ချန်ပီယံလိဂ် အောင်မြင်ခဲ့သလို ကလပ်သမိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကိုလည်း အနိုင်ရခဲ့တဲ့ လက်ရှိ လီဗာပူးအသင်းဟာ သမိုင်းတစ်လျှောက် အကြီးဆုံး စိန်ခေါ်မှုကို ရင်ဆိုင်လာရပြီဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အကုန်မှာတော့ လီဗာပူး စီနီယာအသင်းသား အများအပြားပါတဲ့ ကစားသမား ၁၃ ဦး နီးပါးဟာ သူတို့ စာချုပ်တွေရဲ့ နောက်ဆုံး ကာလတွေကို ရောက်လာမှာဖြစ်တယ်။ အဆိုပါ ကစားသမား ၁၃ ဦးဟာ ၂၀၂၂ (သို့) ၂၀၂၃ ခုနှစ်တွေမှာ လီဗာပူးအသင်းနဲ့ စာချုပ်တွေ ကုန်ဆုံးကြပါမယ်။

ဒီရာသီကုန်မှာ ဝိုက်နယ်ဒမ်၊ လာရိုစီ၊ အတ်ဒရီယန်လို ကစားသမားတွေက လီဗာပူးနဲ့ စာချုပ်ကုန်မှာဖြစ်တယ်။ ဒီရာသီကုန်မှာပဲ လီဗာပူးဘက်က ရှော်ကေးကနေ အငှားခေါ်ယူထားတဲ့ ခါဘတ်ရဲ့ အနာဂတ် ကိစ္စအပေါ်မှာလည်း ရှင်းလင်းတဲ့ ဆုံးဖြတ်ချက် ပြုလုပ်ရမှာဖြစ်တယ်။

သို့ပေမယ့် ၂၀၂၃ ခုနှစ်မှာ လီဗာပူးနဲ့ စာချုပ်ကုန်မယ့် ကစားသမားတွေထဲမှာ ဂျိမ်းမီလ်နာ၊ ဟန်ဒါဆန်၊ ရှာကွီရီ၊ ဗန်ဒိုက်၊ ဖာမင်နို၊ ချိန်ဘာလိန်၊ ဆာလာ၊ မာနေး၊ ဖာဘင်ညို၊ ကိတ်တာလို စီနီယာအသင်းသားတွေက ကားရီယက်စ်၊ ဂလယ်ဟာ၊ ဝုဒ်ဘမ်း တို့နှင့်အတူ ပါဝင်နေတာပါ။

ဒီနှစ်နှစ်အတွင်း စာချုပ်ကုန်မယ့် ကစားသမားတွေထဲမှာ ပွဲထွက်ခွင့်ရ ကစားသမား အများအပြား ပါဝင်လာခြင်းက လီဗာပူးအတွက် စိန်ခေါ်မှုဖြစ်လာနေတယ်။ ဒီကစားသမားတွေကို ဆက်ထိန်းနိုင်ရေးက ကလပ်ရဲ့ ဦးစားပေးဖြစ်လာမလား၊ လူစာရင်းကို ပြန်တည်ဆောက်မှုမျိုး မြင်ရမလားကို ဒီနွေမှာ မြင်ရမှာဖြစ်တယ်။

လီဗာပူးအသင်းရဲ့ မနှစ်တုန်းက လုပ်ခပေးချေမှုမှာ ပေါင် ၃၁၀ သန်းကနေ ပေါင် ၃၂၆ သန်းထိ တိုးမြင့်လာခဲ့တယ်။ ဒါပေမယ့်လို့ အထက်က ကစားသမား ၁၃ ဦးထဲက ဗန်ဒိုက်၊ ဆာလာ၊ မာနေး၊ ဖာဘင်ညိုလို စီနီယာမျိုးကို သက်တမ်းတိုးမယ်ဆိုပါက လုပ်ခပိုင်းဟာ ဆက်လက် မြင့်တက်လာဦးမှာဖြစ်တယ်။

ဥရောပအဓိက ပြိုင်ပွဲကြီး မကစားနိုင်ချိန်မှာ ထိပ်တန်း ကစားသမားတွေရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးရဖို့ ရှိလာခြင်းကြောင့် လီဗာပူးအသင်းရဲ့ လူစာရင်း စီမံသူတွေအဖို့တော့ အတော်လေး ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်လာရခြင်းပဲ ဖြစ်လာပါလိမ့်မယ်။

