လီဗာပူးနဲ့ ကိုနိတ်ကြား အပြောင်းအရွှေ့ သတင်းတွေက ပိုမို ခိုင်မာလာပြီး မာဆေးဆိုဒ်ကလပ်က လိုက်ဇစ်ကို စာချုပ်ပါကြေးအဖြစ် ပေါင် ၂၈-၄၀ တန်းကြား ပမာဏတစ်ရပ်ကို ပေးချေတာနဲ့တင် တရားဝင်ကိစ္စတွေ စတင်လို့ရမယ်လို့ သိရပါတယ်။

လီဗာပူးခံစစ်မှူး မာတစ်ဟာ ဒီကနေ့မှာပဲ အက်ဆာလေ့ကျင့်ရေးမှာ တစ်ဦးချင်း လေ့ကျင့်မှုတွေကို ပြန်လုပ်နေပါပြီ။ မာတစ်ဟာ ခြေထောက်ဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရမယ် သိထားရတာဖြစ်ပါတယ်။

လီဗာပူးက ဆန်ချိုကို ဆက်လက် စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် မာနေး၊ ဆာလာတို့ထဲက တစ်ဦးဦး မစွန့်ခွာဘဲတော့ လီဗာပူးဘက်က ခေါ်ယူမှာ မဟုတ်ကြောင်း ဗြိတိန်သတင်းထောက်တွေက မှတ်ချက်ပေးနေကြပါတယ်။

၂၀၁၆ ခုနှစ်တုန်းက လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ဒေါ့မွန်ကိုပဲ ပြန်ပြောင်းဖို့ ရွေးချယ်ခဲ့တာက ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ရာမှာ ဒေါ့မွန်က ပိုနီးစပ်မယ်လို့ ယုံကြည်ခဲ့တာကြောင့်ဖြစ်ကြောင်း ဂေါ့ဇီက ဝန်ခံပါတယ်။ ထိုစဉ်တုန်းက လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရတာ ကာလတစ်ခုရှိနေခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းက ကလပ်ရဲ့ ဝင်ငွေနဲ့ လုပ်ခငွေစာရင်းကို တရားဝင် ချပြခဲ့ပြီဖြစ်တာကြောင့် မနှစ်တုန်းက ကိုဗစ်ကပ်ဘေးမှာ အသင်းဘယ်လောက်တောင် ရုန်းကန်ရသလဲဆိုတာကို ပရိသတ်တွေ သိမြင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။

ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ဒီဇင်ဘာလ နောက်ပိုင်း လီဗာပူးအတွက် အခွင့်အရေး ဖန်တီးမှု တစ်ကြိမ်မှ မလုပ်ပေးနိုင်ပါဘူး။ ဒါဟာ ခံစစ်ပိုင်း မတည်ငြိမ်မှုတွေကြောင့် ရော်ဘတ်ဆန်က ယခင်လို တိုက်စစ်ကို လိုက်ပါပေးဖို့အစား ခံစစ်ကိုပဲ ကူနေရတယ်ဆိုတာကို မြင်သာစေတဲ့ အချက်တစ်ချက်အဖြစ် ထောက်ပြနေကြပါတယ်။

လီဗာပူး ခံစစ်မှူး ဗန်ဒန်ဘတ်က ဒီရာသီ ချန်ပီယံရှစ်ကလပ် ပရီဆန်ကို အငှားထွက်ရတာအပေါ် ကျေနပ်နေပြီး လာမယ့်ရာသီမှာလည်း ပရီဆန်ကို ပြန်လာခွင့်ရဖို့ မျှော်လင့်တယ်လို့ ချန်ပီယံရှစ်ကလပ်ရဲ့ ဝဘ်ဆိုဒ်ကနေ ထုတ်ပြောပါတယ်။

ခံစစ်မှူး နက်ဖီးလစ်က အသင်းရဲ့ အစောပိုင်း လေ့ကျင့်ရေးမှာ မပါလာနိုင်သေးပါဘူး။ ဒါကြောင့် သူဟာ ယူနိုက်တက်ပွဲကို လွဲချော်သွားမယ်လို့ သံသယဝင်ခံနေရဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ကိုနိတ္ၾကား အေျပာင္းအေရႊ႔ သတင္းေတြက ပိုမို ခိုင္မာလာျပီး မာေဆးဆိုဒ္ကလပ္က လိုက္ဇစ္ကို စာခ်ဳပ္ပါေၾကးအျဖစ္ ေပါင္ ၂၈-၄၀ တန္းၾကား ပမာဏတစ္ရပ္ကို ေပးေခ်တာနဲ႔တင္ တရားဝင္ကိစၥေတြ စတင္လို႔ရမယ္လို႔ သိရပါတယ္။

