လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်ဖို့ ကြိုးစားမယ်ဆိုရင် အက်စတွန်ဗီလာ တိုက်စစ်မှူး ဝက်ကင်ကိုလည်း ထည့်တွင်း စဉ်းစားမယ်လို့ ဘာမင်ဂမ်နဲ့ မာဆေးဆိုဒ် သတင်းတွေက ဖော်ပြလာပါတယ်။

အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တိုက်စစ်သမားဟာ အောက်တိုဘာတုန်းက လီဗာပူးအသင်းကို ၇-၂ ဖြင့် အနိုင်ရခဲ့စဉ်က hat-trick သွင်းယူခဲ့သူဖြစ်တယ်။ အဆိုပါ အရေးနိမ့်မှုဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လီဗာပူးအသင်းရဲ့ အဆိုးရွားဆုံးသော ဂိုးပြတ် အရေးနိမ့်မှုလည်း ဖြစ်ခဲ့ပါတယ်။

ထိုစဉ်တုန်းကတော့ ကလော့ပ်က ” အက်စတွန်ဗီလာက အတော်လေး ကောင်းပါတယ်။ ကစားကွက် တည်ဆောက်မှု ကောင်းသလို ဝက်ကင်လို လက်မှတ်ထိုး ခေါ်ယူမှုကောင်းလည်း လုပ်နိုင်ခဲ့တယ်။ ကျနေ်ာတို့ကို hat-trick သွင်းနိုင်ခဲ့တာက ကစားသမားတွေအတွက် သိပ်ကောင်းတဲ့ အမှတ်တရ ဖြစ်ခဲ့လေ့ရှိပါတယ်။

လူတိုင်းက hat-trick သွင်းနိုင်ခဲ့သလိုတောင် ခံစားရပြီး အက်စတွန်ဗီလာအတွက်တော့ သိပ်ကောင်းပါတယ်။ ကစားသမားအဖြစ် အဲ့လို အခိုက်အတန့် ခံစားရဖို့ လိုပါတယ်။ ဝက်ကင်က တကယ်ကို အလားအလာရှိတဲ့ တိုက်စစ်မှူးပဲဖြစ်ပါတယ်။

မန်နေဂျာအဖြစ် သူ့အကြောင်းကို အရင်တည်းက သိပါတယ်။ သူဝက်ကင်က သိပ်ကောင်းတဲ့ လက်မှတ်ထိုးမှုဖြစ်ပါတယ်။ ဘရတ်ဖိုဒ့် တိုက်စစ်ကလည်း သိပ်ကိုကောင်းခဲ့ပြီး သူက ဗီလာနဲ့ အံဝင်ခဲ့တယ်။ သူက ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး ဘောလုံးကို ထိန်းသိမ်းနိုင်တယ်၊ အမြင့်ခုန်နိုင်တယ်၊ မြန်ဆန်တယ် သိပ်ကောင်းတဲ့ ကစားသမားပါပဲ ” လို့ ချီးကျူးခဲ့တာဖြစ်တယ်။

အက်စတွန်ဗီလာဟာ ဝက်ကင်ကို ခေါ်ယူနိုင်ဖို့ ဘရတ်ဖိုဒ့်အသင်းကို ပေါင် ၃၃ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေးကို ပေးခဲ့ရတာပါ။ လီဗာပူးက သူ့ကို ခေါ်ယူနိုင်မယ်ဆိုရင် အဲ့ပမာဏထက် မနည်းတဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ တိုက္စစ္ပိုင္းအတြက္ အင္အားျဖည့္ဖို႔ ၾကိဳးစားမယ္ဆိုရင္ အက္စတြန္ဗီလာ တိုက္စစ္မွဴး ဝက္ကင္ကိုလည္း ထည့္တြင္း စဥ္းစားမယ္လို႔ ဘာမင္ဂမ္နဲ႔ မာေဆးဆိုဒ္ သတင္းေတြက ေဖာ္ျပလာပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ အဂၤလန္တိုက္စစ္သမားဟာ ေအာက္တိုဘာတုန္းက လီဗာပူးအသင္းကို ၇-၂ ျဖင့္ အႏုိင္ရခဲ့စဥ္က hat-trick သြင္းယူခဲ့သူျဖစ္တယ္။ အဆိုပါ အေရးနိမ့္မႈဟာ ပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္ လီဗာပူးအသင္းရဲ႕ အဆိုးရြားဆံုးေသာ ဂိုးျပတ္ အေရးနိမ့္မႈလည္း ျဖစ္ခဲ့ပါတယ္။

ထိုစဥ္တုန္းကေတာ့ ကေလာ့ပ္က ” အက္စတြန္ဗီလာက အေတာ္ေလး ေကာင္းပါတယ္။ ကစားကြက္ တည္ေဆာက္မႈ ေကာင္းသလို ဝက္ကင္လို လက္မွတ္ထိုး ေခၚယူမႈေကာင္းလည္း လုပ္ႏုိင္ခဲ့တယ္။ က်ေန္ာတို႔ကို hat-trick သြင္းႏုိင္ခဲ့တာက ကစားသမားေတြအတြက္ သိပ္ေကာင္းတဲ့ အမွတ္တရ ျဖစ္ခဲ့ေလ့ရွိပါတယ္။

လူတိုင္းက hat-trick သြင္းႏုိင္ခဲ့သလိုေတာင္ ခံစားရျပီး အက္စတြန္ဗီလာအတြက္ေတာ့ သိပ္ေကာင္းပါတယ္။ ကစားသမားအျဖစ္ အဲ့လို အခိုက္အတန္႔ ခံစားရဖို႔ လိုပါတယ္။ ဝက္ကင္က တကယ္ကို အလားအလာရွိတဲ့ တိုက္စစ္မွဴးပဲျဖစ္ပါတယ္။

မန္ေနဂ်ာအျဖစ္ သူ႔အေၾကာင္းကို အရင္တည္းက သိပါတယ္။ သူဝက္ကင္က သိပ္ေကာင္းတဲ့ လက္မွတ္ထိုးမႈျဖစ္ပါတယ္။ ဘရတ္ဖိုဒ့္ တိုက္စစ္ကလည္း သိပ္ကိုေကာင္းခဲ့ျပီး သူက ဗီလာနဲ႔ အံဝင္ခဲ့တယ္။ သူက ရုပ္ပိုင္းဆိုင္ရာ သန္မာျပီး ေဘာလံုးကို ထိန္းသိမ္းႏုိင္တယ္၊ အျမင့္ခုန္ႏုိင္တယ္၊ ျမန္ဆန္တယ္ သိပ္ေကာင္းတဲ့ ကစားသမားပါပဲ ” လို႔ ခ်ီးက်ဴးခဲ့့တာျဖစ္တယ္။

အက္စတြန္ဗီလာဟာ ဝက္ကင္ကို ေခၚယူႏုိင္ဖို႔ ဘရတ္ဖိုဒ့္အသင္းကို ေပါင္ ၃၃ သန္းထိ ေရာက္ႏုိင္တဲ့ ေျပာင္းေရႊ႔ေၾကးကို ေပးခဲ့ရတာပါ။ လီဗာပူးက သူ႔ကို ေခၚယူႏုိင္မယ္ဆိုရင္ အဲ့ပမာဏထက္ မနည္းတဲ့ ေျပာင္းေရႊ႔ေၾကးကို ေပးႏုိင္ဖို႔ လိုအပ္မွာပဲ ျဖစ္ပါတယ္။