ZAWGYI

ခ်န္ပီယံလိဂ္ ေအာင္ျမင္ခဲ့သလို ကလပ္သမိုင္း ပထမဆံုးအၾကိမ္အျဖစ္ ပရီးမီးယားလိဂ္ဖလားကိုလည္း အႏုိင္ရခဲ့တဲ့ လက္ရွိ လီဗာပူးအသင္းဟာ သမိုင္းတစ္ေလွ်ာက္ အၾကီးဆံုး စိန္ေခၚမႈကို ရင္ဆိုင္လာရျပီျဖစ္ပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ အကုန္မွာေတာ့ လီဗာပူး စီနီယာအသင္းသား အမ်ားအျပားပါတဲ့ ကစားသမား ၁၃ ဦး နီးပါးဟာ သူတို႔ စာခ်ဳပ္ေတြရဲ႕ ေနာက္ဆံုး ကာလေတြကို ေရာက္လာမွာျဖစ္တယ္။ အဆိုပါ ကစားသမား ၁၃ ဦးဟာ ၂၀၂၂ (သို႔) ၂၀၂၃ ခုႏွစ္ေတြမွာ လီဗာပူးအသင္းနဲ႔ စာခ်ဳပ္ေတြ ကုန္ဆံုးၾကပါမယ္။

ဒီရာသီကုန္မွာ ဝိုက္နယ္ဒမ္၊ လာရိုစီ၊ အတ္ဒရီယန္လို ကစားသမားေတြက လီဗာပူးနဲ႔ စာခ်ဳပ္ကုန္မွာျဖစ္တယ္။ ဒီရာသီကုန္မွာပဲ လီဗာပူးဘက္က ေရွာ္ေကးကေန အငွားေခၚယူထားတဲ့ ခါဘတ္ရဲ႕ အနာဂတ္ ကိစၥအေပၚမွာလည္း ရွင္းလင္းတဲ့ ဆံုးျဖတ္ခ်က္ ျပဳလုပ္ရမွာျဖစ္တယ္။

သို႔ေပမယ့္ ၂၀၂၃ ခုႏွစ္မွာ လီဗာပူးနဲ႔ စာခ်ဳပ္ကုန္မယ့္ ကစားသမားေတြထဲမွာ ဂ်ိမ္းမီလ္နာ၊ ဟန္ဒါဆန္၊ ရွာကီြရီ၊ ဗန္ဒိုက္၊ ဖာမင္ႏို၊ ခ်ိန္ဘာလိန္၊ ဆာလာ၊ မာေနး၊ ဖာဘင္ညိဳ၊ ကိတ္တာလို စီနီယာအသင္းသားေတြက ကားရီယက္စ္၊ ဂလယ္ဟာ၊ ဝုဒ္ဘမ္း တို႔ႏွင့္အတူ ပါဝင္ေနတာပါ။

ဒီႏွစ္ႏွစ္အတြင္း စာခ်ဳပ္ကုန္မယ့္ ကစားသမားေတြထဲမွာ ပြဲထြက္ခြင့္ရ ကစားသမား အမ်ားအျပား ပါဝင္လာျခင္းက လီဗာပူးအတြက္ စိန္ေခၚမႈျဖစ္လာေနတယ္။ ဒီကစားသမားေတြကို ဆက္ထိန္းႏုိင္ေရးက ကလပ္ရဲ႕ ဦးစားေပးျဖစ္လာမလား၊ လူစာရင္းကို ျပန္တည္ေဆာက္မႈမ်ိဳး ျမင္ရမလားကို ဒီေႏြမွာ ျမင္ရမွာျဖစ္တယ္။

လီဗာပူးအသင္းရဲ႕ မႏွစ္တုန္းက လုပ္ခေပးေခ်မႈမွာ ေပါင္ ၃၁၀ သန္းကေန ေပါင္ ၃၂၆ သန္းထိ တိုးျမင့္လာခဲ့တယ္။ ဒါေပမယ့္လို႔ အထက္က ကစားသမား ၁၃ ဦးထဲက ဗန္ဒိုက္၊ ဆာလာ၊ မာေနး၊ ဖာဘင္ညိဳလို စီနီယာမ်ိဳးကို သက္တမ္းတိုးမယ္ဆိုပါက လုပ္ခပိုင္းဟာ ဆက္လက္ ျမင့္တက္လာဦးမွာျဖစ္တယ္။

ဥေရာပအဓိက ျပိဳင္ပြဲၾကီး မကစားႏုိင္ခ်ိန္မွာ ထိပ္တန္း ကစားသမားေတြရဲ႕ အနာဂတ္ကို ဆံုးျဖတ္ေပးရဖို႔ ရွိလာျခင္းေၾကာင့္ လီဗာပူးအသင္းရဲ႕ လူစာရင္း စီမံသူေတြအဖို႔ေတာ့ အေတာ္ေလး ၾကီးမားတဲ့ စိန္ေခၚမႈကို ရင္ဆိုင္လာရျခင္းပဲ ျဖစ္လာပါလိမ့္မယ္။