၂၀၁၆ ခုနှစ် နွေမှာတုန်းက မန်နေဂျာဟောင်း ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းထံ ပြောင်းလာဖို့ သွေးဆောင်မှုကို ငြင်းဆန်ခဲ့တဲ့ ဂေါ့ဇီက သူဘာလို့ လီဗာပူးကို ငြင်းပြီး ဒေါ့မွန်ကို ပြောင်းခဲ့လဲဆိုတာအတွက် ရှင်းပြသွားပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ ယာဂင်ကလော့ပ်က လီဗာပူးမန်နေဂျာအဖြစ် အန်ဖီးကွင်းထဲ ဝင်ရောက်လာခဲ့ပြီး အသင်းပရိသတ်တွေကို စိတ်ဓါတ်ရေးရာ ပြန်မြင့်တက်စေခဲ့တယ်။ ဒါပေမယ့်လို့ ရာသီအကုန်မှာတော့ အဆင့် ၈ နေရာမှာပဲ ရပ်တည်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ဖြင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

ထိုစဉ်တုန်းက ဂေါ်ဇီဟာ မန်နေဂျာဂွာဒီယိုလာ လက်အောက်မှာ ရုန်းကန်နေရတဲ့ အနေအထားဖြစ်ပေမယ့် မန်နေဂျာဟောင်း ကလော့ပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။

လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရသလို ယူရိုပါလိဂ်တောင် မကစားရမယ့် အနေအထားကြောင့် ငြင်းဆန်ခဲ့တာဖြစ်ကြောင်းလည်း မီဒီယာကနေတစ်ဆင့် ဂေါ့ဇီက “ ကျနော်လို ကစားသမား ကစားဖို့ လီဗာပူးအသင်းက ဝေးလွန်းလှပါတယ် ” လို့ ထုတ်ပြောခဲ့တာဖြစ်တယ်။

ပြီးခဲ့တဲ့ အပတ်က အင်တာဗျူးမှာ အတိတ်က အကြောင်းတွေကို ပြန်ပြောပြေရင်း ဂေါ့ဇီက “ ကျနော်က ဘယ်ကနေ ပြောင်းရွှေ့မှာလဲ? ဒါကိုလည်း စဉ်းစားကြည့်ဖို့ လိုခဲ့ပါတယ်။ မြူးနစ်မှာ ကစားနေစဉ် ကျနော်က ဘိုင်ယန်အသင်းနှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၃ ကြိမ်တိုင် တက်ရောက်နိုင်ခဲ့တာပါ။ ကျနော် ထပ်ပြီးလည်း အဲ့အဆင့်တွေကို ရောက်လိုပါသေးတယ်။

အဲ့တုန်းက လီဗာပူးက အမှတ်ပေးလိဂ်မှာ အဆင့် ၈ နေရာက ရာသီသိမ်းခဲ့တာပါ။ အဲ့တုန်းက အခြေအနေအရဆိုရင် ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ဆိုတာက ဒေါ့မွန်နှင့်ဆိုရင် ပိုမို ဖြစ်နိုင်ချေရှိနေတဲ့ အခိုက်အတန့်ဖြစ်ပါတယ် ” လို့ ဝန်ခံခဲ့တာဖြစ်တယ်။

ယာဂင်က ဂေါ့ဇီအစား ဆောက်သမ်တန်က မာနေးကိုပဲ ပြောင်းလဲခေါ်ယူခဲ့တယ်။ ဒီကနေ့မှာတော့ မာနေးဟာ လီဗာပူးနဲ့အတူ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ZAWGYI

၂၀၁၆ ခုႏွစ္ ေႏြမွာတုန္းက မန္ေနဂ်ာေဟာင္း ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းထံ ေျပာင္းလာဖို႔ ေသြးေဆာင္မႈကို ျငင္းဆန္ခဲ့တဲ့ ေဂါ့ဇီက သူဘာလို႔ လီဗာပူးကို ျငင္းျပီး ေဒါ့မြန္ကို ေျပာင္းခဲ့လဲဆိုတာအတြက္ ရွင္းျပသြားပါတယ္။

၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလမွာ ယာဂင္ကေလာ့ပ္က လီဗာပူးမန္ေနဂ်ာအျဖစ္ အန္ဖီးကြင္းထဲ ဝင္ေရာက္လာခဲ့ျပီး အသင္းပရိသတ္ေတြကို စိတ္ဓါတ္ေရးရာ ျပန္ျမင့္တက္ေစခဲ့တယ္။ ဒါေပမယ့္လို႔ ရာသီအကုန္မွာေတာ့ အဆင့္ ၈ ေနရာမွာပဲ ရပ္တည္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ျဖင့္ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ထိုစဥ္တုန္းက ေဂၚဇီဟာ မန္ေနဂ်ာဂြာဒီယိုလာ လက္ေအာက္မွာ ရုန္းကန္ေနရတဲ့ အေနအထားျဖစ္ေပမယ့္ မန္ေနဂ်ာေဟာင္း ကေလာ့ပ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ပါတယ္။

လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္မရသလို ယူရိုပါလိဂ္ေတာင္ မကစားရမယ့္ အေနအထားေၾကာင့္ ျငင္းဆန္ခဲ့တာျဖစ္ေၾကာင္းလည္း မီဒီယာကေနတစ္ဆင့္ ေဂါ့ဇီက “ က်ေနာ္လို ကစားသမား ကစားဖို႔ လီဗာပူးအသင္းက ေဝးလြန္းလွပါတယ္ ” လို႔ ထုတ္ေျပာခဲ့တာျဖစ္တယ္။

ျပီးခဲ့တဲ့ အပတ္က အင္တာဗ်ဴးမွာ အတိတ္က အေၾကာင္းေတြကို ျပန္ေျပာေျပရင္း ေဂါ့ဇီက “ က်ေနာ္က ဘယ္ကေန ေျပာင္းေရႊ႔မွာလဲ? ဒါကိုလည္း စဥ္းစားၾကည့္ဖို႔ လိုခဲ့ပါတယ္။ ျမဴးနစ္မွာ ကစားေနစဥ္ က်ေနာ္က ဘိုင္ယန္အသင္းႏွင့္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ကို ၃ ၾကိမ္တိုင္ တက္ေရာက္ႏုိင္ခဲ့တာပါ။ က်ေနာ္ ထပ္ျပီးလည္း အဲ့အဆင့္ေတြကို ေရာက္လိုပါေသးတယ္။

အဲ့တုန္းက လီဗာပူးက အမွတ္ေပးလိဂ္မွာ အဆင့္ ၈ ေနရာက ရာသီသိမ္းခဲ့တာပါ။ အဲ့တုန္းက အေျခအေနအရဆိုရင္ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရဖို႔ဆိုတာက ေဒါ့မြန္ႏွင့္ဆိုရင္ ပိုမို ျဖစ္ႏုိင္ေခ်ရွိေနတဲ့ အခိုက္အတန္႔ျဖစ္ပါတယ္ ” လို႔ ဝန္ခံခဲ့တာျဖစ္တယ္။

ယာဂင္က ေဂါ့ဇီအစား ေဆာက္သမ္တန္က မာေနးကိုပဲ ေျပာင္းလဲေခၚယူခဲ့တယ္။ ဒီကေန႔မွာေတာ့ မာေနးဟာ လီဗာပူးနဲ႔အတူ ကမၻာအေကာင္းဆံုး တိုက္စစ္သမားေတြထဲက တစ္ဦး ျဖစ္လာခဲ့ပါတယ္။