လီဗာပူးအသင်းဟာ ၂၀၂၀ မေလ ၃၁ ရက်နေ့ စာရင်းချုပ်တဲ့ ကလပ်ရဲ့ ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ပေးခဲ့ပြီး ပေါင် ၄၆ သန်း အရှူံးပေါ်တယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်ဖလား အောင်မြင်မှုနောက်ပိုင်းမှာ လီဗာပူးအသင်းဟာ စီးပွားရေးဆိုင်ရာ ပါတနာအသစ် ၈ ခုနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ အဆိုပါကာလအတွင်း ကလပ်ရဲ့ ကာလရှည် ပါတနာဖြစ်တဲ့ Carlsberg နှင့်လည်း သက်တမ်းတိုးမှု အောင်မြင်ခဲ့သေးတာဖြစ်ပါတယ်။

ကိုဗစ်ကာလနှင့် နောက်ဆုံး သုံးလပတ်အတွက် ငွေစာရင်းမှာတော့ မီဒီယာပိုင်း ဝင်ငွေမှာ ပေါင် ၂၀၂ သန်းကနေ ပေါင် ၅၉ သန်းထိ ကျဆင်းခဲ့ပြီး ပွဲနေ့ ဝင်ငွေမှာလည်း ပေါင် ၇၁ သန်းကနေ ပေါင် ၁၃ သန်းထိ ကျဆင်းခဲ့တယ်။ စီးပွားရေးပိုင်း ပါတနာကနေတော့ ပေါင် ၂၉ သန်း ရမှုကနေ ပေါင် ၂၁၇ သန်းထိ တိုးမြှင့်ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တတိယမြောက် လုပ်ခအများဆုံး အသင်းဖြစ်တဲ့ လီဗာပူးဟာ ယခင်ပေးချေနေရတဲ့ တစ်နှစ်လုပ်ခ ပေါင် ၃၁၀ သန်းကနေ လိဂ်ရဲ့ ဒုတိယ လုပ်ခအမြင့်ဆုံး အသင်းအဖြစ် ပေါင် ၃၂၆ သန်းထိ မြင့်တက်လာခဲ့တယ်။ ကလပ်ရဲ့ အဆုံးသတ် ရှင်းတမ်းမှာတော့ အခွန်မဆောင်ခင်မှာပဲ ပေါင် ၄၆ သန်း အရံှူးပေါ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ထိုင်လန်၊ စင်္ကာပူနဲ့ ဗီယက်နမ်တို့မှာ အသင်းပိုင် စတိုးတွေကို တိုးချဲ့နိုင်မှုခဲ့တယ်။ ယူကျူ အပါအဝင် ဆိုရှယ်မီဒီယာတွေမှာ ပရိသတ်သစ်တွေလည်း အများအပြားကို တိုးချဲ့ရရှိခဲ့ပါတယ်။ မနှစ်က ကလပ်ရဲ့ ပရီးမီးယားလိဂ်အောင်မြင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဝတ်ဆင်တဲ့ Nike အိမ်ကွင်းဂျာစီဟာဆိုရင် စံချိန်တင် ရောင်းချရမှုပါ ရှိခဲ့တယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၂၀ ေမလ ၃၁ ရက္ေန႔ စာရင္းခ်ဳပ္တဲ့ ကလပ္ရဲ႕ ဘ႑ာေရးရွင္းတမ္းကို ထုတ္ျပန္ေပးခဲ့ျပီး ေပါင္ ၄၆ သန္း အရွံဴးေပၚတယ္လို႔ သိရပါတယ္။

ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္မႈေနာက္ပိုင္းမွာ လီဗာပူးအသင္းဟာ စီးပြားေရးဆိုင္ရာ ပါတနာအသစ္ ၈ ခုနဲ႔ လက္မွတ္ေရးထိုးႏုိင္ခဲ့တယ္။ အဆိုပါကာလအတြင္း ကလပ္ရဲ႕ ကာလရွည္ ပါတနာျဖစ္တဲ့ Carlsberg ႏွင့္လည္း သက္တမ္းတိုးမႈ ေအာင္ျမင္ခဲ့ေသးတာျဖစ္ပါတယ္။

ကိုဗစ္ကာလႏွင့္ ေနာက္ဆံုး သံုးလပတ္အတြက္ ေငြစာရင္းမွာေတာ့ မီဒီယာပိုင္း ဝင္ေငြမွာ ေပါင္ ၂၀၂ သန္းကေန ေပါင္ ၅၉ သန္းထိ က်ဆင္းခဲ့ျပီး ပြဲေန႔ ဝင္ေငြမွာလည္း ေပါင္ ၇၁ သန္းကေန ေပါင္ ၁၃ သန္းထိ က်ဆင္းခဲ့တယ္။ စီးပြားေရးပိုင္း ပါတနာကေနေတာ့ ေပါင္ ၂၉ သန္း ရမႈကေန ေပါင္ ၂၁၇ သန္းထိ တိုးျမွင့္ရရွိခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ တတိယေျမာက္ လုပ္ခအမ်ားဆံုး အသင္းျဖစ္တဲ့ လီဗာပူးဟာ ယခင္ေပးေခ်ေနရတဲ့ တစ္ႏွစ္လုပ္ခ ေပါင္ ၃၁၀ သန္းကေန လိဂ္ရဲ႕ ဒုတိယ လုပ္ခအျမင့္ဆံုး အသင္းအျဖစ္ ေပါင္ ၃၂၆ သန္းထိ ျမင့္တက္လာခဲ့တယ္။ ကလပ္ရဲ႕ အဆံုးသတ္ ရွင္းတမ္းမွာေတာ့ အခြန္မေဆာင္ခင္မွာပဲ ေပါင္ ၄၆ သန္း အရံွဴးေပၚခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ထိုင္လန္၊ စကၤာပူနဲ႔ ဗီယက္နမ္တို႔မွာ အသင္းပိုင္ စတိုးေတြကို တိုးခ်ဲ႔ႏုိင္မႈခဲ့တယ္။ ယူက်ဴ အပါအဝင္ ဆိုရွယ္မီဒီယာေတြမွာ ပရိသတ္သစ္ေတြလည္း အမ်ားအျပားကို တိုးခ်ဲ႔ရရွိခဲ့ပါတယ္။ မႏွစ္က ကလပ္ရဲ႕ ပရီးမီးယားလိဂ္ေအာင္ျမင္ျပီးေနာက္ပိုင္း ပထမဆံုးအၾကိမ္ ဝတ္ဆင္တဲ့ Nike အိမ္ကြင္းဂ်ာစီဟာဆိုရင္ စံခ်ိန္တင္ ေရာင္းခ်ရမႈပါ ရွိခဲ့တယ္လို႔ သိရပါတယ္။