၂၀၂၀-၂၀၂၁ ခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ရာသီကုန် အဆင့်ရပ်တည်မှုနဲ့ ပက်သက်ပြီး စူပါကွန်ပြူတာက စစ်ထုတ်မှု တစ်ခု ပြုလုပ်သွားပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ် ၄ သင်း၊ တန်းဆင်းဇုန် ကလပ် ၃ သင်းတို့ အပါအဝင် ကလပ် ရပ်တည်မှု ၂၀ လုံးအတွက် ကြိုတင်ဟောကိန်းတစ်ခု ပြုလုပ်သွားတာပါ။ အဆိုပါ ဟောကိန်းမှာတော့ နယူးကာဆယ်ကို ၁-၁ ရလဒ်ပဲ ယူထားနိုင်တဲ့ လီဗာပူးဟာ အဆင့် လေး ပြင်ပမှာပဲ ရပ်တည်မယ်လို့ ဖော်ပြခဲ့တာဖြစ်တယ်။

ဒီအပတ်မှာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် လီဗာပူးအသင်းဟာ နောက်ထပ် ပွဲစဉ်တွေအဖြစ် ဆောက်သမ်တန်၊ ဝက်စ်ဘရွန်း၊ ဘန်လေ၊ ပဲလေစ့်တို့ဖြင့် ယှဉ်ပြိုင်သွားရမှာဖြစ်တယ်။ အမှတ်ပေးဇယား အဆင့် ၄ နေရာက ချယ်ဆီးနှင့် ၄ မှတ်ကွာဟနေတာကြောင့် လက်ကျန်ပွဲ ၅ ပွဲမှာ အနည်းဆုံး ပွဲစဉ်အားလုံး အနိုင်ရဖို့ လိုအပ်နေမှာဖြစ်ပါတယ်။

စူပါကွန်ပြူတာကတော့ လီဗာပူးဟာ ရာသီကုန်မှာ အဆင့် ၅ နေရာမှာပဲ ရပ်တည်နိုင်မယ်လို့ ဖော်ပြခဲ့ပြီး ချယ်ဆီးနောက် ၂ မှတ်အကွာက ရာသီသိမ်းမယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ လာမယ့်ရာသီမှာ လီဗာပူးအသင်းဟာ ယူရိုပါလိဂ် ဝင်ခွင့်ရရှိနိုင်ဦးမှာဖြစ်တယ်။

လာမယ့်ရာသီမှာတော့ ဥရောပပြိုင်ပွဲတွေအဖြစ် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ တတိယမြောက် ဥရောပပြိုင်ပွဲလည်း ပေါ်ထွက်လာဦးမှာပါ။ လက်ရှိ လီဗာပူးအသင်းရဲ့ အနေအထားအရ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်နေရသလို ယူရိုပါလိဂ်ပါ မဝင်ခဲ့ဘူးဆိုရင်တော့ တတိယမြောက် ဥရောပပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ခုႏွစ္ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ ရာသီကုန္ အဆင့္ရပ္တည္မႈနဲ႔ ပက္သက္ျပီး စူပါကြန္ျပဴတာက စစ္ထုတ္မႈ တစ္ခု ျပဳလုပ္သြားပါတယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္ရ ကလပ္ ၄ သင္း၊ တန္းဆင္းဇုန္ ကလပ္ ၃ သင္းတို႔ အပါအဝင္ ကလပ္ ရပ္တည္မႈ ၂၀ လံုးအတြက္ ၾကိဳတင္ေဟာကိန္းတစ္ခု ျပဳလုပ္သြားတာပါ။ အဆိုပါ ေဟာကိန္းမွာေတာ့ နယူးကာဆယ္ကို ၁-၁ ရလဒ္ပဲ ယူထားႏုိင္တဲ့ လီဗာပူးဟာ အဆင့္ ေလး ျပင္ပမွာပဲ ရပ္တည္မယ္လို႔ ေဖာ္ျပခဲ့တာျဖစ္တယ္။

ဒီအပတ္မွာ ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးအသင္းဟာ ေနာက္ထပ္ ပြဲစဥ္ေတြအျဖစ္ ေဆာက္သမ္တန္၊ ဝက္စ္ဘရြန္း၊ ဘန္ေလ၊ ပဲေလစ့္တို႔ျဖင့္ ယွဥ္ျပိဳင္သြားရမွာျဖစ္တယ္။ အမွတ္ေပးဇယား အဆင့္ ၄ ေနရာက ခ်ယ္ဆီးႏွင့္ ၄ မွတ္ကြာဟေနတာေၾကာင့္ လက္က်န္ပြဲ ၅ ပြဲမွာ အနည္းဆံုး ပြဲစဥ္အားလံုး အႏုိင္ရဖို႔ လိုအပ္ေနမွာျဖစ္ပါတယ္။

စူပါကြန္ျပဴတာကေတာ့ လီဗာပူးဟာ ရာသီကုန္မွာ အဆင့္ ၅ ေနရာမွာပဲ ရပ္တည္ႏုိင္မယ္လို႔ ေဖာ္ျပခဲ့ျပီး ခ်ယ္ဆီးေနာက္ ၂ မွတ္အကြာက ရာသီသိမ္းမယ္လို႔ ဆိုပါတယ္။ ဒါဆိုရင္ေတာ့ လာမယ့္ရာသီမွာ လီဗာပူးအသင္းဟာ ယူရိုပါလိဂ္ ဝင္ခြင့္ရရွိႏုိင္ဦးမွာျဖစ္တယ္။

လာမယ့္ရာသီမွာေတာ့ ဥေရာပျပိဳင္ပြဲေတြအျဖစ္ ခ်န္ပီယံလိဂ္၊ ယူရိုပါလိဂ္နဲ႔ တတိယေျမာက္ ဥေရာပျပိဳင္ပြဲလည္း ေပၚထြက္လာဦးမွာပါ။ လက္ရွိ လီဗာပူးအသင္းရဲ႕ အေနအထားအရ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စိုးရိမ္ေနရသလို ယူရိုပါလိဂ္ပါ မဝင္ခဲ့ဘူးဆိုရင္ေတာ့ တတိယေျမာက္ ဥေရာပျပိဳင္ပြဲမွာ ပါဝင္ ယွဥ္ျပိဳင္သြားရမွာျဖစ္ပါတယ္။