လီဗာပူးခံစစ္မွဴး မာတစ္ဟာ ဒီကေန႔မွာပဲ အက္ဆာေလ့က်င့္ေရးမွာ တစ္ဦးခ်င္း ေလ့က်င့္မႈေတြကို ျပန္လုပ္ေနပါျပီ။ မာတစ္ဟာ ေျခေထာက္ဒဏ္ရာေၾကာင့္ ရာသီကုန္ထိ အနားယူရမယ္ သိထားရတာျဖစ္ပါတယ္။

လီဗာပူးက ဆန္ခ်ိဳကို ဆက္လက္ စိတ္ဝင္စားေနဆဲျဖစ္ေပမယ့္ မာေနး၊ ဆာလာတို႔ထဲက တစ္ဦးဦး မစြန္႔ခြာဘဲေတာ့ လီဗာပူးဘက္က ေခၚယူမွာ မဟုတ္ေၾကာင္း ျဗိတိန္သတင္းေထာက္ေတြက မွတ္ခ်က္ေပးေနၾကပါတယ္။

၂၀၁၆ ခုႏွစ္တုန္းက လီဗာပူးရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ျပီး ေဒါ့မြန္ကိုပဲ ျပန္ေျပာင္းဖို႔ ေရြးခ်ယ္ခဲ့တာက ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ဖို႔ရာမွာ ေဒါ့မြန္က ပိုနီးစပ္မယ္လို႔ ယံုၾကည္ခဲ့တာေၾကာင့္ျဖစ္ေၾကာင္း ေဂါ့ဇီက ဝန္ခံပါတယ္။ ထိုစဥ္တုန္းက လီဗာပူးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရတာ ကာလတစ္ခုရွိေနခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းက ကလပ္ရဲ႕ ဝင္ေငြနဲ႔ လုပ္ခေငြစာရင္းကို တရားဝင္ ခ်ျပခဲ့ျပီျဖစ္တာေၾကာင့္ မႏွစ္တုန္းက ကိုဗစ္ကပ္ေဘးမွာ အသင္းဘယ္ေလာက္ေတာင္ ရုန္းကန္ရသလဲဆိုတာကို ပရိသတ္ေတြ သိျမင္ခြင့္ရခဲ့ျပီျဖစ္ပါတယ္။

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ ဒီဇင္ဘာလ ေနာက္ပိုင္း လီဗာပူးအတြက္ အခြင့္အေရး ဖန္တီးမႈ တစ္ၾကိမ္မွ မလုပ္ေပးႏုိင္ပါဘူး။ ဒါဟာ ခံစစ္ပိုင္း မတည္ျငိမ္မႈေတြေၾကာင့့္ ေရာ္ဘတ္ဆန္က ယခင္လို တိုက္စစ္ကို လိုက္ပါေပးဖို႔အစား ခံစစ္ကိုပဲ ကူေနရတယ္ဆိုတာကို ျမင္သာေစတဲ့ အခ်က္တစ္ခ်က္အျဖစ္ ေထာက္ျပေနၾကပါတယ္။

လီဗာပူး ခံစစ္မွဴး ဗန္ဒန္ဘတ္က ဒီရာသီ ခ်န္ပီယံရွစ္ကလပ္ ပရီဆန္ကို အငွားထြက္ရတာအေပၚ ေက်နပ္ေနျပီး လာမယ့္ရာသီမွာလည္း ပရီဆန္ကို ျပန္လာခြင့္ရဖို႔ ေမွ်ာ္လင့္တယ္လို႔ ခ်န္ပီယံရွစ္ကလပ္ရဲ႕ ဝဘ္ဆိုဒ္ကေန ထုတ္ေျပာပါတယ္။

ခံစစ္မွဴး နက္ဖီးလစ္က အသင္းရဲ႕ အေစာပိုင္း ေလ့က်င့္ေရးမွာ မပါလာႏုိင္ေသးပါဘူး။ ဒါေၾကာင့္ သူဟာ ယူႏုိက္တက္ပြဲကို လြဲေခ်ာ္သြားမယ္လို႔ သံသယဝင္ခံေနရဆဲျဖစ္ပါတယ္။