုက်စစ် အကုန်ရောပါ။ ဘောလုံးမှာက ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျနော်တို့မှာလည်း အခွင့်အရေး ရှိတယ်။ ” လို့ ဖာမီနိုက ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာရဲ့ အပြင်ဘက် ရောက်ရှိနေပြီး ဒီရာသီ အဆင့် ၄ အတွင်း ဝင်ဖို့လည်း အခွင့်အရေးက အတော် အကန့်အသတ် ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဖာမီနိုကတော့ လာမယ့် လအတွင်း တိုးတက်မှုတွေ လုပ်နိုင်ရင် အခြေအနေ ပြန်ကောင်းလာနိုင်မယ်လို့ ယုံကြည်နေပါတယ်။

Zawgyi – လီဗာပူး တုိက္စစ္မွဴး ဖာမီနိုက ဒီရာသီ ၆ ဂိုးသာ သြင္းယူထားျပီး ၂၀၂၁ ထဲမွာ ဆိုရင္ တစ္ဂိုးသာ သြင္းယူထားရေသးတာပါ။ ဘရာဇီးသားရဲ႕ မတည္ျငိမ္တဲ့ ေျခစြမ္းေတြက ဒီေယဂို ဂ်ိဳတာကိုပါ ပထမ ပြဲထြက္ ေနရာ ေပးခဲ့ရျပီး သူ႔ေနရာ ျခိမ္းေျခာက္ခံလာရပါတယ္။

ဖာမီနိုက ဒီရာသီ ေျခစြမ္း က်ဆင္းသြားတဲ့ အေပၚ ဘာမွားယြင္းသြားခဲ့တာလဲ နားမလည္နိုင္ ျဖစ္ရေၾကာင္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

” (ဘာမွားေနလို႔လဲ ဆိုတာ) က်ေနာ္လည္း အေျဖကို တကယ္ကို မသိပါဘူး။ ဘုရားသခင္ရဲ႕ အလိုေတာ္ အရလည္း ျဖစ္ရင္ ျဖစ္မွာေပါ့။ ဒါမွမဟုတ္လည္း အသင္း အေနနဲ႕ ျဖစ္လာေနတဲ့ အေၾကာင္းအခ်က္ ရွိရင္ ရွိမယ္။ အခုက တကယ္ကို ခက္ခဲတဲ့ ကာလပါ။ ဒါေပမယ့္ က်ေနာ္ကေတာ့ အေျခအေနေတြ ျပန္ေကာင္းလာလိမ့္မယ္လို႔ ယံုၾကည္မႈ ရွိတယ္။

ဒီရာသီက က်ေနာ္တို႔ အသင္းအတြက္ ခက္ခဲတဲ့ ရာသီ ျဖစ္ခဲ့ပါတယ္။ က်ေန္ာတို႔ ပရီးမီးယားလိဂ္ဖလား ဗိုလ္စြဲျပီး ကလပ္ ကမၻာ့ဖလားလို ဆုဖလားေတြပါ ယူ ေအာင္ျမင္တဲ့ ရာသီကေန လာခဲ့တာပါ။

ေန႔စဥ္ေန႔တိုင္း က်ေနာ္တို႔ ဆက္လက္ တိုက္ပြဲ၀င္ ေကာင္းမြန္ေအာင္ လုပ္ရပါမယ္။ ခံစစ္ပိုင္း တိုးတက္ေအာင္၊ ဗ်ဴဟာပိုင္းအရေရာ တိုက္စစ္ အကုန္ေရာပါ။ ေဘာလံုးမွာက ဘာမဆို ျဖစ္နုိင္ပါတယ္။ က်ေနာ္တို႔မွာလည္း အခြင့္အေရး ရွိတယ္။ ” လို႔ ဖာမီနိုက ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာရဲ႕ အျပင္ဘက္ ေရာက္ရွိေနျပီး ဒီရာသီ အဆင့္ ၄ အတြင္း ၀င္ဖုိ႔လည္း အခြင့္အေရးက အေတာ္ အကန္႔အသတ္ ရွိေနျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ဖာမီနိုကေတာ့ လာမယ့္ လအတြင္း တိုးတက္မႈေတြ လုပ္နုိင္ရင္ အေျခအေန ျပန္ေကာင္းလာနုိင္မယ္လို႔ ယံုၾကည္ေနပါတယ္။