လီဗာပူးအသင်းဟာ တိုက်စစ်သမား ဆာလာကို လက်လွတ်ရမယ်ဆိုရင် ပြန်လည် အစားထိုးဖို့ ဒေါ့မွန်အသင်း တိုက်စစ်သမား ဆန်ချိုကို ဦးစားပေးအဖြစ် ရွေးချယ်ထားတယ်လို့ Bild က ဖော်ပြပါတယ်။

ဂျာမနီသတင်းဌာနဟာ လီဗာပူးက ဆန်ချိုကို စိတ်ဝင်စား စောင့်ကြည့်နေတဲ့ သတင်းတွေကို မကြာခဏ ဖော်ပြခဲ့ဖူးပါတယ်။ ၎င်းသတင်းဌာနကတော့ ကလော့ပ်ဟာ ဆန်ချိုကို အတော်လေး အထင်ကြီးသူဖြစ်ပြီး အင်္ဂလန်တိုက်စစ်သမားရဲ့ အခြေအနေကို မပြတ် စောင့်ကြည့်နေစေတယ်လို့လည်း ဖော်ပြထားတယ်။

သို့ပေမယ့် လီဗာပူးအသင်းက အင်္ဂလန်လက်ရွေးစင်ကို လက်မှတ်ထိုးဖို့အတွက် ကမ်းလှမ်းမှု လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဟာ ဆာလာ ထွက်ခွာသွာမှပဲ ဖြစ်နိုင်မယ့် အခြေအနေမှာပဲ ရှိနေဆဲဖြစ်တယ်။

ဆာလာကတော့ အနာဂတ်မှာ သူဟာ စပိန်လိဂ်ကို ပြောင်းကစားနိုင်ကြောင်း စပိန်မီဒီယာတွေကနေ ထုတ်ဖော်ထားကြတယ်။ လာလီဂါ အင်အားကြီး ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က ဘဏ္ဍာရေး ပြဿနာတွေ ရှိထားသလို ၎င်းတို့ ငွေသုံးစွဲမယ်ဆိုရင်တောင် အသက် ၂၈ နှစ်အရွယ် ဆာလာထက် အမ်ဘတ်ပီ၊ ဟာလန်းတို့လို လူငယ် တိုက်စစ်သမားတွေကိုပဲ ဦးတည်ဖွယ်ရှိတယ်။

ကပ်ဘေးအတွင်း ဘဏ္ဍာရေး အထိနာခဲ့တဲ့ ဥရောပထိပ်သီးတွေဟာ ဥရောပစူပါလိဂ်ကို စတင်ဖို့ ကြိုးစားပေမယ့် ကနဦး ကာလမှာပဲ ပြိုကွဲခဲ့ရပါတယ်။ လီဗာပူးက ပိုင်ရှင်ဖြစ်သူကိုယ်တိုင် ပရိသတ်တွေကို တရားဝင် တောင်းပန်မှုဖြင့် နုတ်ထွက်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကတော့ တရားဝင် နုတ်ထွက်ထားခြင်း မရှိသေးပါဘူး။

မနှစ်တုန်းက ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပြီး ဒေါ့မွန်ဘက်က ယူရို ၁၂၀ သန်းထိ တောင်းခံခဲ့တယ်။ ဒီနွေမှာတော့ အဲ့ပမာဏထက် နည်းပါးနိုင်မယ်လို့ သိထားရပြီး ကစားသမားအတွက် အပြိုင်ကမ်းလှမ်းမှု ရှိမလာရင်တောင်မှ ကပ်ဘေးကြား ဘဏ္ဍာရေး ထိခိုက်ထားကာ ချန်ပီယံလိဂ်ဝင်ခွင့်လည်း မသေချာဖြစ်နေတဲ့ လီဗာပူးအသင်းဟာ ကစားသမား ရောင်းချမှု မပါဘဲ ဆန်ချိုအတွက် ဒေါ့မွန်တောင်းကြေးကို ပေးနိုင်ဖို့ ခက်ခဲနေမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ တိုက္စစ္သမား ဆာလာကို လက္လြတ္ရမယ္ဆိုရင္ ျပန္လည္ အစားထိုးဖို႔ ေဒါ့မြန္အသင္း တိုက္စစ္သမား ဆန္ခ်ိဳကို ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားတယ္လို႔ Bild က ေဖာ္ျပပါတယ္။

