၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စာရင်းချုပ်အရ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် လုပ်ခအမြင့်ဆုံး ကလပ်နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အခွန်မဆောင်ခင် ပေါင် ၄၆ သန်း အရံှူးပေါ်ခဲ့တယ်ဆိုတဲ့ မနှစ်ကရာသီအတွက် ငွေစာရင်းရှင်းတမ်းမှာတော့ ကလပ် ဝင်ငွေ ၁၀၀ မှာ ၆၆% ဟာ လုပ်ခအတွက် ပေးချေနေရတယ်လို့ သိရတယ်။ ဒါဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကထက် ပေါင် ၁၆ သန်း (၅%) မြင့်တက်လာခဲ့ခြင်းဖြစ်ကာ စုစုပေါင်း လုပ်ခပေးချေရမှုဟာ ပေါင် ၃၂၅ သန်း ထိ ရောက်လာပါတယ်။

ကုန်ခဲ့တဲ့ ၃ နှစ်ကို ပြန်ကြည့် လီဗာပူးရဲ့ လုပ်ခပိုင်း မြင့်တက်မှုဟာ ၅၆% ထိ ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘောလုံးရာသီကထပ် ပေါင် ၁၁၇ သန်းထိ မြင့်တက်လာခဲ့တာဖြစ်တယ်။ ဒါဟာ ကြီး ၆ ကြီးထဲမှာတော့ အမြင့်ဆုံးတော့ မြင့်တက်သွားမှုလည်း ဖြစ်လာခဲ့ပါတယ်။

ကလပ်ဟာ အသင်းသားတွေကို ဆုဖလားအောင်မြင်မှုအလိုက် ဆုကြေးတွေ ပေးချေလေ့ရှိတယ်။ ချန်ပီယံလိဂ်နဲ့ ပီးမီးယားလိဂ် အောင်မြင်မှုတွေအရ လီဗာပူးအသင်းဟာ လုပ်ခပိုင်း ပေးချေမှုမှာ အပိုဆုကြေးတွေ ပါဝင်လာခြင်းကလည်း အခုလို မြင့်တက်လာခြင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်။

ပရီးမီးယားလိဂ်မှာ မန်စီးတီးက လုပ်ခပေးချေမှု အမြင့်ဆုံးအဖြစ် ပေါင် ၃၅၁ သန်း၊ လီဗာပူးက ဒုတိယအမြင့်ဆုံးအဖြစ် ပေါင် ၃၂၆ သန်း၊ ယူနိုက်တက်က တတိယအမြင့်ဆုံးအဖြစ် ပေါင် ၂၈၄ သန်းတို့ ရပ်တည်နေပြီး နောက်မှာတော့ ချယ်ဆီး ပေါင် ၂၈၃ သန်း၊ အာဆင်နယ် ပေါင် ၂၂၅ သန်းတို့ ရပ်တည်နေတာဖြစ်တယ်။

နှစ်တိုင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရယူထားနိုင်ရင် လုပ်ခပိုင်း မြင့်တက်မှုကို ထိန်းထားနိုင်မှာ ဖြစ်သော်လည်း တစ်ရာသီလောက် ဥရောပ အဆင့်မြင့်ပြိုင်ပွဲကို လွဲချော်မယ်ဆိုရင်တော့ ကလပ်ရဲ့ ဟန်ချက်ညီမှုကို ကြီးကြီးမားမား ရိုက်ခတ်သွားနိုင်တာ ဖြစ်ပါတယ်။

ZAWGYI

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီရဲ႕ ဘ႑ာေရးပိုင္းဆိုင္ရာ စာရင္းခ်ဳပ္အရ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ရဲ႕ ဒုတိယေျမာက္ လုပ္ခအျမင့္ဆံုး ကလပ္ေနရာကို ေရာက္ရွိလာခဲ့ျပီျဖစ္ပါတယ္။

အခြန္မေဆာင္ခင္ ေပါင္ ၄၆ သန္း အရံွဴးေပၚခဲ့တယ္ဆိုတဲ့ မႏွစ္ကရာသီအတြက္ ေငြစာရင္းရွင္းတမ္းမွာေတာ့ ကလပ္ ဝင္ေငြ ၁၀၀ မွာ ၆၆% ဟာ လုပ္ခအတြက္ ေပးေခ်ေနရတယ္လို႔ သိရတယ္။ ဒါဟာ ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီကထက္ ေပါင္ ၁၆ သန္း (၅%) ျမင့္တက္လာခဲ့ျခင္းျဖစ္ကာ စုစုေပါင္း လုပ္ခေပးေခ်ရမႈဟာ ေပါင္ ၃၂၅ သန္း ထိ ေရာက္လာပါတယ္။

ကုန္ခဲ့တဲ့ ၃ ႏွစ္ကို ျပန္ၾကည့္ လီဗာပူးရဲ႕ လုပ္ခပိုင္း ျမင့္တက္မႈဟာ ၅၆% ထိ ရွိခဲ့ျပီး ၂၀၁၆-၂၀၁၇ ေဘာလံုးရာသီကထပ္ ေပါင္ ၁၁၇ သန္းထိ ျမင့္တက္လာခဲ့တာျဖစ္တယ္။ ဒါဟာ ၾကီး ၆ ၾကီးထဲမွာေတာ့ အျမင့္ဆံုးေတာ့ ျမင့္တက္သြားမႈလည္း ျဖစ္လာခဲ့ပါတယ္။

ကလပ္ဟာ အသင္းသားေတြကို ဆုဖလားေအာင္ျမင္မႈအလိုက္ ဆုေၾကးေတြ ေပးေခ်ေလ့ရွိတယ္။ ခ်န္ပီယံလိဂ္နဲ႔ ပီးမီးယားလိဂ္ ေအာင္ျမင္မႈေတြအရ လီဗာပူးအသင္းဟာ လုပ္ခပိုင္း ေပးေခ်မႈမွာ အပိုဆုေၾကးေတြ ပါဝင္လာျခင္းကလည္း အခုလို ျမင့္တက္လာျခင္းရဲ႕ အစိတ္အပိုင္းတစ္ရပ္ျဖစ္တယ္။

ပရီးမီးယားလိဂ္မွာ မန္စီးတီးက လုပ္ခေပးေခ်မႈ အျမင့္ဆံုးအျဖစ္ ေပါင္ ၃၅၁ သန္း၊ လီဗာပူးက ဒုတိယအျမင့္ဆံုးအျဖစ္ ေပါင္ ၃၂၆ သန္း၊ ယူႏိုက္တက္က တတိယအျမင့္ဆံုးအျဖစ္ ေပါင္ ၂၈၄ သန္းတို႔ ရပ္တည္ေနျပီး ေနာက္မွာေတာ့ ခ်ယ္ဆီး ေပါင္ ၂၈၃ သန္း၊ အာဆင္နယ္ ေပါင္ ၂၂၅ သန္းတို႔ ရပ္တည္ေနတာျဖစ္တယ္။

ႏွစ္တုိင္းမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရယူထားႏုိင္ရင္ လုပ္ခပိုင္း ျမင့္တက္မႈကို ထိန္းထားႏုိင္မွာ ျဖစ္ေသာ္လည္း တစ္ရာသီေလာက္ ဥေရာပ အဆင့္ျမင့္ျပိဳင္ပြဲကို လြဲေခ်ာ္မယ္ဆိုရင္ေတာ့ ကလပ္ရဲ႕ ဟန္ခ်က္ညီမႈကို ၾကီးၾကီးမားမား ရိုက္ခတ္သြားႏုိင္တာ ျဖစ္ပါတယ္။