ဂ်ာမနီသတင္းဌာနဟာ လီဗာပူးက ဆန္ခ်ိဳကို စိတ္ဝင္စား ေစာင့္ၾကည့္ေနတဲ့ သတင္းေတြကို မၾကာခဏ ေဖာ္ျပခဲ့ဖူးပါတယ္။ ၄င္းသတင္းဌာနကေတာ့ ကေလာ့ပ္ဟာ ဆန္ခ်ိဳကို အေတာ္ေလး အထင္ၾကီးသူျဖစ္ျပီး အဂၤလန္တိုက္စစ္သမားရဲ႕ အေျခအေနကို မျပတ္ ေစာင့္ၾကည့္ေနေစတယ္လို႔လည္း ေဖာ္ျပထားတယ္။

သို႔ေပမယ့္ လီဗာပူးအသင္းက အဂၤလန္လက္ေရြးစင္ကို လက္မွတ္ထိုးဖို႔အတြက္ ကမ္းလွမ္းမႈ လုပ္ႏုိင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းဟာ ဆာလာ ထြက္ခြာသြာမွပဲ ျဖစ္ႏုိင္မယ့္ အေျခအေနမွာပဲ ရွိေနဆဲျဖစ္တယ္။

ဆာလာကေတာ့ အနာဂတ္မွာ သူဟာ စပိန္လိဂ္ကို ေျပာင္းကစားႏုိင္ေၾကာင္း စပိန္မီဒီယာေတြကေန ထုတ္ေဖာ္ထားၾကတယ္။ လာလီဂါ အင္အားၾကီး ကလပ္ေတြျဖစ္တဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔က ဘ႑ာေရး ျပႆနာေတြ ရွိထားသလို ၄င္းတို႔ ေငြသံုးစြဲမယ္ဆိုရင္ေတာင္ အသက္ ၂၈ ႏွစ္အရြယ္ ဆာလာထက္ အမ္ဘတ္ပီ၊ ဟာလန္းတို႔လို လူငယ္ တိုက္စစ္သမားေတြကိုပဲ ဦးတည္ဖြယ္ရွိတယ္။

ကပ္ေဘးအတြင္း ဘ႑ာေရး အထိနာခဲ့တဲ့ ဥေရာပထိပ္သီးေတြဟာ ဥေရာပစူပါလိဂ္ကို စတင္ဖို႔ ၾကိဳးစားေပမယ့္ ကနဦး ကာလမွာပဲ ျပိဳကြဲခဲ့ရပါတယ္။ လီဗာပူးက ပိုင္ရွင္ျဖစ္သူကိုယ္တိုင္ ပရိသတ္ေတြကို တရားဝင္ ေတာင္းပန္မႈျဖင့္ ႏုတ္ထြက္ခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာကေတာ့ တရားဝင္ ႏုတ္ထြက္ထားျခင္း မရွိေသးပါဘူး။

မႏွစ္တုန္းက ယူႏုိက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ ၾကိဳးစားခဲ့ေသးျပီး ေဒါ့မြန္ဘက္က ယူရို ၁၂၀ သန္းထိ ေတာင္းခံခဲ့တယ္။ ဒီေႏြမွာေတာ့ အဲ့ပမာဏထက္ နည္းပါးႏုိင္မယ္လို႔ သိထားရျပီး ကစားသမားအတြက္ အျပိဳင္ကမ္းလွမ္းမႈ ရွိမလာရင္ေတာင္မွ ကပ္ေဘးၾကား ဘ႑ာေရး ထိခိုက္ထားကာ ခ်န္ပီယံလိဂ္ဝင္ခြင့္လည္း မေသခ်ာျဖစ္ေနတဲ့ လီဗာပူးအသင္းဟာ ကစားသမား ေရာင္းခ်မႈ မပါဘဲ ဆန္ခ်ိဳအတြက္ ေဒါ့မြန္ေတာင္းေၾကးကို ေပးႏုိင္ဖို႔ ခက္ခဲေနမွာ ျဖစ္ပါတယ္။